နိုင်ငံတော်ပိုင် ကျွန်းသစ် သစ်ခွဲသားများအား ဖမ်းဆီးအရေးယူပေးပါရန် တိုင်တန်းသဖြင့် ဖမ်းဆီးပြီးနောက် ပိုင်ရှင်ဖြစ်သူမှ ၄င်း၏ဝန်ထမ်းများကို တရားခံအဖြစ် ထည့်သွင်းရန် ပြင်ဆင်နေသည့်ကိစ္စ
///////////////////////////////////////////////
အထက်ပါကိစ္စနှင့်ပတ်သက်၍ ကျွန်တော်သည် မြောင်းမြမြို့ မရမ်းကုန်းရပ်ကွက်နေ (ဘ)ဦးသန်းငွေ၏သား ဦးချစ်ထွေးဖြစ်ပါသည်။
ကျွန်တော်သည် မြောင်းမြမြို့ မရမ်းကုန်းကမ်းနားလမ်းရှိ ``သင့်မိတ်ဆွေဆန်စက်´´တွင် စက်ပြင်ဆရာအဖြစ်ဆောင်ရွက်ပြီး ဆန်စက်ဝန်းအတွင်း၌ပင် နေထိုင်သူဖြစ်ပါသည်။ဆန်စက်ပိုင်
ရှင်မှာ ဦးမောင်ကိုဖြစ်ပါသည်။ဦးမောင် ကို၏ဆန်စက်အတွင်းရှိ သိုလှောင်ခန်းများ၌ တရားမဝင်ကျွန်းသစ်ခွဲသားများရှိ သဖြင့် ကျွန်တော်သည်တာဝန်သိပြည်သူတစ်ဦးအနေဖြင့် တိုင်တန်းခဲ့ရာ ၂၄-၄-၂၀၁၄နေ့နှင့်၂၅-၄-၂၀၁၄(၂) ရက်ဆက်၍ ဖမ်းဆီးမှုများပြုလုပ်ခဲ့ရာ ခန့်မှန်းခြေကျွန်းသစ်ခွဲသား(၃. ၈၆)တန်ခန့်ကို ဖမ်းဆီးရမိခဲ့ပါသည်။
ကျွန်းသစ်ခွဲသားများဖမ်းဆီးရမိေ သာဆန်စက်မှာ ဦးမောင်ကိုပိုင်
``သင့်မိတ်ဆွေဆန်စက်´´ဖြစ်ပြီး ဆန်စက်ဝန်းအတွင်းရှိ သိုလှောင်ခန်းများတွင်
ဝှက်ထားခြင်းဖြစ်ပါသည်။ယင်းဖမ်း ဆီးမှုတွင် ဧရာဝတီတိုင်းဒေသကြီးညွှန်ကြားရေး မှူးမှ ဦးစီး၍ဖမ်းဆီးခြင်းဖြစ်ပါသည်။ တရားမဝင်ကျွန်းသစ်များဖမ်းဆီး ရမိမှုအား ကျွန်တော်မှသွားရောက်စုံစမ်းမေး မြန်းရာ ဟင်္သာတသစ်တော AD မှ ``မင်းတို့ပစ်တဲ့ကျည်ဆံကုန်သွား ပြီးလား´´ဟု မချေမငံရီသဲ့သဲ့စကားအား ကျွန်တော်ကိုပြောဆိုခဲ့ပါသည်။
ယခုအခါဦးမောင်ကို၏ စက်အတွင်းမှ ကျွန်းသစ်ခွဲသားများဖမ်းဆီးရမိ ခဲ့သဖြင့် တရားခံမှာဦးမောင်ကိုဖြစ်သင့်ပါ သည်။သို့သော်
ဦးမောင်ကိုသည် ၄င်း၏ကိုယ်စား တရားခံအဖြစ် ၄င်းစက်မှဝန်ထမ်းကို လူစားထိုး
အမည်ခံခိုင်းထားသည်ဟု ကြားသိရပါသည်။ကျွန်းသစ်ခွဲသားများသည် နိုင်ငံတော်ပိုင်ဖြစ်၍ ဥပဒေနှင့်မလွတ်ကင်းမှန်း ဦးမောင်ကိုသိပါသည်။စက်မှဝန်ထမ်းများက တရားမဝင်ကျွန်းသစ်ခွဲသားများကို ၄င်း၏စက်အတွင်း သိုလှောင်ဖွက်သိမ်းထားသည်ဆိုသည့် ကိစ္စမှာ မဖြစ်နိုင်ပါ။ဦးမောင်ကိုမသိအော င် စက်အတွင်းဝန်ထမ်းများမှ ဖွက်သိမ်းရန်မှာလည်း (၁/၂)ချောင်းမဟုတ်ပါ။(၄)တန်ခန့် ဖြစ်ပါသည်။
ကျွန်းသစ်ခွဲသားများကိုလည်း (၂)နေရာခွဲ၍ ဖမ်းဆီးရမိခြင်းဖြစ်ပါသည်။ဆန် စက်အတွင်း ကမ်းနားသို့ဆင်းသောတံတားတွင် ကုန်းဘောင်အဖြစ်(၁၂)ချောင်းဖမ်း ဆီးရမိပြီး ကျန်ကျွန်းသစ်ခွဲသားများကို ဂိုဒေါင်များအတွင်းမှ ဖမ်းဆီးရမိခြင်းဖြစ်၍ ဦးမောင်ကို၏ဝန်ထမ်းများထားရြှိ ခင်းဆိုသည်မှာ
မဖြစ်နိုင်ပါ။ကျွန်တော်သည် ဦးမောင်ကို၏ ဆန်စက်မှ ဝန်ထမ်းတစ်ဦးဖြစ်ပြီး
``ကျွန်တော်(၂)လုံးထိုးထားသည့် ဘောင်ချာဖြတ်ပိုင်းကို
ဦးမောင်ကိုအားပေးအပ်ထားလျှင် ဦးမောင်ကိုလက်ခံမည်လား´´ကျွန်း သစ်ခွဲသားများမှာ တရားမဝင်ဥပဒေနှင့်မလွတ်ကင်းသော သစ်များဖြစ်သဖြင့် ဖမ်းမိလျှင် ပြည်သူပိုင်ပစ္စည်းကာကွယ်စောင့်ေ ရှာက်ရေးဥပဒေ ပုဒ်မ(၆)အရ တရားဆွဲဆိုနိုင်သောပစ္စည်းမှန်း သိပါလျက် ဦးမောင်ကိုလက်ခံခြင်းမပြုနိုင် ပါ။အကယ်၍
အခြားတစ်စုံတစ်ဦးအား တရားခံအဖြစ် ဝင်ရောက်ခိုင်းလျှင်
ဖမ်းမိသည့်ပစ္စည်းမှာ ၄င်းပိုင်ဆန်စက်အတွင်းမှ ဖမ်းဆီးရမိခြင်းဖြစ်၍
၎င်းကိုပါ ပူးတွဲတရားစွဲဆိုရမည်ဖြစ်ပါသည်။
ကျွန်တော်သည် နိုင်ငံတော်အကျိုးအတွက် ကျွန်တော်၏အလုပ်အား မငဲ့ကွက်ပဲ သတင်းပေးဖမ်းဆီးခိုင်းသူဖြစ်ပါ သည်။ဦးမောင်ကိုထံတွင် ကျွန်းသစ်ခွဲသားများရှိကြောင်း သတင်းပေးဖမ်းဆီးလျှင် ကျွန်တော်အလုပ်ပြုတ်မည်ကိုသိပါ သည်။အလုပ်ပြုတ်လျှင် ကျွန်တော့်မိသားစု၏ စားဝတ်နေရေးထိခိုက်မည်ကိုလည်းသိ ပါသည်။သို့သော်နိုင်ငံတော်အကျိုးအတွက် သတင်းပေးတိုင်တန်းခြင်းဖြစ်ပါ သည်။ဖမ်းဆီးရမိပြီးနောက် အမှုအားရဲစခန်းသို့လွှဲအပ်မှုမရှိ သဖြင့် ဖမ်းဆီးရမိသော ကျွန်းသစ်ခွဲသားများကို လက်ဝယ်ထားရာတွင် ပါဝင်သူတွဲဖက်တရားခံများကို ဖမ်းဆီးစစ်ဆေးခြင်းမပြုနိုင်ခဲ့ ပါ။ယခုဖမ်းဆီးရမိမှုမှာ မြောင်းမြမြို့တွင် တရားမဝင်ကျွန်းသစ်ခွဲသားများ အများဆုံးဖမ်းဆီးရမိမှုလည်းဖြစ် ပါသည်။ကျွန်တော့်မိသားစုဘဝကို ရင်းပြီးတိုင်တန်းရတဲ့ကိစ္စဖြစ် သည့်အတွက် ဖမ်းဆီးထားသော ကျွန်းသစ်ခွဲသားများအတွက် တကယ့်တရားခံအစစ်အမှန်အား ဖော်ထုတ်ဖမ်းဆီးခြင်းမပြုနိုင် လျှင် နိုင်ငံတော်အတွက်အကျိုးမရှိသလို ကျွန်တော့်မိသားစုဘဝကိုရင်းပြီး တိုင်တန်းထားတဲ့ကိစ္စလည်းသဲထဲေ ရသွန်းမဖြစ်စေလိုပါ။တရားမဝင်ကျွ န်းသစ်များ ဖမ်းဆီးရမိမှုအား သတင်းသမားများမှသတင်းယူရာတွင် မြောင်းမြသစ်တောဌာနမှလူများက သတင်းယူခွင့် မှတ်တမ်းဓါတ်ပုံရိုက်ခွင့်ကိုတားမြစ်ခဲ့ပါသည်။တရားမဝင်ကျွန်း သစ်ခွဲသားများဖမ်းဆီးရမိမှုအား သတင်းစာ ဂျာနယ်ထဲသို့မထည့်ရန် ငွေပေး၍ တားမြစ်ခဲ့သည်ဟုကြားသိရပါသည်။
ထို့ကြောင့် ပြည်ထောင်စုမြန်မာနိုင်ငံတော် သမ္မတကြီးနှင့်တကွ
တာဝန်ရှိသူအဆင့်ဆင့်မှ တရားခံအားဖမ်းဆီးအရေးယူရာတွင် တရားခံအစစ်အမှန်ကိုသာ
ဖော်ထုတ်ဖမ်းဆီးအရေးယူပေးပါရန် ကျွန်တော်နှင့်မြောင်းမြတစ်မြို့ လုံးမှမိဘပြည်သူများက အဖြစ်မှန်ကိုသိခြင်း၍ တိုင်တန်းရခြင်းဖြစ်ပါသည်။
>>>>>>>>>>>>>>>>>>>>>
///////////////////////////////////////////////
အထက်ပါကိစ္စနှင့်ပတ်သက်၍ ကျွန်တော်သည် မြောင်းမြမြို့ မရမ်းကုန်းရပ်ကွက်နေ (ဘ)ဦးသန်းငွေ၏သား ဦးချစ်ထွေးဖြစ်ပါသည်။
ကျွန်တော်သည် မြောင်းမြမြို့ မရမ်းကုန်းကမ်းနားလမ်းရှိ ``သင့်မိတ်ဆွေဆန်စက်´´တွင် စက်ပြင်ဆရာအဖြစ်ဆောင်ရွက်ပြီး ဆန်စက်ဝန်းအတွင်း၌ပင် နေထိုင်သူဖြစ်ပါသည်။ဆန်စက်ပိုင်
ကျွန်းသစ်ခွဲသားများဖမ်းဆီးရမိေ
ယခုအခါဦးမောင်ကို၏ စက်အတွင်းမှ ကျွန်းသစ်ခွဲသားများဖမ်းဆီးရမိ
ကျွန်းသစ်ခွဲသားများကိုလည်း (၂)နေရာခွဲ၍ ဖမ်းဆီးရမိခြင်းဖြစ်ပါသည်။ဆန်
ကျွန်တော်သည် နိုင်ငံတော်အကျိုးအတွက် ကျွန်တော်၏အလုပ်အား မငဲ့ကွက်ပဲ သတင်းပေးဖမ်းဆီးခိုင်းသူဖြစ်ပါ
ထို့ကြောင့် ပြည်ထောင်စုမြန်မာနိုင်ငံတော်
ပြည်သူတစ်ဦး
No comments:
Post a Comment