For Users



“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။

HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။

HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။
HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။ တိုက်ရိုက် Download Link များလိုချင်သူများ အတွက် HWH News v4.4 http://www28.zippyshare.com/v/56152148/file.html HWH Feel v4.4 http://www28.zippyshare.com/v/32022878/file.html HWH U v3.3 http://www28.zippyshare.com/v/89602710/file.html HWH For Windows XP/7/8 http://www42.zippyshare.com/v/45555730/file.html

Download ဆွဲနည်း

Download ဆွဲနည်း
Download ဆွဲနည်း

Saturday 24 May 2014

သထုံမြို့က မုန့်တီချောင်ကို မြိုနယ်စည်ပင် ရဲ့ မရိုးနိုင်တဲ့ အညှိုးတွေနဲ့ ထပ်နှင်ထုတ်နေလို့ လိုအပ်ရင် ဆန္ဒပြဖို့စာတင်ထား ►“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”

မွန်ပြည်နယ်သထုံမြို့နယ်ဘင်လှိုင်ရပ်၊၀ါဝါ၀င်းမုန့်တီချောင်ဟာ
ရှေးယခင်နှစ်တွေထဲကမြန်မာ့ရိုးရာအစားအစာလုပ်ငန်းတစ်ခုပါ။
တရားဝင်လုပ်ကိုင်အခွန်ထမ်းနေခဲ့သူတွေလည်ြး
ဖြစ်ကြပါတယ်။မြန်မာတို့ရဲ့သာရေး
/နာရေးနှင့်စလေ့ထုံးတမ်းပွဲများ။ဈေးများ၊လမ်းဘေးစားသောက်ဆိုင်တွေမကျန်
မုန့်ဟင်းခါး။မုန့်တီဆိုတာမပါမပြီးတဲ့ရိုးရာအစားလည်းဖြစ်ပါတယ်။
                               သထုံမြို့မှာဝါ၀ါဝင်းမုန့်တီချောင်၊ဘင်လှိုင်ရပ်ကွက်ဟာမုန့်တီမုန့်
ဖတ်လုပ်ငန်းကြောင့်ရှေးရှေးကတည်းက ၀ါဝါ၀င်းမုန့်တီချောင်လို့ခေါ်ခဲ့ကြပါတယ်။
၎င်းရပ်ကွက်မှာမုန့်တီလုပ်ငန်းလုပ်ကိုင်သူ(၆)ဦးရှိနေပါတယ်။ယင်းတို့ထဲမှ(၅)ဦးဖြစ်တဲ့
(၁)ဦးမောင်ရီမိသားစုနဲ့အလုပ်သမားမိသားစုဦးရေ(၄၀)လောက်မုန့်ဖတ်လုပ်ငန်းကိုမှီခို
အသက်မွေးဝမ်းကျောင်းပါတယ်။(၂)ဦးကျော်မိုးနိုင်မိသားစုနဲ့အလုပ်သမားမိသားစု(၃၀)
ဦးလောက်ရှိနေပါတယ်။(၃)ဦးကျင်ယုမိသားစုတွေနဲ့အလုပ်သမားမိသားစုဦးရေ(၅၀ဦးခန့်
(၄)ဦးကျော်ငြိမ်းမိသားစုနဲ့အလုပ်သမားမိသားစုတွေဦးရေ(၃၀)ဦးခန့်။(၅)ဦးမောင်ဝင်းမိ
သားစုဦးရေနဲ့အလုပ်သမားမိသားစုဦးရေ(၂၅)ဦးခန့်ရှိနေပါတယ်။မုန့်တီမုန့်ဖတ်စားသုံး
အားပေးသူတွေများလာလို့အလုပ်တွေတိုးပြီးပေးနိုင်လာပါတယ်။မုန့်ဖတ်လုပ်ငန်းပိုင်ရှင်
အလုပ်သမားမိသားစုတွေစုစုပေါင်လုဦးရေ(၂၀၀)ခန့်လောက်ဟာဒီမုန့်ဖတ်လုပ်ငန်းပေါ်
မှီခိုပြီးအသက်မွေးဝမ်းကြောင်းစားဝတ်နေရေးရပ်တည်ရပါတယ်။
                                သို့သော်လည်းသထုံမြိုနယ်စည်ပင်သာယာမှမေလ(၁၆)နေ့စွဲ
နဲ့စာအမှတ်(၈၃၈)/ခ-၁၇/သတ-၁(၀၀၁)ဖြင့်မုန့်ဖတ်လုပ်ငန်းလုပ်ကိုင်သူ(၆)ဦးအနက်
(၅)ဦးကို(၂၂-၅-၂၀၁၄)နေ့နောက်ဆုံထားပြီးလုပ်ငန်းရပ်ဆိုင်းပိတ်သိမ်းပေးရန်ပိတ်သိမ်း
၇ပ်ဆိုင်းခြင်မရှိလျှင်တရားရုံးတွင်တရားစွဲဆိုဆောင်ရွက်သွားမယ်ဆိုလာပါတယ်။
                               မြိုနယ်စည်ပင်သာယာကို-၂၀၁၂/၂၀၁၃ခုနှစ်တွေမှစတင်ပြီး
ပုဂ္ဂိုလ်ရေးမုန်းတီးမှုတွေကြောင့်တိုင်ကြာ့းခြင်းအားစားဝတ်နေရေးပျက်စီးအောင်လုပ်
နေခြင်းဖြစ်ကြောင်းတင်ပြခဲ့ပါတယ်။ထို့အပြင်နိုင်ငံတော်အကြီးအကဲများဌာနဆိုင်ရာ
များအားပြန်လည်ဖြေရှင်းတင်ပြခဲ့ပြီး၂၀၁၃ခုနှစ်စက်တင်ဘာလ(၁၈)နေ့ကခရိုင်အုပ်ချုပ်
ရေးမှူးကြီးမှမြို့နယ်စည်ပင်သာယာအားရေစီးရေလာကောင်းလုပ်ဆောင်ရန်လမ်းညွှန်
ပေးခဲ့ပါတယ်။ဒါမှသာဆန်ဆေးရေတွေစီးအားကောင်းမယ်လို့ဆိုခဲ့ပါတယ်။သို့သော်
မြို့နယ်စည်ပင်မှ၂၀၁၃အောက်တိုဘာလ(၁၄)ရက်နေ့မှာနောက်ထပ်(၁၄)ရက်အတွင်း
ပိတ်ပေးရမယ်လို့နှုတ်မိန့်ညွှန်ကြားပါတယ်။ထို့ကြောင့်နိုင်ငံတော်အကြီးအကဲများထံ
တိုင်ကြားရပြန်ပါတယ်။၂၀၁၃နိုဝင်ဘာလ(၅)ပြည်သူရေးရာစီမံခန့်ခွဲမှုကော်မတီ
ဒုတိယ၀န်ကြီးဦးဆောင်သောအဖွဲ့မှလည်ရေစီးရေလာကောင်းအောင်လုပ်ဆောင်ပေး
စေရန်လမ်းညွှန်ပြန်ပါတယ်။မုန်ဖတ်လုပ်ငန်းအနီးရေစီးမြောင်းထဲကအမှိုက်တွေဖယ်ရှား
မပေးခဲ့ပါ။ရေဆိုးဖြစ်နေခဲ့လျှင်မိလ္လာစုပ်ကားဖြင့်စုပ်ယူပေးခြင်းစသောစည်ပင်မှလုပ်ရမဲ့
အလုပ်တွေမလုပ်ပါပဲမုန်ဖတ်လုပ်ငန်းကိုသာမရိုးနိုင်တဲ့အကြောင်းပြချက်တွေနဲ့အညှိုး
ကြီးစွာပိတ်ပါတယ်တရားစွဲမယ်လုပ်နေပါတယ်။ငါ့မြင်းငါစိုင်းခေတ်ကိုနောက်ပြန်ဆွဲနေ
ဝါဒတွေကြောင့်ဒုက္ခရောက်နေကြတဲ့လူ(၂၀၀)ကျော်ရဲ့စားဝတ်နေရေးခက်အောင်လုပ်
နေတာကိုနိုင်ငံတော်အကြီးအကဲတွေဆီတိုင်ကြားပြီးမြို့နယ်ရဲတပ်မှူးထံဆန္ဒဖေါ်ထုတ်
စီတန်းလှည်လည်စုဝေးခွင့်တောင်းဆိုသောစာတင်ပြီးခွင့်ပြုမိန်ကတောင်ခံနေပါတယ်။
ပြည်သူတွေဆီကရရှိတဲ့လေလံ။နဲ့အခြားခွန်တွေကိုပြည်သူတွေတကယ်လိုအပ်တဲ့နေ
ရာတွေသုံးမယ်ဆိုတဲ့ပွင့်လင်းမြင်သာထင်းရှားရှားလုပ်ပြရန်။မလျှော်သြဇာတွေသုံးလာသူ
တွေအလုပ်တာဝန်ရပ်ဆိုင်းအပြစ့်ပေးသင့်ကြောင်းလည်းတင်ပြထားပါတယ်။ဆန္ဒပြုလက်
မှတ်များကောက်ခံပြီးဆန္ဒ ဖေါ်ထုတ်
မယ်လို့လည်းသတင်းရရှိထားပါတယ်။
 










>>>>>>>>>>>>>>>>>>>>>

“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။
 
 

2 comments:

  1. အဲဒါကတော့ သူခိုးကလူကိုပြန်ဟစ်တာပါဗျာ။ ကျနော်သိတာပေါ့။ မုန့်တုံးနဲ့လုပ်ဖို့ကိစ္စ ဦးဝင်းမောင်ကလိုက်နာနိုင်ရင် ကျန်တဲ့ ၅ယောက်က ဘာလို့မလိုက်နာနိုင်ရတာတုန်း။ သက်သက်ညစ်တာပါဗျာ။ အငြိုးနဲ့နှင်ထုတ်ရင် အားလုံးကိုထုတ်ရမှာပေါ့။ ဘာလို့ ၁ ယောက် ကျန်ခဲ့တုန်း။ လာဘ်ထိုးတယ်လို့ပြောဦးမလား။ မုန့်တီချောင်ပတ်ဝန်းကျင် အားလုံးလာမေးကြည့်။ ဘယ်သူတွေက လာဘ်ထိုးတာတုန်းဆိုတာ အားလုံးသိတယ်။ ပတ်ဝန်းကျင်က ပြည်သူတွေကိုယ်တိုင် အနံ့မခံနိုင်လို့ စာရေးတိုင်တာ။ နောက်ပြီးပြောဦး မယ်။ အဲဒီ ၆ ရုံမှာ ဘယ်ရုံမှ အလုပ်သမား ၁၅ ယောက်တောင်မပြည့်ဘူး။ အလုပ်သမား တစ်ယောက်ရဲ့ ယောက်ဖ၊ နှမသုံးဝမ်းကွဲ၊ မိထွေး၊ ပထွေး စတာတွေကိုထည့်တွက်ရင်တော့ ဟုတ်မှာပေါ့။ နောက်ပြီးတော့ ခင်ဗျားတို့ဖာသာ နှစ်ပေါင်းများစွာကတည်းက လုပ်လုပ်၊ ပုဂံ ခေတ်ကတည်းကပဲလုပ်လုပ် . . အခုခေတ်မှာမရတော့ဘူး။ အနံ့ နံရင်အနံ့ဇုန်ရှိရင်အဲဒီကိုထွက်၊ မရှိရင် မြို့ ပြင်ထွက် ဒါပဲပေါ့။

    ReplyDelete
  2. အဆိုပါမုန့်တီညှစ်လုပ်ငန်းများတွင် လုပ်ကိုင်သူများအနေဖြင့် တရက်လျှင် ၃၀၀၀ ကျပ်မှ ၅၀၀၀ ကျပ်အထိရသည်ဟုသိရပါသည်။ ထိုသို့ဆိုလျှင် အဖွဲ့ ဝင် ၅၀ရှိသောဦးကျင်ယု၏လုပ် ငန်းသည် ၃၀၀၀ ကျပ်ဖြင့်တွက်လျှင် တစ်လလျှင် wage budget တစ်ဦးအတွက် ၉၀၀၀၀ကျပ်၊ ၅၀ဦးအတွက် ၄၅သိန်းခန့်ဖြစ်နေပါသည်။ သထုံမြို့ ရှိ ကမ္ဘောဇဘဏ်ပင်လျှင် ထိုမျှလောက် wage budget များမည်မထင်ပါ။ နှစ်ပေါင်းများစွာလုပ်လာသည်ဖြစ်ရာ အမြတ်မထွက်ခြင်း၊ အရှုံးပေါ်ခြင်းများလည်း မဖြစ်နိုင်ပါ။ သို့ဖြစ်ရာ အဆိုပါလုပ်ငန်းများအတွက် လုပ်ငန်းလိုင်စင်ကြေးသာမက ၀င်ငွေခွန်၊ အမြတ်ခွန်ပါ တိတိကျကျစည်းကြပ်သင့်ပါ ကြောင်း တင်ပြလိုက်ရပါသည်။

    ReplyDelete