For Users



“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။

HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။

HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။
HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။ တိုက်ရိုက် Download Link များလိုချင်သူများ အတွက် HWH News v4.4 http://www28.zippyshare.com/v/56152148/file.html HWH Feel v4.4 http://www28.zippyshare.com/v/32022878/file.html HWH U v3.3 http://www28.zippyshare.com/v/89602710/file.html HWH For Windows XP/7/8 http://www42.zippyshare.com/v/45555730/file.html

Download ဆွဲနည်း

Download ဆွဲနည်း
Download ဆွဲနည်း

Saturday 10 May 2014

မနက်ဖြန်(၁၀.၅.၂၀၁၄) မအူပင်လာမယ်ဆိုလို့ အမေစုသို့ အိတ်ဖွင့်ပေးစာ ►“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”

`အမေစုသို့ အိတ်ဖွင့်ပေးစာ´
  အမေ မနက်ဖြန်(၁၀.၅.၂၀၁၄) အမေ မအူပင်လာမယ်ဆိုလို့ ကျွန်တော်ဖေ့စ်ဘုတ်ကနေတဆင့် အမေ့ကိုပြောချင်တာလေးတွေရှိလို့ ရေးတင်လိုက်ရပါတယ်။ ကျွန်တော်အကြောင်းကိစ္စလေးတွေေ
ကြာင့် အမေကိုယ်တိုင်တက်ရောက်တဲ့ပွဲကို မတက်ရောက်နိုင်တာတော့ ခွင့်လွှတ်ပါလို့ ဦးစွာတောင်းပန်ပါရစေ အမေ။
အမေ ကျွန်တော်က မအူပင်သားမဟုတ်ပေမယ့် မအူပင်မြို့ကို နာဂစ်မုန်တိုင်းမတိုင်ခင်ကတည်းက အခုချိန်အထိရောက်ရှိနေတော့ မြို့သားတစ်ရောက်လိုဖြစ်နေပြီဆိုရင်လည်း မမှားဘူးပေါ့ အမေ။ ကျွန်တော်ဒီမြို့ကနေပဲ ဒီမြို့အတွက်ကိုသာ ရေးပါရစေ အမေ။
 အရင်ဆုံးပြောချင်တာကတော့ လာမယ့် ၂၀၁၅ရွေးကောက်ပွဲ အကြောင်းပါ။ ပြီးခဲ့တဲ့ ကြားဖြတ်ရွေးကောက်ပွဲမှာ အမေတို့ပါတီက အနိုင်ရခဲ့တဲ့အတွက် လွန်စွာဝမ်းသာမိပါတယ် အမေ။ အဆိုပါ ကြားဖြတ်ရွေးကောက်ပွဲမှာလဲ ကျွန်တော် အတိုင်းအတာတစ်ခုထိ NLDပါတီ အတွက် (အောင်နိုင်ရေးအသင်းဝင်မဟုတ်ခဲ့ပေမယ့်)လူမသိ သူမသိ ကူညီပေးခဲ့ရတဲ့အတွက် ကိုယ့်ကိုကိုယ် ဂုဏ်ယူမဆုံးဖြစ်ခဲ့ရပါတယ် အမေ။ အဲဒီအတွက် ပေးဆပ်ခဲ့ရတာတွေရှိသော်လည်း ကျေနပ်ပါတယ် အမေ။
အမေတို့ပါတီ အနိုင်ရပြီး လွှတ်တော်ထဲရောက်လာခဲ့တာ ၀မ်းသာဂုဏ်ယူမဆုံးဖြစ်သူတွေထဲမှာလည်း ကျွန်တော်တစ်ယောက် အပါအ၀င်ပါ။ဒါပေမယ့် အမေ  မအူပင်မြို့မှာ NLDပါတီကြားဖြတ်ရွေးကောက်ပွဲအနိုင်ရပြီးချိန်မှာတော့ အမေ့ပါတီ အတွင်းဘာတွေများဖြစ်သွားခဲ့သလဲဆိုတာ အမေသတိထားမိခဲ့ရဲ့လားဆိုတာ ကျွန်တော်သိချင်ပါတယ် အမေ။ကျွန်တော်ဘာတစ်ခုမှ ဂဃနဏမသိပေမယ့် ပါတီအတွင်းစည်းပြိုကွဲနေပြီလို့တော့ သတိထားမိခဲ့ပါတယ် အမေ။
နောက်တစ်ခုကတော့ အမေ ၂၀၁၅ရွေးကောက်ပွဲရောက်ရင်တော့ ကျွန်တော်တစ်ခုတောင်းဆိုပါရစေလား အမေ။ ရွေးကောက်ခံကိုယ်စားလှယ်ကို ကိုယ့်မြို့သားစစ်စစ်(ဒါမှမဟုတ် မြို့မှာအချိန်ကြာမြင့်စွာ အခြေကျနေထိုင်သူ)ကိုသာ ကိုယ်စားလှယ်လောင်းအဖြစ်ထားရှိစေချင်ပါတယ် အမေ။ ဒါမှမြို့အကြောင်းကိုအလုံးစုံသိပြီး မြို့သူ/မြို့သားတွေရဲ့ အခက်အခဲတွေကို ကူညီနိုင်မှာပေါ့ အမေ။
 စာအရတော့ အမေ့ကို ကျွန်တော်ဆရာလုပ်နေတယ်ထင်ရင်တော့ တောင်းပန်ပါတယ်နော် ကျွန်တော့်မျိုးဆက်မှာ ကျွန်တော့်အဖိုးကနိုင်ငံရေးအကြောင်းတွေကို ကျွန်တော်လူမှန်းသိတတ်စအရွယ်ကတည်းက ပြောပြခဲ့တာပါ ကျွန်တော် အကြောင်းကြောင်းကြောင့်နိုင်ငံရေးမလုပ်နိုင်သေးပေမယ့် နိုင်ငံသားတိုင်းနိုင်ငံရေးကို စိတ်ဝင်စားသင့်သလို ကျွန်တော်စိတ်ဝင်စားပါတယ်။ တချိန်ချိန်ကျရင်တော့ နိုင်ငံရေးလောကတည်းကို အဖိုးဖြစ်စေချင်တဲ့ အတိုင်းဝင်ရောက်လာမှာပါ အမေ။
 အမေ မအူပင်မြို့ကို ရောက်တုန်းရောက်ခိုက် NLDပါတီရဲ့ ပါတီအတွင်းစည်းရုံးရေးကို ခိုင်မာအောင်ပြုလုပ်ပေးခဲ့ နိုင်ပါစေလို့ ကျွန်တော်ဆုတောင်းပေးပါတယ် အမေ။
                   
        အမေ အန္တရာယ်ကင်းလို့ ဘေးကင်းပါစေလို့ ဆုတောင်းရင်း

                                                                               ကိုသူရ      မအူပင်မြို့
>>>>>>>>>>>>>>>>>>>>>

“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။
 

No comments:

Post a Comment