For Users



“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။

HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။

HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။
HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။ တိုက်ရိုက် Download Link များလိုချင်သူများ အတွက် HWH News v4.4 http://www28.zippyshare.com/v/56152148/file.html HWH Feel v4.4 http://www28.zippyshare.com/v/32022878/file.html HWH U v3.3 http://www28.zippyshare.com/v/89602710/file.html HWH For Windows XP/7/8 http://www42.zippyshare.com/v/45555730/file.html

Download ဆွဲနည်း

Download ဆွဲနည်း
Download ဆွဲနည်း

Thursday 15 May 2014

ဖက်ဒရယ်ဒီမိုကရေစီမဟာမိတ်အစည်းအဝေးပြုလုပ် ►“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”

အမျိုးသားဒီမိုကရေစီအင်အားစုပါတီ
သတင်းထုတ်ပြန်ရေးအဖွဲ့
သတင်းထုတ်ပြန်ချက်အမှတ် (၁၇/ ၂၀၁၄)
ရက်စွဲ။ ၁၄-၅-၂၀၁၄
ဖက်ဒရယ်ဒီမိုကရေစီမဟာမိတ်အစည်းအဝေးပြုလုပ်
ဖယ်ဒရယ်ဒီမိုကရေစီမဟာမိတ် FDA အဖွဲ့၏ အစည်းအဝေးကို ၁၄-၅-၂၀၁၄ ရက်နေ့ နေ့လည်
၁း၃၀နာရီတွင် အနောက်မြင်းပြိုင်ကွင်းလမ်းရှိ အမျိုးသားဒီမိုကရေစီအင်အားစုပါတီဌာနချုပ်ရုံးအစည်းအဝေးခန်းမ
တွင် ကျင်းပပြုလုပ်ခဲ့သည်။
ထိုအစည်းအဝေးသို့ ဖက်ဒရယ်ဒီမိုကရေစီမဟာမိတ်အဖွဲ့ဝင်ပါတီများဖြစ်ကြသော ကရင်ပြည်သူ့ပါတီ၊
ချင်းတိုးတက်ရေးပါတီ၊ ညီညွတ်သောဒီမိုကရက်တစ်ပါတီ၊ ဒီမိုကရေစီနှင့်ငြိမ်းချမ်းရေးပါတီ၊ ဒီမိုကရက်တစ်ပါတီ(
မြန်မာ)၊ မြန်မာ့လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီနှင့် အမျိုးသားဒီမိုကရေစီအင်အားစုပါတီတို့မှ ပါတီခေါင်း
ဆောင်များ ၊ ပါတီကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။
အစည်းအဝေးတွင် ပြည်ထောင်စုကော်မရှင်က ၁၅-၅-၂၀၁၄ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် နိုင်ငံရေး
ပါတီများနှင့်တွေ့ဆုံပွဲတွင် ဖက်ဒရယ်ဒီမိုကရေစီမဟာမိတ်အဖွဲ့အနေဖြင့် အကြံပြုလိုသည့်အချက်အလက်များ ၊
ရွေးကောက်ပွဲစနစ်နှင့်ပတ်သက်၍ သင့်လျှော်သည့်အချိန်တွင် သင့်လျှော်သည့်စနစ်ပုံစံကို ပြောင်းလကျဲင့်သုံးရန်
၊ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲပြီးနောက် ကျင်းပပြုလုပ်ရန်ရှိသည့် POLITICAL DIALOGUE တွင် နိုင်ငံရေး
ပါတီများအားလုံး တက်ရောက်ဆွေးနွေးခွင့်ရရှိရေး၊ အခြေခံဥပဒေပြင်ဆင်ရေးကိစ္စတွင် ဖက်ဒရယ်ဒီမိုကရေစီ
မဟာမိတ်ပါတီများအနေဖြင့် ၂၀၁၀ မှစ၍ ယနေ့ထိအောင် လုပ်ဆောင်နေခဲ့မှုများ၊ အာဆီယံထိပ်သီးအစည်း
အဝေးအောင်မြင်စွာကျင်းပပြုလုပ်နိုင်ခဲ့ခြင်းအပေါ် အမြင်သဘောထားမျာကို ဆွေးနွေးခဲ့ကြသည်။
ထို့နောက် ဖက်ဒရယ်ဒီမိုကရေစီမဟာမိတ်FDA၏ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အပေါ်
အကြံပြုချက်များနှင့် ဖက်ဒရယ်ဒီမိုကရေစီမဟာမိတ်FDA၏ ထုတ်ပြန်ချက်မှုကြမ်းများကို ဆွေးနွေးအတည်ပြုပြီး
ညနေ ၃း၅၀ နာရီတွင် အစည်းအဝေးကို အောင်မြင်စွာရုပ်သိမ်းခဲ့သည်။
ညနေ ၄း၀၀ နာရီတွင် ဖက်ဒရယ်ဒီမိုကရေစီမဟာမိတ် FDA ၏ သတင်းစာရှင်းလင်းပွဲကို ကျင်းပပြုလုပ်
ခဲ့ရာ ကရင်ပြည်သူ့ပါတီမှ ဦးဒစ်ဆင်ထွန်းလင်း၊ ညီညွတ်သောဒီမိုကရက်တစ်ပါတီဥက္ကဌဦးလှမြင့်၊ ဒီမိုကရေစီနှင့်
ငြိမ်းချမ်းရေးပါတီ အထွေထွေအတွင်းရေးမှူး ဦးမျိုးညွန့်၊ ဒီမိုကရက်တစ်ပါတီမှ ဦးတင်ဆွေ၊ မြန်မာ့လူ့ဘောင်သစ်
ဒီမိုကရက်တစ်ပါတီမှ ဦးအောင်ကြီး၊ အမျိုးသားဒီမိုကရေစီအင်အားစုပါတီ အတွင်းရေးမှူး(၂) ဦးနေမင်းကျော်
တို့က တက်ရောက်၍ ယနေ့ပြုလုပ်သောအစည်းအဝေးအကြောင်း၊ ထုတ်ပြန်မည့်ကျေညာချက်နှင့်ပတ်သက်၍
ရှင်းလင်းပြောကြားပြီး သတင်းမီဒီယာများ၏ မေးမြန်းချက်များကို ပြန်လည်ဖြေကြားခဲ့သည်။ သတင်းစာရှင်းလင်း
ပွဲကို ညနေ ၅း၂၀ နာရီတွင် ရုပ်သိမ်းခဲ့ကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။

>>>>>>>>>>>>>>>>>>>>>

“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။

No comments:

Post a Comment