စိုင်းလူမင်း...
ကချင်ပြည်နယ် ပူတာအိုမြို့နယ် နှင့်
မြစ်ကြီးနားမြို့ အနီးတစ်ဝိုက်မှ အများဆုံး
ထွက်ရှိသော ဂရိတ်ဖရုသီး (Grape Fruit)
သည် ကျန်းမာရေးအတွက် ၀ယ်ယူသုံးစွဲကြ
သဖြင့် မြန်မာတစ်နိုင်ငံလုံးသို့ ဖြန့်ချီရောင်း
ချနေရခြင်းကြောင့် ဈေးနှုန်းများမှာလည်း မြှင့်
တက်လျှက်ရှိပြီး အဆိုပါ ဂရိတ်ဖရုသီးအား
ဆေးဖက်ဝင် အနေဖြင့် အမျိုးမျိုးဖော်စပ်အ
သုံးပြုလျှက်ရှိသည်
ဂရိတ်ဖရုသီးကို စားသုံးခြင်းဖြင့် မောပန်း
နွမ်းနယ်မှုကို သက်သာစေခြင်း၊ သွေးတိုးရော
ဂါများကို ပျောက်ကင်းစေနိုင်ခြင်း စသည့်အကျိုး
ကျေးဇူးများရရှိသည့်အပြင် ဒေသခံများက နံနက်
စာအဖြစ်လည်းကောင်း၊ ဟင်းချက်ရာတွင်လည်း
ကောင်း၊ ဆေးဖော်စပ်ရာတွင်လည်းကောင်း၊
အချိုရည်အဖြစ်လည်းကောင်း၊ ကြိုက်နှစ်သက်
ရာ အသုံးပြုလျှက်ရှိောကာင်း သိရသည်။
ဂရိတ်ဖရုသီးသည် အဖြူရောင်၊ ကြက်သွေး
ရောင်၊ ပန်းရောင်ဟူပြီး သုံးမျိုးရှိပြီး အမျှင်ဓာတ်
၊ဗီတာမင်ဓာတ်၊သတ္တူဓာတ်နှင့် အခြားအာနိသင်
ကောင်းများစွာရှိသည့်အတွက် လူကြိုက်များကာ
မြစ်ကြီးနားဘက်မှ ထွက်ရှိသော ဂရိတ်ဖရုသီး
အဖြူရောင်အသီးတစ်လုံးလျှင် ငွေကျပ်(၂၀၀ိ/-)
ဝန်းကျင် ရောင်းချလျှက် ရှိကြောင်း သုံးစွဲသူများ
ပြောပြချက်အရ သိရသည်။
စိုင်းလူမင်း၊မီဒီယာဂရု
Sailumin35@gmail.com
>>>>>>>>>>>>>>>>>>>>>

No comments:
Post a Comment