စိုင်းလူမင်း...
ကချင်ပြည်နယ်၊ဗန်းမော်မြို့တွင် အုပ်ချုပ်ရေးမှူး
ဦးစွမ်းထက်ဝေသည် ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှုး
ဦးသိန်းဇော်ဦး၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့အမှု
ဆောင်အရာရှိ ဦးဝင်းနိုင်၊ မြို့နယ် လျှပ်စစ်အင်ဂျင်နီယာ
ဦးအောင်ကျော်မိုး ၊ မြို့နယ်ကျန်းမာရေးဦးစီးမှူး ဦးကြည်ဝင်း ၊
မြို့နယ်မြေစာရင်း ဦးစီးမှူး ဦးအောင်ကျော်ဌေးတို့နှင့်အတူ
မေ(၂၄)ရက် မွန်းလွဲ (၁၂)နာရီခွဲက မိုးဖိန်းကျေးရွာအုပ်စု
အောင်သာကျေးရွာတွင် တာပိန်မြစ်ရေကြောင့် ကမ်းပါးပြိုကျ
၍ ပြောင်းရွေ့ လာသော အိမ်ထောင်စုဝင်များနှင့် သွားရောက်
တွေ့ဆုံခဲ့သည်ဟု သိရသည်။
ဟဲလွန်ဟောင်းကျေးရွာသည် တာပိန်မြစ်ကမ်းဘေးတွင်
တည်ရှိပြီး တာပိန်မြစ်ရေတိုက်စားမှုကြောင့် ကမ်းပါးများပြိုပြီး
လူနေအိမ်များဆုံးရှုံးခဲ့ရသဖြင်
့ နိုင်ငံတော်က မိုးဖိန်းကျေးရွာ
အုပ်စုတွင် လူနေအိမ်ယာမြေကွက်များ ချထားပေးခဲ့သည်။
ထို့နောက် မြို့နယ် အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့သည်
ပြောင်းရွေ့တည်ဆောက်သော လူနေအိမ်များကို ကြည့်ရှု
ကြပြီး သောက်သုံးရေရရှိရေး၊ ကျေးရွာအတွင်း လမ်းများကောင်း
မွန်ရေး၊ ပြောင်းရွေ့နေထိုင်ရာတွင် အဆင်ပြေစေရေး၊ ကျောင်းသား
/သူများ ကျောင်းတက်နိုင်ရေးတို့ကို ဆောင်ရွက်ပေးခဲ့ကြောင်း
သိရသည်။
အဆိုပါ ကမ်းပါးပြိုခဲ့သည့်အတွက် နေအိမ်ပျက်ဆီးပြီး
နေစရာအခက်ခဲရှိချိန်တွင် နိုင်ငံတော်အနေဖြင့် ယခုကဲ့သို့
လူနေအိမ်ယာမြေကွက်များ ချထားပေးသည့် ပြောင်းရွေ့လာသူ
ပြည်သူများမှ ကျေးဇူးတင်မိကြောင်း ပြောဆိုလျှက်ရှိသည်ကို
သိရသည်။
ရေးသားပေးပို့သော သတင်းနှင့် ပတ်သတ်၍ မည်သည့်
သတင်းစာ၊ဂျာနယ်တိုက်များသို့ ပေးပို့ထားခြင်းမရှိပါကြောင်း
ဝန်ခံပါသည်။
စိုင်းလူမင်း၊ မီဒီယာဂရု
Sailumin35@gmail.com
>>>>>>>>>>>>>>>>>>>>>

No comments:
Post a Comment