For Users



“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။

HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။

HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။
HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။ တိုက်ရိုက် Download Link များလိုချင်သူများ အတွက် HWH News v4.4 http://www28.zippyshare.com/v/56152148/file.html HWH Feel v4.4 http://www28.zippyshare.com/v/32022878/file.html HWH U v3.3 http://www28.zippyshare.com/v/89602710/file.html HWH For Windows XP/7/8 http://www42.zippyshare.com/v/45555730/file.html

Download ဆွဲနည်း

Download ဆွဲနည်း
Download ဆွဲနည်း

Thursday 15 May 2014

ကောလင်းမြို့တွင် အပူချိန်မြင့်မားမှုကြောင့် ရေတွင်း ရေကန်များ ရေခမ်းခြောက်စပြုလာသဖြင့် နေ့စဉ် သောက်သုံးရေ (၂)ကြိမ် ဖြန့်ဝေလျှက်ရှိ ►“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”

(စိုင်းလူမင်း-သတင်းမှတ်စု)
       စစ်ကိုင်းတိုင်းဒေသကြီး ၊ ကောလင်းမြို့နယ်
အတွင်း  အပူချိန်မြင့်မားမှုကြောင့် ရေတွင်း၊ရေကန်၊
မြစ်ချောင်း၊ အင်း၊ အိုင်များ၊ ရေခမ်းခြောက်စပြုလာ
သဖြင့် သန့်ရှင်းသော သောက်သုံးရေများ ရှားပါးမှု
နှင့်  ကြုံတွေ့နေသဖြင့် အဆိုပါ သောက်သုံးရေရရှိ
ရေးနှင့် မီးဘေးအအန္တရာယ် ကြိုတင်ကာကွယ်ရေး
အတွက်  ရေပြတ်လပ်မှု မဖြစ်ပေါ်စေရန် မြို့နယ်
စည်ပင်သာယာရေးကော်မတီ အစီအစဉ်ဖြင့်
 မြို့နယ်မီးသတ်တပ်ဖွဲ့နှင့် ရေပြတ်လပ်မှု မဖြစ်ပေါ်
စေရန် မြို့နယ်စည်ပင်သာယာရေးကော်မတီ အစီစဉ်
ဖြင့် မြို့နယ် မီးသတ်တပ်ဖွဲ့နှင့် ပူးပေါင်းကာ စည်ပင်
သာယာရေးမှ ရေဂါလံ(၈၀၀)ဆံ့ မီးသတ်သယ်ယာဉ်
(၁)စီးဖြင့် နေ့စဉ် ကျော်ဇေယျာရပ်ကွက်တောင်ပိုင်း
 ၊ဆေးမင်းခုံ ၊ ပန်းတင်၊ တံဇူး၊ တာ၊ သဲကော၊စသည့်
 ကျေးရွာများသို့ နေ့စဉ် မေ(၁၂)မှစတင်၍ ရေဖြန့်
ဝေလျှက်ရှိကြောင်း သိရသည်။
        ကောလင်းမြို့သည် ပထ၀ီအနေအထားအရ
 နွေရာသီ၌
 ရေရရှိနိုင်မည့် မြစ်ချောင်းများမရှိပါ။ ၁၉၅၉ ခုနှစ်တွင် ၊
 ယခင်မြို့ပိုင်မှ ကောလင်းမြို့တွင်  နွေရာသီရေရရှိရေး
အတွက် ၀န်းသိုမြို့နယ်  ဆည်ကြီးကျေးရွာအနီးအနီးမှ
 ဖြတ်သန်းစီးဆင်းနေသည့် နန်းလှိုင်းချောင်းအား
 ကျောက်ဖြည့်ရေလွှဲဆည် အမျိုးအစား တည်ဆောက်
ပေးခဲ့သည်။ ယင်းဆည်မှ ကောလင်းမြို့သို့ မြေသား
ရေသွယ်မြောင်း အရှည် (၅)မိုင် (၂)ဖာလုံခန့် ဖောက်
လုပ်လျှက် ၁၉၆၀ ပြည့်နှစ်မှစတင်၍ သောက်သုံးရေများ
 နှစ်စဉ်ပို့ပေးလျှက်ရှိရာ ကောလင်းမြို့၏ အနောက်
မြောက်အရပ် ၀ါးရုံးတုံးကျေးရွာအနီး နန်းလှိုင်ဆည်မှ
 ပေးပို့လာသည့် ရေကို သိုလှောင်ထားရှိပြီး ကောလင်
မြို့တွင်းသို့ လိုအပ်သလို ရေပေးသွင်းနိုင်ရန်
အောင်နောင်းဆည်ကို ထားရှိကြောင်း၊ အောင်နောင်း
ဆည်မှ ကောလင်းမြို့သို့(၆)ဖာလုံ အရှည် မြေသားရေ
သွယ်မြောင်းမှတဆင့် မြို့ကတွင်းရှိ ရေမြောင်းများ၊
ရေကန်များ၊ရေပေးသွင်းခဲ့ခြင်ြး
ဖင့်  ကောလင်းမြို့အတွက်
ရေဖူလုံစွာ ရရှိခဲ့သည်။
       ယခုအခါ  နွေရာသီ ရေရရှိရေး အခက်ခဲကြုံတွေ့
ရခြင်းမှာ အပူရှိန်မြှင့်မားမှုကြောင့်  ၀န်းသိုမြို့နယ်
၊ နန်းလှိုင်ဆည်မှ ကောလင်းမြို့၊ အောင်နောင်းဆည်သို့
  ရေသွယ်ရယူရာမှ ရေများခမ်းခြောက်နေသဖြင့် ယခု
အခါ မိုး(၁)ကြိမ်၊ (၂)ကြိမ် ရွာသွန်းပြီး မိုးရွာ သွန်းမှု
နည်းပါးခြင်းကြောင့် ရေပမာဏ လုံလောက်စွာ ရရှိခြင်း
 မရှိသည့် အခြေအနေသို့ ရောက်ရှိခဲ့ခြင်းဖြစ်သည်။
       လက်ရှိ သောက်သုံးရေ အခြေအနေမှာ မြို့ပေါ်
(၁၁)ရပ်ကွက်တွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ
ရေပေးရေးလုပ်ငန်းများဖြစ်သော ဈေးရုံဗိုလ်တဲ ရေးပေး
ရေးနှင့် မြို့ကုန်းမြို့မ ရေပေးရေးမှ နေ့စဉ်ရေဂါလ
ံ(၁၂၄၀၀) ဂါလံကို အိမ်သွယ်ရေတိုင်  (၁၄၇)တိုင်အား
လည်းကောင်း၊ ပုဂ္ဂလိက ရေရယူသုံးစွဲမှုအနေဖြင့် စက်
ရေတွင်း (၁၇)တွင်း တုံကင်(၃၀၉)တွင်း၊ လက်တူးတွင်း
(၁၁၂၃)တွင်း၊ အများသုံးရေကန်(၉)ကန်ဖြင့် ရယူသုံးစွဲ
နေလျှက် ရှိသည်ဟု သိရသည်။
                                        စိုင်းလူမင်း၊မီဒီယာဂရု
                           Email-Sailumin35@gmail.com
 
>>>>>>>>>>>>>>>>>>>>>

“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။
 

No comments:

Post a Comment