For Users



“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။

HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။

HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။
HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။ တိုက်ရိုက် Download Link များလိုချင်သူများ အတွက် HWH News v4.4 http://www28.zippyshare.com/v/56152148/file.html HWH Feel v4.4 http://www28.zippyshare.com/v/32022878/file.html HWH U v3.3 http://www28.zippyshare.com/v/89602710/file.html HWH For Windows XP/7/8 http://www42.zippyshare.com/v/45555730/file.html

Download ဆွဲနည်း

Download ဆွဲနည်း
Download ဆွဲနည်း

Sunday 18 May 2014

မကွေးမီးရထားဌာနမှ ဝန်ထမ်းတစ်ဦး (၅)နှစ်ကြာ တာဝန်ထမ်းဆောင်ပြီးကာမှ ခန့်အပ်ထားသောဝန်ထမ်း မဟုတ်ကြောင်း ငြင်းဆိုခံရကာ လစာမဲ့အလုပ်ထုတ်ခံရ ►“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”



မကွေး     ဧပြီ      ၁၈

   မကွေးမြို့၊ရေနံချောင်း-တောင်တွင်းကြီးလမ်း၊ဆေးတက္ကသိုလ်(မကွေး)အနီးရှိ ရထားလမ်းကူးဂိတ်စောင့်ဝန်ထမ်းသည် (၅)နှစ်ကြာ၊မ ပျက်မကွက်တာဝန်ထမ်းဆောင်ခဲ့ပြီးကာမှ မြန်မာ့မီးရထားဌာနက တရားဝင်ခန့်အပ်ထားသောဝန်ထမ်းမဟုတ်ကြောင်းငြင်းဆို၍ လစာ ငွေ ထုတ်မပေးတော့သည့်အပြင် ဝန်ထမ်းနေအိမ်ဂိတ်မှ နှင်ထုတ်ခြင်းတို့ကြောင့် နစ်နာမှုများရှိနေပြီး၊အဆိုပါကိစ္စကို မကွေးတိုင်းဒေသ ကြီးလွှတ်တော်သို့ အသနားခံ တင်ပြထားကြောင်းသိရသည်။
    ရထားလမ်းကူးဂိတ်စောင့်ဝန်ထမ်းဖြစ်သူ ဦးသက်စိုးထွန်းသည် ဆေးတက္ကသိုလ်(မကွေး)ကားလမ်းနှင့် ရထားလမ်းဆုံဂိတ်တွင် ၂၀၀၉ခုနှစ်၊အောက်တိုဘာကတည်းကပင် တာဝန်ထမ်းဆောင်ခဲ့ပြီး ၂၀၁၀ခုနှစ်၊ဇန်နဝါရီလ(၁၇)ရက်နေ့၌ မီးရထားအင်ဂျင်နီယာ(SAE) ဦးအောင်သိန်းဝင်းထံမှတစ်ဆင့် နိုင်ငံတော်ဝန်ထမ်းလစာငွေ(၁၅၀၀၀)ကျပ်ကို ပထမဆုံးခံစားခွင့်ရရှိခဲ့သည်။
    ``ဆေးတက္ကသိုလ်ဂိတ်မှာ ပထမဆုံးတာဝန်ထမ်းဆောင်ရတဲ့ဝန်ထမ်းက ကျွန်တော်ပါ။ဂိတ်စောင့်ဝန်ထမ်းနေအိမ်မှာ ရေ၊မီး မရရှိတဲ့ အတွက် နေထိုင်ရတာ အခက်အခဲရှိပေမယ့် ဒီအလုပ်ကို ပျော်ရွှင်ကျေနပ်စွာနဲ့မပျက်မကွက်တာဝန်ထမ်းဆောင်ပါတယ်။နိုင်ငံတော်က လည်း ဝန်ထမ်းလစာတွေ (၂၀၀၀၀)ကျပ် ထပ်မံတိုးမြှင့်ပေးလို့ပျော်နေတုန်း ဒီပြဿနာဖြစ်တာပဲ။လစာထုတ်ချိန်မှာ အခုအသစ်ပြောင်း လာတဲ့ `လမ်းဗိုလ်´က ကျွန်တော့်နာမည်ကိုမေးတယ်။ကျွန်တော့်နာမည် သက်စိုးထွန်းပါပြောပြတော့ သူက-`ဒါဆို...မင်း မနက်ဖြန်က စပြီး အလုပ်ထွက်ပါ။ခန့်ထားတဲ့ဝန်ထမ်းနာမည်က သက်စိုးထွန်းမဟုတ်ဘူး။ငါခိုင်းထားတဲ့ `မောင်………။´´´  -လို့ပြောပြီး ကျွန်တော်တို့ မိသားစုကို ဂိတ်စောင့်ဝန်ထမ်းနေအိမ်ကနေ နှင်တယ်။၂၀၁၄ခုနှစ်၊မတ်လနဲ့ ဧပြီလအတွက် လစာငွေလည်းထုတ်မပေးဘူး။ကျွန်တော့်မှာ အိုးပိုင်အိမ်ပိုင်မရှိဘူး။ကျောင်းနေအရွယ်သားသမီး(၄)ယောက်နဲ့ မိသားစု(၆)ယောက် စာအိုးကို ဒီအလုပ်နဲ့ ထိန်းထားရတာ။အခုတော့ လစာမရ၊အလုပ်ထုတ်ပြီး နေအိမ်ကနှင်ချခံရတော့ စိတ်ဒုက္ခရောက်နေရတယ်။စားဝတ်နေရေးကြပ်တည်းပြီး ကျောင်ဖွင့်တဲ့အခါ ကလေး တွေ ကျောင်းအပ်ဖို့တောင် ဘယ်လိုလုပ်ရမှန်းမသိတော့ဘူး။(၅)နှစ်လုံးလုံး ခွင့်တစ်ရက်မှမယူခဲ့တဲ့အပြင် လစာငွေထုတ်မပေးတဲ့ မတ်လ နဲ့ ဧပြီလတွေမှာလည်း တာဝန်ကို ကျေပွန်စွာ ဆက်လက်ထမ်းဆောင်ဆဲပဲ။ကျွန်တော်ရဲ့နစ်နာမှုတွေကို အနီဝန်းကျင်က ကျေးရွာအုပ်ချုပ် ရေးမှူးတွေရဲ့ ထောက်ခံချက်တွေ၊ဆေးတက္ကသိုလ်ဌာနရဲ့ ထောက်ခံချက်တွေ၊ခရီးသွားဒေသခံတွေရဲ့ ထောက်ခံချက်တွေနဲ့အတူ မကွေး တိုင်းဒေသကြီးလွှတ်တော်ကို အသနားခံစာတင်ထားတယ်။ပြီးတော့ မြန်မာ့မီးရထားဌာနနဲ့သက်ဆိုင်ရာဌာနတွေကို ထပ်ပြီးအသနားခံစာ တင်ဦးမယ်။ထုတ်ပေးဖို့ ကျန်ရှိတဲ့လစာငွေတွေကို တစ်ပေါင်းတည်းရရှိဖို့နဲ့ အလုပ်တာဝန်ကို ပုံမှန်အတိုင်းဆက်လက်ထမ်းဆောင်နိုင်ခွင့် ရဖို့မျှော်လင့်ထားပါတယ်။´´- ဟု မီးရထားဝန်ထမ်းဦးသက်စိုးထွန်းက ပြောပြသည်။
     ယင်းကိစ္စဖြင့် မကွေးမီးရထားဌာနသို့သွားရောက်မေးမြန်းရာ အငယ်တန်းအင်ဂျင်နီယာတစ်ဦးက မကွေးမြို့နယ်မီးရထားဂိတ် စောင့်ဝန်ထမ်းများတွင် နေ့စားဝန်ထမ်းမရှိပါကြောင်း၊ပါမစ်နစ်အမြဲတမ်းဝန်ထမ်းများကိုသာခန့်အပ်ထားကြောင်း ပြန်လည်ဖြေဆိုခဲ့ သည်။မကွေးမြို့နယ်အတွင်းရှိ ရထားလမ်းဆုံဂိတ်စောင့်ဝန်ထမ်းခန့်အပ်မှုများမှာ စနစ်ကျမှုမရှိကြောင်း၊အလုပ်ဝင်စဉ်က ခန့်စာမပါ၊ အလုပ်ဖြုတ်သည့်အခါ ဖြုတ်စာမပါသည့်အပြင် လစာထုတ်ပေးတိုင်း လက်မှတ်မထိုးခိုင်းခြင်းမှာ အလုပ်ဖြုတ်ရ၊ခန့်ရတွင် လိုအပ်သလို ဖန်တီးနိုင်ရန်အတွက်ဟုဆိုနိုင်ကြောင်း မကွေးဒေသခံတစ်ဦးက သုံးသပ်ပြောကြားသည်။

ကျော်စွာ(မကွေး)

>>>>>>>>>>>>>>>>>>>>>

“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။

No comments:

Post a Comment