မန္တလေးတိုင်း မိတ္ထီလာခရိုင် မလှိုင်မြို့နယ် ၁၃၇၅ခု တပေါင်းလပြည့်ကျော် ၉
ရက်နေ့တွင် မန္တလေးမြို့နေ ဦးအောင်ဇော်မင်း သည် မလှိုင်မြို့နယ် ညောင်ကန်ရွာရှိ
အရှင်သုနန္ဒကျောင်းထိုင်သော ရွှေဘုံသာကျောင်းတိုက်တွင်
အရှင်သုန္ဒတည်ထောင်လိုသော ကရုဏာ အသင်းအဖွဲ့တည်ထောင်ရန်အလို့ငှာ
ရေစက်ချလှူဒါန်း ဧည့်ခံကျွေးမွေးခဲ့ပုံမျာကို နတ်လူ သာဓုခေါ်နိုင်ရန်
ပုံနှင့်တကွဖော်ပြလိုက်ပါတယ်။
''ကရုဏာ အသင်းအဖွဲ့၏ ရည်ရွယ်ချက်''
ဗုဒ္ဓမြတ်စွာ ဘုရား မိန့်တော်မူခဲ့တာက.----
ပရဒုက္ခေသတိ သာဓုနံ ဟဒယံ ကမ္ပနံကရောတိတိကရုဏာ .ပရဒုက္ခေသတိ သူတပါးတွေ ( သတ္တဝါတွေ ) ဒုက္ခရောက်နေတာကိုမြင်နေရမယ် ကြားနေရမယ်ဆိုရင် သာဓုနံ သူတော်ကောင်းတွေနဲ့ ဟဒယံကမ္ပနံ ကရောတိတိ| စိတ်နှလုံးမှာ တုန်လှုပ်စွာ ခံစားရတယ်ဆိုရင် အဲဒါကို ကရုဏာ ကရုဏာခေါ်ရတယ်လို့ တတ္ထဘာ ကောင်းစွာမသွေ မှတ်ထိုက်ပါသတည်း-----
ရှင်ဘုရားမိန့်တော်မူခဲ့သလို
၁။ကျမ္မာရေးမကောင်းသော ပုဂ္ဂိုလ်များကို ဆေးရုံသို့အခမဲ့ဆောင်ရွက်မည်။
၂။ ကျမ္မာရေးမကောင်းသော ပုဂ္ဂိုလ်များကို ဆေးကုသပေးမည်။
၃။ ကျမ္မာရေးမကောင်းသော ပုဂ္ဂိုလ်များကို ဆေးဘိုးလှူဒါန်း ထောက်ပံပေးမည်။
၎။ ကျမ္မာရေးကောင်းလျှင် မိမိနေထိုင်ရာကို အခမဲ့ ပြန်ပို့ပေးမည်။
၅။ ပုဂ္ဂိုလ်သတ္တဝါမရွေး ဒုက္ခရောက်နေလျင် တတ်နိုင်သလို ဆောင်ရွက်ပေးမည်။
၆ ။ ရေဘေး မီးဘေး လေဘေး ဘေးအမျိုးမျိုးနှင့် ဒုက္ခရောက်နေလျှင် ကူညီစောင့်ရှောက် ထောက်ပံသွားမည်။
၇။ ပညာရေးနှင့်ပါတ်သတ်၍ ကျောင်းမထားနိုင်လျှင် ပညာရေးထောက်ပံမှုများ ဆောင်ရွက်သွားမည်။
၈။ သက်ကြီရွယ်အို အားကိုးရာမဲ့ အမိအဘ တို့အား ကူညီ ထောက်ပံမှုများ ဆောင်ရွက်သွားမည်။
၉။ ဒုက္ခ ရောက်နေသူမှန်သမျှကို ကူညီဆောင်ရွက်သွားမည်။
ယခုလို ကရုဏာဖောင်ဒေးရှင်း ရည်ရွယ်ချက် ၉ ချက်သည် ဗုဒ္ဓဘုရားရှင်ဟောကြားဆုံးမတော်
မူသည့်အတိုင်း
သဗ္ဗေ သတ္တာ ဒုက္ခာ မုစ္စန္တု
သဗ္ဗေ- သုံးဆယ့်တစ်ဘုံအကုန်လုံး ရှိရှိသမျှ သတ္တဝါအပေါင်းတွေ
ဒုက္ခာ- ကိုယ်စိတ်နှစ်ပါး ဆင်းရဲမှု ပင်ပမ်းမှု ဆာလောင်မွတ်သိပ်မှုအပေါင်းမှ
မုစ္စန္တု-ကင်းလွတ်ကြပါစေကုန်သတည်း။
ဝစီကံကရုဏာ -မနောကံကရုဏာ ကာယကံမြောက်ကရုဏာဖြစ်အောင် ဆောင်ရွက်မည်ဟု အဓိဋ္ဌာန်ပြု၍
'''ကရုဏာဖောင်ဒေးရှင်းဖွင့်လှစ် သည့်ရည်ရွယ်ချက်'''
'''အဓိဋ္ဌာန်'''
ငါတို့ဖြစ်လေရာ ဤလောကဝယ်
ဘဝသမိုင်းမရိုင်းစေရန်
စိတ်မာန်မချမာနမပါ
ကိုယ်စွမ်းရာဖြင့် နှင့်
မေတ္တာကရုဏာ ထားရှိကာဖြင့်
သတ္တဝါအကျိုး
ငါ သယ်ပိုးဆောက်ရွက်အံ့။
ဆိုသော အဓိဋ္ဌာန်ပြုဆောင်ရန် ရည်ရွယ်ပါသည်။
အနယ်နယ် အရပ်ရပ်ရှိ ဒါနပြုသူများအား ဖိတ်ခေါ်အပ်ပါတယ်။
မလှိုင်
ဘိုဘို
၉/မလန (နိုင်) ၁၀၉၀၁၈
ဖုန်၀၉၄၀၃၇၃၀၃၇၅
>>>>>>>>>>>>>>>>>>>>>

မုစ္စန္တု-ကင်းလွတ်ကြပါစေကုန်သတည်
ဝစီကံကရုဏာ -မနောကံကရုဏာ ကာယကံမြောက်ကရုဏာဖြစ်အောင် ဆောင်ရွက်မည်ဟု အဓိဋ္ဌာန်ပြု၍
'''ကရုဏာဖောင်ဒေးရှင်းဖွင့်လှစ်
'''အဓိဋ္ဌာန်'''
ငါတို့ဖြစ်လေရာ ဤလောကဝယ်
ဘဝသမိုင်းမရိုင်းစေရန်
စိတ်မာန်မချမာနမပါ
ကိုယ်စွမ်းရာဖြင့် နှင့်
မေတ္တာကရုဏာ ထားရှိကာဖြင့်
သတ္တဝါအကျိုး
ငါ သယ်ပိုးဆောက်ရွက်အံ့။
ဆိုသော အဓိဋ္ဌာန်ပြုဆောင်ရန် ရည်ရွယ်ပါသည်။
အနယ်နယ် အရပ်ရပ်ရှိ ဒါနပြုသူများအား ဖိတ်ခေါ်အပ်ပါတယ်။
မလှိုင်
ဘိုဘို
၉/မလန (နိုင်) ၁၀၉၀၁၈
ဖုန်၀၉၄၀၃၇၃၀၃၇၅
No comments:
Post a Comment