စစ်ကိုင်းတိုင်းဒေသကြီး ကောလင်းမြို့နယ် ရေကန်သာအုပ်စုဂွေးချိုရွာဘုန်း
တော်ကြီးကျောင်း၌ကျင်းပပြုလုပ်သည့် ဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာသင်တန်းဖွင့်ပွဲအခန်းအနားကို၁၃၇၆ခုနှစ်ကဆုန်လ္ဆန်း(၁၀)ရက်နေ့ကကျင်းပပြုလုပ်ရာ အခန်းအနားသို့ဂွေးချိုကျောင်းဆရာတော်ဦးသာဂရ၊ ခမောက်တောင်ကျောင်းဆရာတော်ဦးကောဝိဒနှင့်သင်တန်းပို့ချမည့်မန္တလေးမြို့ရေတံခွန်တောင်
သစ္စဝေဒဂူရိပ်သာ ကျောင်းတိုက်မှဆရာတော်များ၊ ဂွေးချိုရွာ၊ ခမောက်တောင်ရွာ၊
လွဲမောက်ရွာ၊ နတ်ရေတွင်းရွာ၊ သဲကောရွာ၊ ရွာဟောင်းရွာတို့မှ
ရပ်မိ/ရပ်ဖများနှင့်သင်တန်းသို့တက်ရောက်ကြမည့်သင်တန်းသား/သူ လူငယ်မောင်မယ်များ(၅၀၀)ဦးခန့်တက်ရောက်ခဲ့သည်။ အခန်းအနားသို့ ကောလင်းမြို့ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှမြို့နယ်ဥက္ကဌ(အမှတ် ၁ မဲဆန္ဒနယ်မှတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်)ဦးအောင်သန်းဦး၊ မြို့နယ်အမှုဆောင်ဦးထွန်းမင်း၊ ဒုမြို့နယ်အုပ်ချုပ်ရေးမှူးဦးမောင်မောင်ချို တို့တက်ရောက်အားပေးခဲ့သည်။
အခန်းအနားတွင်သင်တန်းပို့ချမည့်အရှင်ဇနကနှင့်တိုင်းဒေသကြီးလွှတော်ကိုယ်စားလှယ်တို့ကသင်တန်းဖွင့်လှစ်ရခြင်းနှင့်ပတ်သက်သည်များရှင်းလင်းပြောကြားခဲ့သည်။ သင်တန်းအား(၁) ဗုဒ္ဓဘာသာမိဘပြည်သူများ၏ရင်သွေးမျက်ချယ်ကလေးငယ်များ အသိ(ဝိဇ္ဇာ)၊ အကျင့်(စရဏ)နှင့်ပြည့်စုံသည့် ဗုဒ္ဓဘာသာဝင်ကောင်းတစ်ယောက်ဖြစ်လာစေရန် (၂)ပရိယတ် ပဋိပတ် ပဋိဝေဓ သာသနာတော်သုံးရပ်ကို စဉ်ဆက်မပြတ်ပုခုံးပြောင်းတာဝန်ယူထမ်းဆောင်ကြမည့် ရှင်ရဟန်းကောင်းများပေါ်ထွက်လာစေရန် (၃) ခေတ်ပညာတတ်သိခြင်းပေါ်တွင်မြတ်ဗုဒ္ဓ၏ဘာသာရေးကိုယ်ကျင့်တရားတို့ဖြင့်ထိန်းချုပ်၍ အတ္တလွန်စရိုက်ဆိုးများကိုဖယ်ရှားပြီး အများကောင်းကျိုးကိုစွမ်းစွမ်းတမံ သယ်ပိုးဆောင်ရွက်ကြမည့်လူသားအရင်းအမြစ်များတိုးပွားဖြစ်ထွန်းလာစေရန် ရည်ရွယ်၍ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း၊ ယဉ်ကျေးလိမ္မာအခြေပြုအဆင့်၊ ယဉ်ကျေးလိမ္မာပထမဆင့်တို့ကို မြန်မာနိုင်ငံရေးဆိုင်ရာ ဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာပြန့်ပွားရေးအဖွဲ့၏မူအတိုင်းကဆုန်လ္ဆန်း(၁၀)ရက်မှကဆုန်လပြည့်ကျော်(၅)ရက်နေ့အထိဖွင့်လှစ်သွားမည်ဖြစ်ကြောင်း၊
သင်တန်းအထွေထွေကုန်ကျစရိတ်အတွက် အလှူရှင်ဦးစိုးမင်း
ဒေါ်ယဉ်ယဉ်ထွေးမိသားစုတို့မှ မတည်လှူဒါန်းငွေကျပ်သိန်း ၅၀
လှူဒါန်းခဲ့ကြောင်းသိရသည်။
သင် မသေခင်
ရင်မြေကတုတ် နောက်မဆုတ်ဘဲ
ဗုဒ္ဓယဉ်ကျေး သွန်သင်ပေးလော့
တို့သွေးမြန်မာ ဤမြေသာ၌
ရေပြာပေါ်တင့် ရွှေကြာပွင့်သို့
ရှည်မြင့်ကာလ တင့်ရွှင်းပဖို့
တို့ရွှေမြန်မာ ဤကမ္ဘာ၌
ရောင်ဝါတောက်ထွန်း တက်နေဝန်းသို့
ဖြာသွန်းရောင်ခြည် ရွှန်းလက်တည်ဖို့
မြတ်စွာဗုဒ္ဓ အဆုံးအမဖြင့်
ဘဝမြင့်တင် ကောင်းအောင်ပြင်ဖို့
သင်တို့ ငါတို့ တာဝန်တည်း.........
ရင်နှစ်သီးချာသားရတနာ သမီးရတနာများအား မြတ်စွာဗုဒ္ဓ၏အဆုံးအမများအတိုင်း လမ်းမှန်ညွန်ပြ သွန်သင်ဆုံးမပေးကြပါသော အားလုံးသောပုဂ္ဂိုလ်များအားကျေးဇူးအထူးတင်ရှိပါကြောင်း သင်တန်းသား/သူ မိဘများ၏ ကိုယ်စား မှတ်တမ်းတင်ဂုဏ်ပြုအပ်ပါသည်။
>>>>>>>>>>>>>>>>>>>>>
အခန်းအနားတွင်သင်တန်းပို့ချမည့်
သင် မသေခင်
ရင်မြေကတုတ် နောက်မဆုတ်ဘဲ
ဗုဒ္ဓယဉ်ကျေး သွန်သင်ပေးလော့
တို့သွေးမြန်မာ ဤမြေသာ၌
ရေပြာပေါ်တင့် ရွှေကြာပွင့်သို့
ရှည်မြင့်ကာလ တင့်ရွှင်းပဖို့
တို့ရွှေမြန်မာ ဤကမ္ဘာ၌
ရောင်ဝါတောက်ထွန်း တက်နေဝန်းသို့
ဖြာသွန်းရောင်ခြည် ရွှန်းလက်တည်ဖို့
မြတ်စွာဗုဒ္ဓ အဆုံးအမဖြင့်
ဘဝမြင့်တင် ကောင်းအောင်ပြင်ဖို့
သင်တို့ ငါတို့ တာဝန်တည်း.........
ရင်နှစ်သီးချာသားရတနာ သမီးရတနာများအား မြတ်စွာဗုဒ္ဓ၏အဆုံးအမများအတိုင်း လမ်းမှန်ညွန်ပြ သွန်သင်ဆုံးမပေးကြပါသော အားလုံးသောပုဂ္ဂိုလ်များအားကျေး
ရိုသေစွာဖြင့်
သွေးသစ်
သွေးသစ်
No comments:
Post a Comment