For Users



“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။

HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။

HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။
HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။ တိုက်ရိုက် Download Link များလိုချင်သူများ အတွက် HWH News v4.4 http://www28.zippyshare.com/v/56152148/file.html HWH Feel v4.4 http://www28.zippyshare.com/v/32022878/file.html HWH U v3.3 http://www28.zippyshare.com/v/89602710/file.html HWH For Windows XP/7/8 http://www42.zippyshare.com/v/45555730/file.html

Download ဆွဲနည်း

Download ဆွဲနည်း
Download ဆွဲနည်း

Thursday 29 May 2014

ဥပေဒေရဲ့နောက်ကွယ်မှာ(အပိုင်း-၁၃) ►“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”

  စာရေးသူတို့မြို့လေးရဲ့ အနောက်နားက ကြာအင်း
ဆိုတဲ့ရွာမှာ သာရေးနာရေးအကြောင်း ကိစ္စတစ်ခု ပေါ်လာ
လို့ တစ်ရက်မှာ ရောက်သွားခဲ့ပါတယ် ရွာအနောက်နား
ခပ်လှမ်းလှမ်းမှာ လူတွေစုရုံးစုရုံး လုပ်နေတာမြင်လို့
စပ်စုကြည့်မိတယ် သစ်စက်မှာ သစ်လုံးခွဲဘို့ တန်းစီနေ
တဲ့အကြောင်း  ပြောပြပါတယ် စက်ပိုင်ရှင်မှာ ရွာမရွာက
 ကိုသန်းမြင့်ဖြစ်ကြောင်း ဒီနေရာမှာ မိုးရာသီကလွဲပြီး ဆောင်း
နဲ့နွေမှာ သစ်စက်လာတည်တာ ၂နှစ်၃နှစ်ရှိပြီ ဖြစ်တယ်လို့
မိတ်ဆွေကပြောပြပါတယ်။
       တရားမ၀င်လိုင်စဉ်နဲ့လားလို့မေး
မိတော့ အဆင်မပြေ
သလိုပေါ့ဗျာ ဘယ်လိုင်စဉ်တွေလျှောက်မေးနေတာလဲလို့ပြန်
ပြီးဟောက်လို့ စာရေးသူ တိတ်တိတ် နေလိုက်ရပါတယ်။အိမ်
ကထွက်လာလက်စနဲ့ ဆက်သွားဦးမယ်ဆိုပြီး တောလမ်းက
ရွာဟောင်း၊သဲကောရွာဘက်မှဖြတ်ပြီး ယားတောင်ရွာဖက်ကို
ထွက်လာခဲ့ပါတယ်။ယားတောင်ရွာအနီးက မြင်းစားကုန်းမှာ
 ဆိုင်ဖွင့်ထားတဲ့ ကိုမောင်ရွှေ ဆိုသူနဲ့ မတွေ့တာကြာလို့ သူ့
ဆိုင်ကို ၀င်သွားခဲ့ပါတယ် ။စာရေးသူရောက်တော့ ကိုမောင်ရွှေ
ကိုမတွေ့လို့ သူ့မဟေသီကိုမေးကြည့်တော့ မြို့ပေါ်သွား
ကြောင့်နဲ့ မြို့ပေါ်သွားကြောင်းနဲ့ အနောက်ဘက်ခြမ်းတာဝန်ကျ
တဲ့ နယ်ထိန်းရဲ အကြပ်ရွှေစင်အောင်နဲ့အရှေ့ခြမ်းမှာ တာဝန်ကျ
တဲ့ နယ်ထိန်းရဲ အကြပ်ဆွေမြင့် တို့ထံကို ညကဖြတ်သွားတဲ့ ဂျို
သမားတွေက ဆက်ကြေးပေးထားလို့သွားပို့ပေးကြောင်းပြော
ပြပါတယ် တရားမ၀င် သိသိသာသာရှင်းလင်းပြီးသွားတော့
စိတ်ချရတာပေါ့ ဂျိုတကောင်လျှင် သတ်မှတ်နုန်းမှာ ၅၀၀၀ိ/-
 ဖြစ်ပါတယ် ပြောပြုပေးကမ်းမသွားရင်တွေ့လို့ကတော့ ပုံးဆယ်ချီ
 ရိုက်တာပဲလို့ ရှင်းပြပါတယ်။
         ကိုမောင်ရွှေဆိုင်က လူစုံပါတယ်။ သူရဲ့မူရင်းအလုပ်က
 မြတ်နိုးသူ သစ်ကုမ္ပဏီက လမ်းမှာ မောင်းတံစောင့်ရတဲ့အလုပ်ပါ
တရားမ၀င်သစ်ကာတွေဖြတ်ရင်သူရဲ့ဂိတ်ကြေးက ၁၀၀၀၀ိ/- နဲ့
၃၀၀၀၀ိ/- ရှိပါတယ် ။အနောက်ခြမ်းကျတဲ့ နယ်ထိမ်းက သူရဲလမ်း
ကြောင်းထဲထည့်ပြီး သတင်းပေး လုပ်ခိုင်းထားတော့ နှစ်ဦးနှစ်ဖက်
 အဆင်ပြေတာပေါ့၊ ဂျိုလို့ခေါ်တဲ့ ကျွဲ/နွား အရောင်းအ၀ယ်သမား
ကုလားနဲ့ဗမာတွေလဲ ရှုပ်နေပြီး အရောင်းအ၀ယ်ဈေးစကားပြောပြီး
 ရနိုင်တဲ့အကောင်ရေကို ပြောနေကြသလို သစသမားတွေကလဲ
ဘယ်ချိန်ဖြတ်မယ်ဆိုတာပြောနေပါတယ် တရားမ၀င်ရွှေတွင်းလုပ်
ကိုင်သူတွေလဲ ဆက်ကြေးပေးဖို့ရောက်နေကြပါပြီ။
      အဲ့ဒီဆိုင်မှာထိုင်ပြီး ဘီယာမှာသောက်ရင်းနဲ့ ကန်ပေါက်ကြီး
ရွာ အစည်းအဝေးက ပြန်လာတဲ့ ကျေးရွာစာရေးတစ်ယောက်နဲ့
ဆုံပါတယ်။ကျွန်းတောရွာနောက်မှာ သစ်တောတွေကအလုပ်ရှုပ်
နေကြတယ် စိုက်ခင်းကကျွန်းသစ၀်တွေပျောက်သွားလို့ လိုက်ရှာ
နေကြတာ ယူသွားတဲ့လူတွေက ချောင်းအတိုင်းလှည်းမောင်းသွားတော့
 ဘယ်ခြေရာရှာတွေ့မလဲလို့ပြောပါတယ်
နှစ်လုံးသုံးရောင်းတဲ့ မိတ်ဆွေတစ်ယောက်လည်းဝင်လာထိုင်ရင်း
သူတို့ရွာမှာ မူးယစ်ဆေးရောင်းတဲ့အိမ်တွေ ၄/၅အိမ်လောက်ရှိလာပြီး
တစ်နယ်လုံး ဖိုးသမားတွေ ဖြစ်ကုန်တော့မှာပဲလို့ပြောပါတယ် သူ့
ရွာက အထက်သီတရာရွာပါ ရဲတွေကမဖမ်းဘူးလားဆိုတော့ တလော
ကတော့လာသေးတာပဲဒါလဲထုံးစံအတိုင်းပဲလေလို့ပြောပါတယ် ။
သူပြောတာကတော့ စုံပါတယ် ရောင်းချနေကြတဲ့အိမ်နာမည်တွေနဲ့
 တခေါက်ကိုခွက်၂၀/၂၅ လာပို့ပေးနေတဲ့ အမျိုးသမီးရဲ့နာမည်ကို
လဲပြောပြပါတယ်။
        တရားမ၀င်တဲ့ ဘယ်လုပ်ငန်းမဆိုပေါ့ဗျာ သက်ဆိုင်ရာဝန်ထမ်း
တွေက နားလည်မှုတွေနဲ့ လစ်လှူရှုထားတော့ ဒေသခံတွေပဲ နစ်နာ
ရတာပေါ့လို့ ပြောပြီ မိတ်ဆွေတွေထသွားကြတော့စာရေးသူလဲခေါင်း
ငြိတ်ပြီး ကျန်နေရစ်ပါတယ်။
                                                  နိုင်းမရ(ကောလင်း)
>>>>>>>>>>>>>>>>>>>>>

“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။
 

No comments:

Post a Comment