For Users



“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။

HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။

HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။
HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။ တိုက်ရိုက် Download Link များလိုချင်သူများ အတွက် HWH News v4.4 http://www28.zippyshare.com/v/56152148/file.html HWH Feel v4.4 http://www28.zippyshare.com/v/32022878/file.html HWH U v3.3 http://www28.zippyshare.com/v/89602710/file.html HWH For Windows XP/7/8 http://www42.zippyshare.com/v/45555730/file.html

Download ဆွဲနည်း

Download ဆွဲနည်း
Download ဆွဲနည်း

Monday 26 May 2014

ပညာရေးဝန်ကြီးဋ္ဌာနရဲ့အားနည်းချက် ►“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”

  မူလတန်းအခမဲ့ပညာရေး မှ ယခုအခါ
အလယ်တန်းအခမဲ့ပညာရေးစနစ်ကိုစတင်
အကောင်အထည်ဖော်နေပါပြီ ကောင်းမွန်တဲ့စနစ်ဖြစ်ပါတယ် ဆင်းရဲနွမ်းပါးသူများ ပညာရေးနဲ့မဝေးတော့ ပါဘူး ကျောင်းဝင်ကြေးအခမဲ့ ပုံနှိပ်စာအုပ်
အခမဲ့ ဗလာစာအုပ် နဲ့စာရေးကိရိယာအခမဲ့ပါ
       ဒါပေမဲ့ပြဿနာက အဲ့ဒီပစ္စည်းတွေ မြို့နယ်ပညာရေးမှုးရုံးနဲ့ ကျောင်းအသီးသီးက
ကျောင်းအုပ်တွေဆီကျောင်းမဖွင့် မီအချိန်မီ
အပြည့်အစုံ မရောက်ခြင်းပါပဲ ။ ဖြစ်သင့် တာက
ဆရာ/မတွေဆီကျောင်းမဖွင့် မီ တစ်ပတ် နှစ်ပတ်
အလို ရောက်ရပါမယ်  ဒါမှကျောင်းသားတွေဆီမှာကျောင်း
ဖွင့် ရင်အဆင်
သင့် ရှိနေမှာပါ  စဉ်းစားကြည်ပါ ဘယ်မိဘမဆို
ကိုယ့် သားသမီးကိုမျှော်တလင့် လင့်နဲံ့ဘယ်တော့ ထုတ်ပေးမှန်းမသိတော့ 
အပြင်မှာအပြင်ဈေးနဲ့ဝယ်ပေးရတော့ တာပေါ့ 
အဲ့တော့ အခမဲ့မဟုတ်တော့ ဘူး
   အခမဲ့ပညာရေးဆိုတာကျောင်းနေရွယ်ကလေး
ကျောင်းမှာရှိအောင် အဲ့ကျောင်းသားအတွက်
မိဘမှာ ဝန်ထုပ်ဝန်ပိုးမဖြစ်ရအောင် အလကား
ကျောင်းတက်ရအောင်ဖန်တီးပေးထားတာ
  ဒီနှစ်ဆို အလယ်တန်းထိအခမဲ့ပညာရေးစနစ်
ဖြစ်ပြီ  ဒါပေမဲ့စောစောကပြောသလိုဒီအချိန်ထိ
ပုံနှိပ်နဲ့ဗလာတွေ အပြည့် အစုံမရောက်သေး
ပါဘူး တစ်ဝက်နှုန်းတောင်မရောက်သေးတာပါ
    ဒီနှစ်ပုံနှိပ် အသစ်စာရိုက်လို့  သင်ရိုးတွေလျှော့ လို့  အချိန်မီမရောက်တာပါလို့ 
ပြောရအောင်  လွန်ခဲ့တဲ့နှစ်တွေတိုင်းမှာလဲ
ဒီလိုဖြစ်နေခေဲ့တာပါပဲ
     အဲဒီတော့ အဆက်ဆက်က ပညာရေးဝန်ကြီ်းတွေဒီပြဿနာကို မတွေးမိခဲ့ဘူး
လား  ဖြေရှင်းဖို့ အဖြေမရှာခဲ့ဘူးလား ကျောင်း
ဖွင့် မီစာအုပ်တွေမရလို့ ဝယ်ပေးရတာတတ်နိုင်တဲ့မိဘကအပန်းမကြီးပေမဲ့ လက်လုပ်လက်စားဆင်းရဲနွမ်းပါးသူတွေ
စိတ်ရောကိုယ်ပါအခက်ကြုံရပါတယ် ဆရာ/မ
တွေလည်းဘယ်တော့ ပုံနှိပ်/ဗလာ့ရမယ်ဆိုတာမသိကြပါဘူး
     ဒီတော့ ရထားတဲ့ပုံနှိပ်အနည်းငယ်ကိုဝေ
ငှတဲ့အခါမှာ မဲစနစ်နဲ့ဖြန့် ရမလို  နွမ်းပါးတဲ့
ကလေးအရင်ပေးရမလို ခက်တာကကျုပ်တို့ 
လူမျိုးကအလကားရတာအကုန်လိုချင်တယ်
ပိုက်ဆံရှိပေမဲ့ မရှိတဲ့လူနဲ့တုပြီးလုချင်တယ်
စောစောစီးစီး အားလုံးပြည့် စုံနေရင်ဒီပြဿနာ
မရှိနိုင်ဘူး
         ဒီနေ့ မေ ၂၅
ကျောင်းသားတွေလက်ထဲဘာမှပါမသွားဘူး
ဘယ်တော့ ရမလဲမသိသေးဘူး
တစ်နှစ်မှလည်းပြည့် ပြည့် စုံစုံမရဖူးဘူး
နှစ်တိုင်းပို့ ပေးနေရတဲ့ကျောင်းသားစာရင်းအရ
မြို့နယ်အလိုက် တိုင်းအလိုက် ကျောင်းသား
စာရင်းကိုဝန်ကြီးဋ္ဌာနကသိနေပြီးအနီးစပ်ဆုံးဝေငှနိုင်ပါတယ်
ပိုက်ဆံပေးဝယ်ခဲ့ရတဲ့နှစ်တွေမှာလည်းဒီလိုပဲနှစ်
ကြိမ်သုံးကြိမ်စာအုပ်ထုတ်ရတယ် ဒါကကျောင်းဖွင့် ချိန်မှာတွေ့ရတဲ့ပုံမှန်အခက်အခဲပါ
ဆရာ မိဘ ကျောင်းသား သုံးနားလုံးကိုအခက်အခဲဖြစ်စေပါတယ်
အောက်ခြေကဆရာဆရာမတွေကြုံရတဲ့
နှစ်တစ်ပတ်လည်အခက်အခဲများကိုနောင်များမှာ
လည်းရင်ဖွင့် ပါရစေ။  ။   ။
ပညာရေးလောကသား
       PJ       
>>>>>>>>>>>>>>>>>>>>>

“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။

No comments:

Post a Comment