For Users



“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။

HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။

HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။
HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။ တိုက်ရိုက် Download Link များလိုချင်သူများ အတွက် HWH News v4.4 http://www28.zippyshare.com/v/56152148/file.html HWH Feel v4.4 http://www28.zippyshare.com/v/32022878/file.html HWH U v3.3 http://www28.zippyshare.com/v/89602710/file.html HWH For Windows XP/7/8 http://www42.zippyshare.com/v/45555730/file.html

Download ဆွဲနည်း

Download ဆွဲနည်း
Download ဆွဲနည်း

Sunday 11 May 2014

ကသာခရိုင်၌ မေလဆန်း (၁)ပတ်အတွင်း သေနတ်ထိမှန် ဒဏ်ရာကြောင့် လူ(၂)ဦး သေဆုံးပြီး (၁)ဦး ဒဏ်ရာရ ►“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”

>စစ်ကိုင်းတိုင်းဒေသကြီး ၊ ကသာခရိုင်တွင် ၂၀၁၄-ခုနှစ် မေလဆန်း ရက်သတ္တတစ်ပတ်
အတွင်း သေနတ်ထိမှန်မှုကြောင့် လူ(၂)ဦး သေဆုံးပြီး (၁)ဦးဒဏ်ရာရရှိခဲ့ရာ
သေဆုံးသူ (၁)ဦးမှာ ရဲတပ်ကြပ်ကြီးတစ်ဦး ဖြစ်ပြီး နောက်ထပ်သေဆုံးသူ
(၁)ဦးနှင့် ဒဏ်ရာရရှိသူ(၁)ဦးတို့မှာ အရပ်သားများဖြစ်ကြောင်း သိရသည်။
၂၀၁၄-ခုနှစ် မေလ(၁)ရက်နေ့  ည(၉း၃၀)အချိန်ခန့်တွင် ကသာခရိုင် ၊
ဗန်းမောက်မြို့နယ် မံစီကြီးရဲစခန်းနယ်မြေ နန့်အော့ ကျေးရွာနေ  စိုးအောင်(၃၀)နှစ် အား ၄င်းကျေးရွာ၌ စခန်းချနေသော ခလရ(၂၆၈)စစ်ကြောင်းမှ
ကင်းစောင့်တပ်သား ကျော်သက်နှောင် သည် ၄င်းတို့စခန်းချရာ ကျောင်းဝန်းအတွင်း
စကားအချေအတင်ဖြစ်ကာ ထွက်ပြေးသော စိုးအောင် ကို သေနတ်နှင့် ပစ်ရာ ကျည်သင့်
သေဆုံးသောကြောင့် ဗန်းမောက်မြို့နယ် မံစီကြီး ရဲစခန်းမှ (ပ)၁၆/၂၀၁၄
ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ- ၃၀၂ ဖြင့် အရေးယူ ဆောင်ရွက်ထားကြောင်း သိရ၏ ။
ထို့နောက် မေလ(၅)ရက်နေ့ (၁၂:၃၀)အချိန်တွင် ကသာခရိုင် ၊ အင်းတော်မြို့နယ် ၊
နောင်မိုးကျေးရွာ နေ မသောင်းမြိုင် (၄၀)နှစ် မှာ သေနတ်ကျည်ဆံ
ထိမှန်ဒဏ်ရာရရှိမှု ဖြစ်ပွားရပြန်သည်။ ဖြစ်ပွားပုံမှာ ခမရ(၁၀၅) ဆားမှော်တပ်
ဗိုလ်မှူး ထက်ထက်နိုင် ၏ တပ်မှ ထမင်းချက် လုပ်ကိုင်သော ဇော်ဖြိုးနိုင် (ခ)
ရှမ်းလေး (၁၄)နှစ် သည် ဗိုလ်မှူး ထက်ထက်နိုင် ၏ သေနတ်အား ခိုးယူခဲ့ပြီး
နောင်မိုးကျေးရွာ လယ်ကွင်းအရောက် သေနတ်အား စမ်းသပ်ပစ်ခတ်ကြည့်ရာ
လယ်ကွင်းအတွင်း ရှိနေသူ မသောင်းမြိုင် ၏ ယာဘက်ရင်သားအောက် (၁)ချက် ထိမှန်
ဒဏ်ရာရရှိခဲ့သဖြင့် အင်းတော်မြို့နယ်ဆေးရုံသို့ ပို့ဆောင်၍ ဆေးကုသမှုခံယူခဲ့ရာ
စိုးရိမ်ရမှု အခြေအနေ မဟုတ်တော့ကြောင်း ၊ ထို့ကြောင့် သေနတ်အား ခိုးယူ၍
မဆင်မချင် ပစ်ခတ်သူ ဇော်ဖြိုးနိုင် (ခ) ရှမ်းလေး အား အင်းတော်မြို့နယ်
ရဲတပ်ဖွဲ့စခန်းမှ (ပ)၄၇/၂၀၁၄ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ- ၃၃၈ ဖြင့်
အရေးယူဆောင်ရွက်ထားကြောင်း ၊ ၄င်းထံမှ T 6586 BURMA ARMY နံပါတ် နှင့်
စာတန်းပါ ပစ္စတိုသေနတ် (၁)လက် ၊ ကျည်အိမ်(၁)ခု ၊ ၉မမ ကျည်ဆံ(၈)တောင့် ၊
ပစ်ခတ်ပြီးကျည်ခွံ(၁)ခု တို့အား ရှာဖွေပုံစံဖြင့် သိမ်းဆည်း ထားသည်ဟု သိရ၏ ။
ထို့နောက် မေလ (၅)ရက်နေ့မှာပင်  မွန်းလွဲ ၂:၃၀ အချိန်ခန့်၌ ကသာခရိုင် ၊
အင်းတော်မြို့နယ် ၊ နဘားကျေးရွာရဲကင်းမှ ရဲတပ်ကြပ်ကြီး ကီခွီးရှိန် (ခ)
ဦးချင်း နှင့် နဘားကြီးကျေးရွာတွင် တပ်စွဲထားသော ခလရ(၉၈) ဖျာပုံတပ်မှ
ဒုတပ်ကြပ် စန်းနိုင် တို့သည် နဘားကျေးရွာနှင့် (၁)မိုင်ခန့် ကွာဝေးသော ရွှေဘို
- မြစ်ကြီးနား ကားလမ်းမကြီးဘေးရှိ ရွှေစကားဝါ စားသောက်ဆိုင်တွင် စကားအချေအတင်
ဖြစ်ကြရာမှ ခလရ(၉၈) ဖျာပုံတပ်မှ ဒုတပ်ကြပ် စန်းနိုင် သည် အသင့်လွယ်လာသော MA-3
သေနတ်အား မောင်းတင်ပြီး ရဲတပ်ကြပ်ကြီး ကီခွီးရှိန် (ခ) ဦးချင်း ကို (၁)ချက်
ပစ်ခဲ့သဖြင့် ဝဲဘက်ရင်ဘတ်တွင် သေနတ်ကျည်(၁)ချက် ထိမှန် ဒဏ်ရာဖြင့်
ရဲတပ်ကြပ်ကြီးမှာ နေရာတွင်သေဆုံးသွားခဲ့သည်။ ၄င်းအမှုအား နဘားရဲကင်းမှ ဒုရဲအုပ်
အောင်နိုင်မြင့် မှ တရားလို ပြုလုပ်ကာ အင်းတော်မြို့မရဲစခန်းက (ပ)၄၈/၂၀၁၄
ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ- ၃၀၂ ဖြင့် အမှုဖွင့်ဆောင်ရွက်ထားကြောင်း သိရသဖြင့်
စစ်ကိုင်းတိုင်းဒေသကြီး ၊ ကသာခရိုင်တွင် မေလဆန်း ပထမရက်သတ္တ(၁)ပတ်အတွင်း
သေနတ်ဒဏ်ရာကြောင့် (၂)ဦး သေဆုံးပြီး (၁)ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း
သတင်းရရှိသည်။

                   ပေးပို့သူ -  နိုင်ကြီး(ကသာ)
ဖုန်း   -   09 400427974 <09400427974>
>>>>>>>>>>>>>>>>>>>>>

“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။

No comments:

Post a Comment