ယခင်ကအချိန်တုံးက ကိုမြင့်မောင်တစ်ယောက်
ကုက္ကိုကုန်းရွာ ရွှေဘို-မြစ်ကြီးနား ကားလမ်းဘေးမှာ
စားသောက်ဆိုင်သေးသေးနဲ့ ဘ၀ကို စတင်ခဲ့တာ
ဖြစ်ပါတယ်။ အဲ့ဒီတုန်းကတော့ ကားလမ်းက ကျောက်
ခင်းလမ်း ဆိုတော့ လမ်းပမ်းဆက်သွယ်ရေးက သိပ်မ
သာယာသေးတော့ ဆိုင်လေးက အလုပ်သိပ်မဖြစ်ပါဘူး
စားသောက်ရုံနဲ့ ကျေနပ်ရပါတယ်။
ကျွန်းရှယ်တွေခေတ်ထလာတော့ ကိုမြင့်မောင် ပွဲ
စားထလုပ်စားတော့မှ စီးပွားရေးအခြေအနေတောင့်တင်း
လာတာဖြစ်ပါတယ် လမ်းဘေးသစ်တောကြိုးဝိုင်းတွေက
ကျွန်းတွေကုန်တော့ အလုပ်မရှိတော့ အနောက်ဖက်ခြမ်း
က ရှမ်းကလုံးရွာမှာ သစ်စက်သွားထောင်ပါသေးတယ်။
ဒါပေမဲ့ အရှေ့ဘက်က ကျွန်းတွေလို စံချိန်မမှီတော့
အလုပ်မဖြစ်လို့ နားလိုက်ပါတယ်။ ဒီအချိန်မှာ တမလန်း
စကွဲယားတွေ အ၀ယ်လိုက်နေတာနဲ့ လောပန်းတွေနဲ့
ဆက်သွယ်ပြီး ပင်လည်ဘူးဘက်မှ ပစ္စည်းတွေကို လာ
သယ်တာဖြစ်ပေမဲ့ ပြောင်းလဲသွားတဲ့ ပုဒ်မကြောင့် ဒီခရီးကို
လောဘကြောင့်သာ ကြောက်ကြောက်နဲ့ ဇွတ်တိုးပြီးလုပ်
နေတာ ဖြစ်ပါတယ်။
ညအချိန်က လဆန်းရက်ဆိုပေမဲ့ မိုးဥတုနားနီးလာပြီဖြစ်
လို့ ကောင်းကင်ယံမှာ မိုးအုံ့ပြီး လမိုက်ရက်ဖြစ်နေပါသည်။
ဒါပေမဲ့ တမလန်း စကွဲယားတုံးသယ်ဆောင်လာခဲ့တဲ့ တုံဖုန်း
ကား သုံးစီးကို တင်ဆောင်လာသူ ပိုင်ရှင် ကိုမြင့်မောင်တစ်
ယောက်အဖို့တော့ ချွေးတွေပုံနေပြီဖြစ်ပါသည်. ရှေ့မှာဝိုင်း
နေတဲ့ ဓါတ်မီးတွေ အလင်းရောင်အောက်မှာ ကျီးထိုးသလို
တစ်ယောက်တစ်ပေါက်ပြောဆိုနေကြတာ
ကို ကြားနေ ရပါ
တယ် တချို့က ရဲစခန်းကို မောင်းခိုင်းနေပြီး တချို့ကကြည့်ပြီး
ဖြေရှင်းလေ ငိုင်မနေနဲ့ လို့ပြောဆိုနေကြတဲ့ အသံကို နားထဲ
မှာ ဆူညံပြီး ကိုမြင့်မောင်တစ်ယောက် ဘာမှ မပြောနိုင်အောင်
ဖြစ်နေပါတယ်။
နောက်မှ ရဲတပ်ဖွဲ့ထဲမှ ရင်းနီးတဲ့သူတစ်ယောက်ကို လှမ်း
ပြီးမြင်ရပါတယ် သူ့နာမည်က ဘရမ်ကို ဆိုတာ မှတ်မိလိုက်ပါ
တယ် တစ်ရစ်လား၊ နှစ်ရစ်လားတော့မသိပါဘူး ဒါနဲ့ပဲ နီးစပ်ပြီး
ရင်းနီးတဲ့သူဖြစ်တဲ့ ကိုဘရမ်ကို ခေါ်တဲ့ ရဲသားဆီကို ပြေးကပ်ပြီး
ဆရာကြီး ကျွန်တော်သယ်လာတဲ့ ပစ္စည်းလေးတွေကိုကြည့်ပေး
ပါဦး အဆင်ပြေအောင်ညှိပေးပါဦးလို့ တောင်းပန်တိုးလျှိုးသံနဲ့
ကိုမြင့်မောင်တစ်ယောက်ရှိခိုးဦးတင်မလုပ်ရုံတမယ်ဘဲ ရှိပါတော့
တယ် စာပေထဲမှာ သင်ခဲ့ဘူးတဲ့ ခြေသုပ်ပုဆိုး မြွေစွယ်ကျိုးဆိုတာ
ဒါကိုပြောတာဘဲလို့ တွေးမိပါတယ်။
ရဲတပ်ဖွဲ့ထဲက ကိုဘရမ်ကို ကလည်း အားကိုးရပါတယ် သူ့
အဖွဲ့တွေနဲ့ တီးတိုးညှိနှိုင်းပြီး တုံဖုန်းသုံးစီးအတွက် သိန်း ၂၀
တောင်းပါတယ် ဒါနဲ့ ရှိစုရှိမဲ့ငွေကို ထုတ်ယူပြီး ရေတွက်လိုက်တော့
နောက်ဆုံးတော့ ကားသုံးစီးအတွက် ၁၈ သိန်းနဲ့ တည့်သွားခဲ့ပါ
တယ်။အပေးအယူကိစ္စပြီးလျှင် ပြီးချင်းပဲ ကိုမြင့်မောင်တစ်ယောက်
မြို့ပေါ်နဲ့ဝေးရာကို ဒုန်းပဲမောင်းပြေးထွက်ခဲ့ပါတယ်။
မှတ်ချက် ၆.၅.၂၀၁၄ ရက်နေ့ညက အဖြစ်အပျက်မှန်ကို ...
ခံစားရေးဖွဲ့ တင်ပြပါသည်။
နိုင်းမရ(ကောလင်း)
>>>>>>>>>>>>>>>>>>>>>

ကိုမြင့်မောင်တစ်ယောက်ရှိခိုးဦ

No comments:
Post a Comment