For Users



“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။

HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။

HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။
HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။ တိုက်ရိုက် Download Link များလိုချင်သူများ အတွက် HWH News v4.4 http://www28.zippyshare.com/v/56152148/file.html HWH Feel v4.4 http://www28.zippyshare.com/v/32022878/file.html HWH U v3.3 http://www28.zippyshare.com/v/89602710/file.html HWH For Windows XP/7/8 http://www42.zippyshare.com/v/45555730/file.html

Download ဆွဲနည်း

Download ဆွဲနည်း
Download ဆွဲနည်း

Sunday 25 May 2014

တရုတ်ပြည်နယ်စပ် မူဆယ်တွင် တမလန်း(၁၀)ပေတုံးတစ်တုံးလျှင်ငွေကျပ် သိန်း(၅၀)အထိ ဈေးကွက်ဝင်သည်ဟုဆို (စိုင်းလူမင်း၏ ခရီးသွားသတင်းမှတ်စု) ►“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”

စိုင်းလူမင်း......
           တရုတ်နိုင်ငံနှင့်မြန်မာနိုင်ငံ
နယ်စပ်ဒေသ ဖြစ်သည့်
မူဆယ်တွင် မြန်မာနိုင်ငံမှထွက်ရှိသော တမလန်းသား
(၁၀)ပေပတ်လည်တစ်တုံးလျှင် ငွေကျပ်သိန်း(၅၀)
အထိ ပေါက်ဈေးပေးကာ ဈေးကွက်ဝင်လျှက်ရှိကြောင်း
ကုန်သည်များနှင့် နီးစပ်သူအချို့ထံမှ သိရသည်။
       မူဆယ်တွင် တမလန်းမှောင်ခိုဈေးကွက် ဖြစ်နေ
လျှက် ရှိရာတရုတ်နိုင်ငံမှ မြန်မာနိုင်ငံမှ ထွက်ရှိသော
တမလန်းသားဆိုဒ်စုံကို ဈေးကောင်းပေးဝယ်ပြီး ရောင်း
သူများမှ အသာစီးရရှိနေလျှက်ရှိကြောင်း၊ အဆိုပါတမလန်း
သစ်များအား သင်္ကြန်မတိုင်ခင်က မူဆယ်တွင် အရောင်း
အ၀ယ်များပြားလာကြောင်း သိရှိရသည့်အတွက် ယခုကဲ့သို့
ဖြစ်နေပါက မြန်မာနိုင်ငံသစ်တောအတွက် ၀မ်းနည်းစရာ
ဖြစ်နေပါသည်။
       လက်ရှိအနေအထားတွင် မြန်မာနိုင်ငံမှ ထွက်ရှိသော
တမလန်းသားများသည် မူဆယ်သို့  မန္တလေး မြို့မှတဆင့်
ဝင်ရောက်နေခြင်းဖြစ်သလို ကသာခရိုင်အတွင်းရှိ ကသာ
-ကောလင်း-၀န်းသို-ပင်လည်ဘူး-ထီးချိုင့်-အင်းတော-
ဗန်းမောက်မြို့နယ်တို့မှ ဧရာဝတီဖြစ်တစ်ဖက်ကမ်းရှိ
 စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ကချင်
ပြည်နယ်ဆုံရာ နယ်စပ်မှတဆင့် တရုတ်နိုင်သို့ ပို့ဆောင်
နေလျှက်ရှိကြောင်းသိရှိရပြီး မြန်မာနိုင်ငံမှထွက်ရှိသော
 တမလန်းသားများမှာ ဈေးကောင်းပိုမိုရရှိသည်ဟု တမလန်း
ကုန်သည်များနှင့် နီးစပ်သူတို့၏ အဆိုအရ သိရသည်။
       အဆိုပါ တမလန်းသစ်များအား မူဆယ်ဘက်မှ တမလန်း
သားမှောင်ခိုဈေးကွက်တွင် ကားငှားသူများ သည် တစ်ခေါက်
လျှင် ကားအကြီး၊ အသေးပေါ်မူတည်ပြီး အနည်းဆုံးငွေကျပ်
(၅)သိန်းကျန်သည်ဟု သိရှိရပြီး ယခုအခါ  မန္တလေးဘက်မှ
ဆယ်ဘီး၊ ဆယ့်တစ်ဘီးယာဉ်များနှင့် ကောလင်း-အင်းတော်
-ထီးချိုင့်-ကသာမြို့နယ်တို့မှ ဆယ်ဘီး၊ ဆယ့်နှစ်ဘီးယာဉ်
များသည် တမလန်းသစ် သယ်ဆောင်ရေးလုပ်ငန်းများအား
လုပ်ကိုင်လျှက်ရှိရာ မေလ ပထမပတ်တွင် ကချင်ပြည်နယ်
မန်ဝိန်းဒေသဘက်၍တပ်မတော်နှင့် ကေအိုင်အိုတို့ တိုက်ပွဲ
ဖြစ်ပွားလဲ့သည့်အတွက် တမလန်းတင်ဆောင်နေသော အဆိုပါ
ယာဉ်(၄၀)ခန့်သည် မည့်သည်နေရာကိုမှ ထွက်ခွာနိုင်ခြင်းမရှိဘဲ
 သွားလာမှု ပိဆ်ဆို့နေလျှက်ရှိကြောင်း အဆိုပါဒေသတွင်
တမလန်းသစ် အရောင်းအ၀ယ်သွားလုပ်သူ အချို့ထံမှ
သိရသည်။
                                              စိုင်းလူမင်း၊မီဒီယာဂရု
                                              Sailumin35@gmail.com
>>>>>>>>>>>>>>>>>>>>>

“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။
 

No comments:

Post a Comment