အမျိုးသားဒီမိုကရေစီအင်အားစုပါ တီ
သတင်းထုတ်ပြန်ရေးအဖွဲ့
သတင်းထုတ်ပြန်ချက်အမှတ် (၁၆/၂၀၁၄)
ရက်စွဲ၊ ၁၂-၄-၂၀၁၄
ဖက်ဒရယ်ဒီမိုကရေစီမဟာမိတ်FDA
အစည်းအဝေးကျင်းပ
၁၂-၅-၂၀၁၄ ရက်နေ့
နေ့လည် ၁း၃၀ နာရီတွင် အနောက်မြင်းပြိုင်ကွင်းလမ်းရှိ
အမျိုးသားဒီမိုကရေစီ အင်အားစုပါတီဌာနချုပ်ရုံးတွင် ဖက်ဒရယ်ဒီမိုကရေစီမဟာမိတ် FDA ၏
ပဉ္စမအကြိမ်မြောက် အစည်းအဝေးကို ကျင်းပပြုလုပ်ခဲ့သည်။
ထိုအစည်းအဝေးသို့
ကရင်ပြည်သူ့ပါတီ၊ ညီညွတ်သောဒီမိုကရက်တစ်ပါတီ၊ ဒီမိုကရေစီနှင့်ငြိမ်းချမ်းရေး ပါတီ၊
ဒီမိုကရက်တစ်ပါတီ(မြန်မာ)၊ မြန်မာ့လူ့ဘောင်သစ်ဒီမိုကရက်တစ် ပါတီနှင့် အမျိုးသားဒီမိုကရေစီအင်အားစု
ပါတီတို့မှ ပါတီခေါင်းဆောင်များ၊ ပါတီကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။
အစည်းအဝေးတွင် ပြည်ထောင်စုကော်မရှင်၏
ညွှန်ကြားချက်အမှတ် (၁/၂၀၁၄)ပါ အချက်များနှင့် ပတ်သက်၍ ပါတီအသီးသီး၏ ထင်မြင်ချက်များနှင့်
ပြည်ထောင်စုကော်မရှင်နှင့် ၁၅-၅-၂၀၁၄ရက်နေ့တွင် တွေ့ ဆုံရာတွင် တင်ပြရန်အချက်များများ၊ငြိမ်းချ မ်းရေးဆွေးနွေးပွဲများတွင်
နိုင်ငံရေးပါတီများ ပါဝင်ရေးနှင့် ပတ်သက် သည့် ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။ ထို့ပြင်
ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ေ ရးနှင့်ပတ်သက်ပြီး
ပါတီ အသီးသီး၏ လုပ်ဆောင်ချက်များကို မီဒီယာများမှတဆင့် ရှင်းလင်းပြောကြားရန်ကိုလည်း
သဘောတူညီခဲ့ပြီး အစည်းအဝေးကို လာမည့် ၁၄-၅-၂၀၁၄ ရက်နေ့တွင် ထပ်မံကျင်းပရန် ဆုံးဖြတ်ခဲ့သည်။
အစည်းအဝေးကို ညနေ
၃း၀၀နာရီတွင် အောင်မြင်စွာရုပ်သိမ်းခဲ့ပြီး သတင်းမီဒီယာများ၏ မေးမြန်းချက် များကို
ဒီမိုကရေစီနှင့်ငြိမ်းချမ်းရေး ပါတီ အထွေထွေအတွင်းရေးမှူး ဦးမျိုးညွှန့်၊ ညီညွတ်သောဒီမိုကရက်တစ် ပါတီ ဥက္ကဌ ဦးလှမြင့်နှင့်
ကရင်ပြည်သူ့ပါတီဒုဥက္ကဌ ဦးစောဆေးဝါးတို့က ဖြေကြားခဲ့ကြောင်း သတင်းထုတ်ပြန် အပ်ပါသည်။
လာမည့် ၁၄-၅-၂၀၁၄
ရက်နေ့ ညနေ ၄း၀၀နာရီတွင် သတင်းစာရှင်းလင်းပွဲပြုလုပ်ရန် ရှိပြီး ဖက်ဒရယ်ဒီမိုကရေစီမဟာမိတ်
FDA ၏ ပြည်ထောင်စုကော်မရှင်၏ ညွန်ကြားချက်အမှတ် ၁/ ၂၀၁၄ အပေါ် ထုတ်ပြန်ချက်နှင့် အခြေခံဥပဒေပြင်ဆင်ရေး
နှင့်စပ်လျဉ်းပြီး ပါတီများ၏သဘောထားကို ထုတ်ပြန်မည်ဖြစ်သည်။
ထို့ကြောင် သတင်းမီဒီယာများအနေဖြင့် တက်ရောက်မေးမြန်းနိုင်ပါကြောင်း
ဖိတ်ခေါ်အပ်ပါသည်။
No comments:
Post a Comment