အုပ်ချုပ်ရေးမှူး ဂုဏ်ပုဒ်ထူးကို
ငွေမောင်း ဖျာပုံ
>>>>>>>>>>>>>>>>>>>>>
ရပ်သူ ရွာသား လူအများက
မဲပေးရွေးခြယ် အားကိုးတယ်ပေါ့
ရပ် ရွာဖွံ့ဖြိုး အဆင့်တိုးအောင်
ကြိုးပန်းစွမ်းဆောင် လုပ်မည့်မောင် ပဲ်
ခေါင်းဆောင်ကောင်းတော့ ရပြီပေါ့
ရပ်သူရွာသား ရင် ဝယ်သားသို့
တရားစောင့်ထိမ်း ဘက်မယိမ်းပဲ
အများဘက်က ရပ်မည်ပေါ့
ချမ်းသာဆင်းရဲ ဆင့်မခွဲဘဲ
ဂတိလေးပါး သူရှောင် ရှားကာ
တရားဘက်က ရပ်မည်ပေါ့
သို့ကလိုအား မျှော်လင့်ထားလည်း
အာဏာရာထူး သူရစ်မူးပြီ
ပြည်သူ့မျက်နှာ ကျောခိုင်းကာဖြင့်
အာဏာမြဲရေး သူ့အ ရေးပင်
ပြည်သူ့ဆန္ဒ ဘယ်လိုပြလည်း
အထက်ကိုလျှင် မငြိုငြင် ဘို့
ချမ်းသာသူများ မျက်မပွားအောင်
အစဉ်ပြေ ရေး သူ့အ ရေးပင်
ရမှု ရလမ်း ခွင့်အလန်းကို
သူ့ဆွေမျိုးရင်း အချင်းချင်းသာ
ကျိုးရှိ ရာကို ကြိတ်ကာဆွေးနွေး
ရနှိုင် ဘို့်ရေ်း သူ့အ ရေးပင်
အုပ်ချုပ်ရေးမှူး ကိုလူထူးကို
ရွေးခြယ်မိမှား ဒို့ရွာသားတို့
အမှားအမှန် ချင့်ဝေဘန်လျှက်
နှစ်ထောင့်ဆယ်ငါး ထပ်မမှားအောင်
ပညာအသိ ညဏ်မျက်စေ့ဖြင့်
ကာလသုံးခု ပြန်ပြောင်းရှုကာ
ခေါင်းဆောင်ကောင်းကို ရွေးကြစို့
No comments:
Post a Comment