For Users



“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။

HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။

HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။
HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။ တိုက်ရိုက် Download Link များလိုချင်သူများ အတွက် HWH News v4.4 http://www28.zippyshare.com/v/56152148/file.html HWH Feel v4.4 http://www28.zippyshare.com/v/32022878/file.html HWH U v3.3 http://www28.zippyshare.com/v/89602710/file.html HWH For Windows XP/7/8 http://www42.zippyshare.com/v/45555730/file.html

Download ဆွဲနည်း

Download ဆွဲနည်း
Download ဆွဲနည်း

Sunday 18 May 2014

စွမ်းအင်၏ လက်ရှိဖြစ်အင် နှင့် သိက္ခာမရှိ၊ ရိက္ခာအတွက်စွမ်းအင် အကြောင်း တစ်စေ့တစ်စောင်း ►“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”



စွမ်းအင်၏ လက်ရှိဖြစ်အင်

စွမ်းအင်ဝန်ကြီးဌာန၏ မသမာမှုများမှာ ယခင်စစ်အစိုးရလက်ထက်မှ ယနေ့ ဒီမိုကရေစီရနေတဲ့အချိန်ထိ မပြုပြင်မပြောင်းလဲသေးပါ။ နိုင်ငံအတွက် နစ်နာဆုံးရှုံးမှုဟာ အချိန်ကာလအားဖြင့် အတော်ကြီးကို ကြာနေခဲ့ပါပြီ။
       ယခင်စစ်အစိုးရလက်ထက်ကတည်းက ခိုးလာလိုက်ကြတဲ့ စွမ်းအင် ၀န်ထမ်းတွေဟာ ဆွေစဉ်မျိုးဆက်အလိုက် သူခိုးလက်ဆင့်ကမ်း သူခိုး လေးတွေ မွေးထုတ်ပေးခဲ့ကြပါတယ်။ ယခုဒီမိုကရေစီ ကူးပြောင်းတဲ့ကာလ အထိ ခိုးနေလိမ်နေကြတုန်း အထက်ကလည်း အဆင့်ဆင့် မသိချင်ယောင်ဆောင် ယူနေကြတုန်းပါပဲ။ ၀န်ထမ်းခန့်တာယူ၊ ရာထူးတိုး တာယူ၊ အပြောင်းအရွှေ့ယူ၊ အကုန်ယူနေကြတဲ့ ညွှန်ကြားရေးမှူး များ တစ်နိုင်ငံလုံးရှိ တိုင်းဒေသအလိုက် ရေနံရှာဖွေတူးဖော်ရေး အထွေထွေ မန်နေဂျာများ ရေနံဓါတုချက်လုပ်တဲ့ စက်ရုံမှူးကြီးများနှင့် သိုလှောင်ဖြန့်ဖြူး ရေးဌာနကြီးများ၏ အထွေထွေမန်နေဂျာများမှာ မိုးကျရွှေကိုယ်တော်ကြီး များဖြစ်၍ သူတို့က စီမံအုပ်ချုပ်လုပ်ပိုင်ခွင့်ပေးပြီး အောက်ခြေအဆင့်မှ အရာရှိကြီးများအထိ သူ့နေရာနှင့်သူ၊ သူ့လုပ်ပိုင်ခွင့် သူ့နည်းသူ့ဟန်နှင့်အတူ ယူနေကြတာ အရင် တုန်းကယူလာလိုက်ကြတာ ယခုအချိန်ထိ ယူ၍ကောင်းနေတုန်းပါပဲ။ ဘာမှ မပြောင်းလဲသေးတဲ့ စွမ်းအင်ရဲ့ အဖြစ်မှန်တွေပါပဲ။
       မြန်မာ့ရေနံထွက်ပစ္စည်းရောင်းဝယ်ရေးလုပ်ငန်းလက်အောက်ရှိ တစ်နိုင်ငံလုံးမှ ဓာတ်ဆီဆိုင်မန်နေဂျာများ၊ ဆီဖြည့်ဝန်ထမ်းများ၏ အဆင့်ဆင့် ခိုးယူမှုများကို တိုင်းအရာရှိများအတွက်လည်းကောင်း၊ ၎င်းတို့မှတစ်ဆင့် ညွှန်မှူးအဆင့်ဆင့်မှ ၀န်ကြီးအဆင့်ထိ ဂါရ၀တရားများဖြင့် လစဉ်ပံ့ပိုးပေးခဲ့ရတဲ့နှစ်တွေဟာ စစ်အစိုးရလက်ထက်တစ်လျှောက်လုံးပင် ဖြစ်ခဲ့ပါသည်။ ဓာတ်ဆီဆိုင်မန်နေဂျာများ  ဆိုင်ဝန်ထမ်းများကလည်း မိသားစုအတွက်ခိုးရတာပင်အားမရ၊ မယားငယ်၊ စင်တင်၊ ကေတီဗီမယ်များ အတွက်ပင် ရသလောက်ခိုးယူခဲ့ကြတာ၊ ပုဂ္ဂလိကလွှဲအပ်ခံရတာတောင် နှမလက်လျှော့မနေချင်သေးပဲ ဒီမိုကရေစီကို အမုန်းကြီးမုန်းနေကြပါတယ် (မခိုးရတော့လို့ပါ)။ သူတို့တွေခိုးလို့ ကောင်းနေကြတုန်းအချိန်တွေမှာ ၈၈ မျိုးဆက်ကျောင်းသားတွေမှာတော့ ထောင်သွင်းအကျဉ်းချခံနေရတာပါ။ ယခုအချိန်ထိ ကျန်ရှိနေတဲ့ ပင်မရေနံဌာနကြီးများ၊ ဌာနခွဲများမှ အထွေထွေ မန်နေဂျာများ ဌာနခွဲမန်နေဂျာများနှင့် ၀န်ထမ်းများမှာ ခိုးလို့ကောင်းတုန်း ယူလို့ကောင်းတုန်း၊ အထက်အဆင့်ဆင့်သို့လည်း ဂါ(ဂါရ၀)လို့ကောင်းတုန်း မပြောင်းလဲသေးပါ။ ဆိုင်မန်နေဂျာများ၊ ဆိုင်ဝန်ထမ်းများကသာ ဟိုပြောင်း ဒီရွှေ့၊ ဟိုရောက်ဒီရောက်၊ ပုဂ္ဂလိကပြောင်းသူပြောင်းနှင့် မိသားစုတွေ ကစဥ့်ကလျားဖြစ်ခဲ့ပေမယ့် အဲဒီအချိန်မှာ ၀န်ကြီးကတော့ ဓာတ်ဆီဆိုင် များကို လမ်းဘေးအိမ်တစ်လုံးလောက်တောင်မရှိဘဲ နီးစပ်ရာ ဆွေမျိုးအသိုင်းအ၀ိုင်းများနှင့် ခရိုနီ၊ ခရိုနက်များထံ ဈေးပေါပေါဖြင့်ရောင်းချ ခဲ့ကာ အကြံတူတပည့်လက်သားများကို အလုပ်ထွက်ခိုင်ပြီးတော့ စီးပွားရေး အခိုင်အမာဖြစ်အောင် မတည်ပေး၊ သားသမီးတွေချမ်းသာအောင် လုပ်ကိုင်ပေးခဲ့ပြီး သူကတော့ လွှတ်တော်မှာ အခန့်သားထိုင် သူမဟုတ် သလို၊ သူဘာမှ လုပ်မထားသလို သူ့လောက်တတ်လွန်းသူ၊ သိလွန်းသူ မရှိတော့သလို နိုင်ငံတော်ရဲ့ဘဏ္ဍာကို ထပ်ပြီးချွေယူနေတာဟာ တိုင်းပြည်ရဲ့မျက်နှာ မထောက်ထားဘဲ အရှက်အကြောက်တရားကင်းမဲ့လွန်း လှပါတယ်။
       ယနေ့အချိန် ဒီမိုကရေစီသို့ ရှေ့ရှုချီတက်နေချိန် clean တွေ good တွေပြောနေပေမယ့် စွမ်းအင်ဌာနကြီးရဲ့ ၀န်ထမ်းတွေကတော့ ဆီထမင်း တွေစားလို့ကောင်းနေတုန်း၊ ဓာတ်ငွေ့တွေရှူလို့ကောင်းနေတုန်းမို့ လေကောင်း လေသန့်ကိုတောင် မရှူနိုင်မရှိုက်နိုင်တော့ပါ။ ရေနံတူးဖော်ရေး အဖွဲ့တွေ ဆီရောင်းပြီးထမင်းစားလာခဲ့တာ သားစဉ်မြေးဆက်ဆီထမင်းစား လာခဲ့ရတာကို ၀မ်းမ၀နိုင် ယနေ့တိုင်ခိုးမြဲ ခိုးနေကြတာ ရှက်ရကောင်းမှန်း မသိနိုင်အောင်ပါဘဲ။ မခိုးရယင်မနေနိုင်တာကလွဲလို့ အလုပ်ပေါ်စိတ်ဝင်စားမှု မရှိ အချောင်ခိုအချောင်နေ အချောင်ရ အချောင်စားဘ၀ဖြင့် အရက်ကို နေ့မနား ညမနားသောက်၊ လူမှုရေးဖောက်ပြန်မှုတွေ ကျူးလွန်၍ကောင်းနေ ကြတုန်းပါ။ နိုင်ငံရေးဆိုတာ ဆီထမင်းလောက် စားမကောင်း၊ အရသာမတွေ့ စိတ်မ၀င်စားသောဘ၀များဖြင့် သားစဉ်မြေးဆက် သူခိုးအမွေပေး၍ သူဌေးကြီးများဘ၀ကို အိပ်မက်မက်ရင်း အသက်ရှင်နေထိုင်လာတဲ့ အကျင့် ဆိုးတွေကို ဘယ်လိုမှ ပြုပြင်၍မရနိုင်တော့တဲ့ လူ့ဗာလတွေ ဖြစ်မှန်းမသိ ဖြစ်နေကြတာ တိုင်းပြည်အတွက် အလွန်ရင်လေးစရာကောင်းလှပါတယ်။
       ထို့အတူ ရေနံရှာဖွေတူးဖော်ရေးဌာနမှ ရှာ၍ပေးသော ရေနံ ဓာတ်ငွေ့များကို ချက်လုပ်နေကြသော ရေနံချက်စက်ရုံဝန်ထမ်းများကလည်း ပို၍သာ၍သာ ခိုးကြသောသာခိုးကြီးများပင် ဖြစ်နေကြပါတယ်။ တူးဖော် ပေးတဲ့လူကလည်း ခိုးပြီးမှပေးတယ်။ ချက်လုပ်တဲ့အဖွဲ့ကလည်း ခိုးထုတ်၍ သယ်ယူပို့ဆောင်ရေး အဖွဲ့ကလည်း သယ်ထုတ်၍ပေး၊ လုံခြုံရေးအဖွဲ့ ကြီးကြပ်ရေးအဖွဲ့ အထူးအရာရှိကြီးများကလည်း ကမ္ဘာ့ရေနံ အိုပက်ဈေးကွက် ကြီးကဲ့သို့ ဈေးကစား၍ သူ့နေရာနဲ့သူ အဆင့်ဆင့် စီမံကွပ်ကဲပြီး ခိုးစားပေါင်းစားနေကြတာ ယနေ့တိုင် မပြောင်းလဲသေးပါ။ ပြောင်းလဲဖို့လည်း မကြိုးစားကြပါ။
       ရေနံရှာဖွေတူးဖော်ရေးအထွေထွေမန်နေဂျာများ၊ ရေနံချက် စက်ရုံကြီး များ၏ စက်ရုံမှူးအထွေထွေမန်နေဂျာများ၊ ရေနံသိုလှောင်ဖြန့်ဖြူး ရေးဌာနကြီးများ၏ အထွေထွေမန်နေဂျာများနှင့် စက်ရုံအလုပ်ရုံများနှင့် ရေနံ တူးစင်များ ရေနံပိုက်လိုင်များ လုံခြုံရေးအတွက် စီမံကွပ်ကဲရသော အထူး အရာရှိကြီးများမှာ မိုးကျရွှေကိုယ်ကြီးများ ကြီးစိုးနေကြပြီး စားပေါက် စားလမ်းများ ဖန်တီးတီထွင်ပေးလိုက်သော သူတို့ရဲ့ ဆရာကြီးတွေ အစွမ်းထက်သော စွမ်းအင်ကြီးဖြစ်နေပါတယ်။ ထို့ထက်ပို၍ဆိုးသည်မှာ အဆင့်ဆင့်ခိုး၍ စာရင်းအင်းများ လိမ်ပေးနေကြသူ ခွဲတမ်းယူ၍ အထက် အဆင့်ဆင့်သို့ ပံ့ပိုးပေးနေကြသူများမှာ တိုင်းပြည်ရဲ့ ပညာတတ်ကြီးများ၊ အင်ဂျင်နီယာကြီးများ ဖြစ်နေကြသည်မှာ အလွန်ရင်နာ နှမျော ၀မ်းနည်းစရာကောင်းလှပါတယ်။ ရေနံတူး၊ သယ်ပို့၊ ချက်လုပ်၊ သိုလှောင် ဖြန့်ဖြူးရေးအရာရှိကြီးများမှာ ပညာတတ်ကြီးများ အင်ဂျင်နီယာကြီးများက ကိုယ့်အတွက် မိသားစုအတွက်မကျန်လျှင် အလုပ် မလုပ်တတ်အောင် ဈေးကွက်စီးပွားရေးဆန်နေကြပါတယ်။ လူတွေတင် မကောင်းတာလား ဆိုတော့ စက်ယန္တရားများကလည်း လုံးဝကောင်းမွန်ခြင်း မရှိတော့ပါ။ ပြင်ဆင်နိုင်တဲ့ ပညာရှင်များကလည်း ခိုးတဲ့ ယူတဲ့ ပညာပဲ တတ်တော့တယ်။ လက်ပူတိုက်မောင်းနှင် နေရသောအဆင့်ကို ရောက်နေ ပါပြီ။ သယ်ယူ ပို့ဆောင်ရေး ယာဉ်တွေဟာလည်း သူတို့အိမ်က ကိုယ်ပိုင်ကား တွေလောက် ကောင်းမွန်ခြင်းမရှိပေမယ့် လစဉ် ရရှိနေသော ခွဲတမ်းဆီများကိုတော့ လစဉ်မကုန်ကုန်အောင် မောင်းပေးနိုင်သော ယာဉ်မောင်းတွေက အဆင်သင့် ရှိနေကြပါတယ်။ ဒီလူတွေနဲ့ ဒီပုံစံ ဒီအတိုင်းသာ ရှေ့ဆက်စခန်း သွားရရင်ဖြင့် ဒီတိုင်းပြည်ဟာလည်း ဒီထက်မက ဆိုးဝါးဖို့ပဲရှိပါတော့တယ်။

မှတ်ချက်
၁။    လက်ရှိ ပုဂ္ဂလိကသို့ လွှဲပြောင်းပေးလိုက်သော စက်သုံးဆီ အရောင်းဆိုင်များမှလည်း ဆီခွဲတမ်းများကို ပြည်သူကိုရောင်းတာ နည်းနည်း၊ အမြတ်များများရသောနေရာများသို့ ရောင်းစားတာများများ ဖြစ်နေကြ ပါတယ်။
၂။    CNG, LPG အရောင်းဆိုင်များ၊ ဆီသိုလှောင်ဖြန့်ဖြူးရေးဌာနများနှင့် သယ်ယူပို့ဆောင်ပေးနေကြသော ဆီတင်တွဲကြီးများနှင့် ဘောက်ဆာ ယာဉ်များ၊ ယာဉ်မောင်များ မသမာမှု ကျူးလွန်သူ အပြည့်ဖြစ်နေကြပါတယ်။ CNG, LPG အရောင်းဆိုင်ဝန်ထမ်းများကိုလည်း အလှည့်ကျစနစ်နဲ့ ခိုးခိုင်းပါတယ်။ ဆီသယ်ယာဉ်ကြိးများကိုလည်း အလှည့်ကျယာဉ်မောင်း များဖြင့် ဝေစားမျှစားဖြင့် ခိုးခိုင်းထားပါတယ်။
၃။    စွမ်းအင်လက်အောက်ရှိ လုပ်ပိုင်ခွင့်အသီးသီးမှ ဝေစားမျှစားမှုတွေမှ ပံ့ပိုးမှုများမှာ အောက်ခြေမှ အထက်သို့ အဆင့်ဆင့်ပေးကမ်းရသော်လည်း မသမာမှု တွေ့ရှိတိုင်ကြားခံရသည့်အခါ အရေးယူမှုသည် အထက်လုပ် ပိုင်ခွင့်ရ ပုဂ္ဂိုလ်ကြီးများမှ အောက်ခြေ၀န်ထမ်းများကို ဖိနှိပ်အရေးယူမှုတွေ ပြုလုပ်ပြီး သူတို့ဆီ အမှုမပတ်အောင် နည်းမျိုးစုံနှင့် ရှောင်ရှားတတ်ကြသော လူကြီးများသည် ယနေ့အချိန်ထိ စင်တင်၊ ကေတီဗီ၌သာ နိုင်ငံ့ဘဏ္ဍာများကို ဖြုန်းတီးနေကြဆဲ၊ ခိုးမြဲခိုးဆဲ ခိုး၍ကောင်းနေ ကြသော ဇာတ်တော်ထဲက ခိုးသားငါးရာတို့၏ မျိုးဆက် စွမ်းအင်ကြီးပင်ဖြစ်နေပါသည်။      

                                                     စွမ်းအင်ဝန်ထမ်းတစ်ဦး

သိက္ခာမရှိ၊ ရိက္ခာအတွက်စွမ်းအင်
-      စွမ်းအင်ဝန်ကြီးဌာနလက်အောက်ရှိ ၀န်ထမ်းအားလုံးနီးပါး (ရုံးချုပ်မှ တိုင်းဒေသကြီးပြည်နယ် အသီးသီး)ဌာနအားလုံး၌ တာဝန်ထမ်းဆောင် နေကြသူများသည် တာဝန်ယူမှု၊ တာဝန်ခံမှုမရှိ အခွင့်အရေးအတွက်သာ အလုပ်လုပ်နေသလိုဖြစ်နေပြီး အလုပ်ချိန်၊ ရုံးချိန်အပြည့် လုပ်ငန်းခွင်တွင်မရှိ၊ လုပ်စရာအလုပ်မရှိသလို ရုံးသို့လာပြီး အပန်းဖြေအနားယူ၍ အိပ်လိုက် စားလိုက်နှင့် အချိန်ကုန်ခံ၊ ရုံးချိန်ထက်စောစွာအလုပ်ဆင်း၊ အချိန်တန် လစာထုတ်၊ တစ်ခြားအခွင့်အရေးများမှ ရစရာရှိသမျှခွဲတမ်းများတောင်းပြီး တိုင်းပြည်တာဝန်ယူနေကြပုံများမှာ ရှက်စရာကောင်းမှန်းမသိ ရိက္ခာအတွက် သိက္ခာနှင့်လဲလှယ်နေကြပုံများမှာ စံနမူနာလွဲနေသကဲ့သို့ဖြစ်ပြီး စာရင်း ဇယားလိမ်၍ တောင်းယူ၊ ခိုးယူနေကြသူများ၊ လစာထက်ပို၍ ၀င်ငွေများ ရနေကြသူများ၊ သူတို့မိသားစုဝင်များ ၀င်ငွေကောင်းတိုင်း သုံးဖြုံးနေကြသူ များကို သူတို့၏ပတ်ဝန်းကျင်ရှိသူများက အထင်ကြီးလေးစားကြသူ၊ သူခိုးကို သူကြီးထင်နေကြပုံများ မြန်မာပြည်မှာ အထင်အရှားဖြစ်နေပါသည်။
-      ဌာနအတွင်း ၀န်ထမ်းအချင်းချင်းတွင်လည်း နေရာကောင်းရသူများကို မနာလို၊ လူကြီးနှင့်ရင်းနှီးသူများ၊ ဆွေမျိုးသားချင်းများအား ဖားယား၍ နေရာကောင်းရယူရန်ကြိုးစားနေကြသူများ၊ လုပ်ငန်းကျွမ်းကျင်သူများ ကလည်း နေရာကောင်းမှဖယ်ပေးရမည်ကိုကြောက်၍ မိမိလုပ်ငန်းများကို အခြားဝန်ထမ်းများကို သင်မပေးကြသူများ၊ ခွင်ကောင်းနေသူများကလည်း အထက်အရာရှိများပေါင်းစား၍ အောက်ခြေကက၀န်ထမ်းများ ဘာမှမသိ ပြဿနာတက်တော့ အောက်ခြေ၀န်ထမ်းကိုထိုးကျွေး မိမိကိုယ်တိုင် ကိုယ်လွုတ်ရုံး အခွင့်ထူးခံနေကြသူများ၊ အောက်ခြေ၀န်ထမ်းများကလည်း ငါတို့ဘာလုပ်လုပ် အကောင်းပြောမခံရ ဘာမှမလုပ်တာမှ တော်ဦးမယ်ဆိုတဲ့ အောက်ကျတဲ့စိတ်ဓါတ်တွေနဲ့ အလုပ်မလုပ်တော့ပဲ အရက်သမားဖြစ်သူဖြစ် အပြင်စီးပွားရေးထွက်ရှာသူရှာနဲ့ စိတ်ဓါတ်တွေပျက်စီးသူတွေ ဒုနဲ့ဒေးများကုန်ရပြီး အချောင်နေ၊ အချောင်စား၊ အချောင်ရဖို့နဲ့ အာချောင်ရဖို့ပဲများနေတဲ့ ၀န်ထမ်းတွေ တစ်နိုင်ငံလုံး နေရာအတော် များများမှာ ပျော်ဝင်ပျက်စီးနေကြတာ ဘယ်လိုမှပြုပြင်လို့မရနိုင်တော့တဲ့ အခြေအနေဆိုးကြီးတစ်ခုဖြစ်နေတာ အချိန်အားဖြင့် ဆယ်စုနှစ်တစ်ခုနီးပါး ဖြစ်ပေါ်မှုဟာ တိုင်းပြည်အတွက် အလွန်နစ်နာသလို အလွန်ပဲဝမ်းနည်းစရာ ကောင်းလှပါသည်။
-      ထိုထက်ပိုဆိုးသည်မှာ ဤကဲ့သို့ဝန်ထမ်းများ၏ မိန်းမများ၊ သားသမီးများမှာလည်း မိမိတို့ အဖေ၊ အမေ မည်ကဲ့သို့ဝင်ငွေရနေ ကြသည်ကို သိသိကြီးနှင့် ကြွားလုံးထုတ်သုံးဖြုန်းနေကြပုံမှာ မဟုတ်တဲ့နေရာမှ ရတဲ့ငွေများကလည်း မဟုတ်တဲ့နေရာမှာ ကုန်နေကြရ ပါတယ်။
-      ကျွန်တော်တို့ရဲ့ စွမ်းအင်ဝန်ကြီးဌာနလက်အောက်ရှိ ဟိုတစ်ချိန်က ရွှေခေတ် ဖြစ်ခဲ့သော ဓါတ်ဆီဆိုင်ဝန်ထမ်းများ ဘ၀ပျက်သူပျက်၊ သေသူသေနှင့် နိဂုံး မလှမပသူများရှိခဲ့သလို ယခုအချိန်ထိလည်း အမြင်မှန်မရပဲ ရှာဖွေတူးဖော် ရေးကလည်း ယခုအချိန်ထိစိုးလို့ကောင်း၊ စာရင်းလိမ်လို့ကောင်းတုန်း၊ စက်ပစ္စည်းယန္တရားများနှင့် မော်တော်ယဉ်ကျောများကလည်း ဒု-ကမ္ဘာစစ်က လက်ကျန်ပစ္စည်းများ အိုမင်းယိုယွင်းနေသော စက်/ယန္တရား၊ ယာဉ်နှင့် ပိုက်လိုင်းများနှင့် အလုပ်ဖြစ်အောင် လုပ်နေကြရပြီး ၀န်ထမ်းများအတွက် နေစရာမှအစ အလုပ်လုပ်သည့်နေရာအဆုံး ဘာမှပြည့်စုံမှုမရှိ၊ ဘာအကျိုး ခံစားခွင့်မျှမရှိ ဖြစ်သလိုလည်ပတ်နေကြရတာ အလွန်ဆိုးရွားလှတဲ့အဖြစ်ကို ရောက်နေတာ အတော်ကြာပါပြီ။
-      စက်ရုံ၊ အလုပ်ရုံ၊ ချက်လုပ်၊ သိုလှောင်၊ ဖြန့်ဖြူးရေးဌာနများမှ ၀န်ထမ်းများနှင့် အရာရှိကြီးများ၏ စက်သုံးဆီများကို ကိုယ်ကျိုးအတွက် ရောင်းချသုံးစွဲကြတဲ့ စက်သုံးဆီဂါလန်ပမာဏများ၊ အစိုးရပိုင်ခေတ်က ဓာတ်ဆီဆိုင်ဝန်ထမ်းများ ခိုးယူကိုယ်ကျိုးရှာ ရောင်းချသုံးစွဲခဲ့သော စက်သုံးဆီဂါလန်ပမာဏများမှာ မရေမတွက်နိုင်အောင်များပြားခဲ့တာ ယခုလက်ရှိ ရန်ကုန်တိုင်း လွှတ်တော် ဥက္ကဌကြီးနှင့် သူ့ဆရာ ပြည်သူ့လွှတ်တော်တွင် လွှတ်တော်အမတ် ဖြစ်နေသော စွမ်းအင်ဝန်ကြီးဟောင်းတို့ပင် အတိကျသိမည်မထင်။ စားတော့ စားခဲ့ကြတာပဲ။ တစ်ဆွေလုံး တစ်မျိုးလုံး မ၀နိုင်ဖြစ်ခဲ့ကြတာ နောက်ဆုံး ဓါတ်ဆီဆိုင်တွေ ပုဂ္ဂလိကပေးတဲ့အချိန်ထိ တပည့်တပန်းတွေနဲ့ စားလို့ဝါးလို့ ကောင်းခဲ့ကြပါတယ်။ ဒါကြောင့်လည်း ပိုင်ဆိုင်မှုတွေဖော်ပြဖို့ ကန့်ကွက်ခဲ့ကြတာ အရမ်းကို ထင်ရှားခဲ့ပါတယ်။
-      ရေနံချက်စက်ရုံ၊ ဓါတ်ငွေ့စက်ရုံ၊ ဓါတ်မြေသြဇာစက်ရုံတွေက စက်/ယန္တရား များဟာလည်း အိုမင်း၊ ဟောင်းနွမ်း၊ ဆွေးမြေ့နေတာကို လူကြီးခရီးစဉ်ရှိမှ သန့်ရှင်းရေးလုပ်၊ ဆေးသုပ်၊ ဖုတ်ပူမီးတိုက်ပြုပြင်နေကြတာ ဟိုဘက် စစ်အစိုးရခေတ်ကစပြီး ဒီဘက်ခေတ်အစိုးရထိ ဒီအတိုင်းဆက်လက် ဆောင်ရွက်နေကြပြီး လုပ်ငန်းကျွမ်းကျင်သူပညာရှင်များကလည်း စစ်ဗိုလ် မိုးကျရွှေကိုယ်များကြောင့် ရာထူးမရ လုပ်ငန်းတိုးတက်အောင်မလုပ်ချင်၊ နောက်မှတက်လာသော အသစ်အသစ်သောပညာရှင်များကလည်း လုပ်ငန်း ကျွမ်းကျင်ဖို့က ဒုတိယ၊ အခွင့်အရေးယူ ခိုးဖို့က ပထမ ဖြစ်နေကြတော့ စက်ရုံတွေမှာလုပ်ငန်းကျွမ်းကျင်သူ နည်းပါးလာနေတာကြာပါပြီ။
-      ရေနံသိုလှောင်ဖြန့်ဖြူးရေးဌာနကြီးများနှင့် ဌာနခွဲများမှ မန်နေဂျာကြီးများ၊ အရာထမ်း၊ ၀န်းထမ်းအားလုံးကလည်း သူခိုးကြီး၊ သူခိုးလေးများပဲ ဖြစ်နေကြတာ ဟိုဘက်ခေတ်ကတိုင် ဒီဘက်ခေတ်အထိ အတူတူလိုက်ပါ ခိုးစားနေကြမြဲဖြစ်ပါတယ်။ မြို့တိုင်းနယ်တိုင်းမှာရှိတဲ့ ရေနံဝန်ထမ်းတွေ ရှိကြတဲ့မြို့တွေမှာ သူတို့ရဲ့ပိုင်ဆိုင်မှုတွေကို ပြည်သူတွေလေ့လာကြည့်ရင် သိနိုင်ပါတယ်။ ထို့အတူ အခြားဌာနဆိုင်ရာဝန်ထမ်းတွေ ဥပမာ - ဆည်မြောင်း၊ ဆောက်လုပ်ရေး၊ GE၊ သစ်တော၊ စည်ပင် စသည်ဖြင့် မြန်မာနိုင်ငံရဲ့ဝင်ငွေအများဆုံး Top (10)စာရင်းဝင် ၀န်ထမ်းတွေရဲ့ မိသားစုဝင်ပိုင်ဆိုင်မှုတွေကို နီးစပ်ရာလေ့လာကြည့်ပါက သူတို့တွေရဲ့ သားသမီးတွေ ဘယ်လိုသုံးစွဲနေလည်း လေ့လာကြည့်ပါက ဘယ်ကရတဲ့ ငွေတွေနဲ့လည်းဆိုတာတွေလဲဆိုတာကအစ ဘယ်လိုနေရတာလည်းအဆုံး ဘာတွေပိုင်ဆိုင်နေကြတာလည်းအကုန်လေ့လာပါ၊ ပြောကြပါ၊ ရေးကြပါ။ ၀န်ထမ်းတွေကလည်း မှိန်းမနေကြပဲ မှားနေတာတွေပြင်ကြပါ။ နောင်လာ နောက်သားတွေအတွက် ပြင်ပေးကြပါ။ သားသမီးတွေအတွက် ကြည့်မနေကြပါနဲ့။ ကမ္ဘာမှာ မြန်မာဟာ အရာရာနိမ့်ကျနေတာတွေသိပါ။ ဒီအချိန်အထိ မပြင်ကြရင် ဘယ်အချိန်မှပြင်ပြင်ကြမှာလည်း၊ သေမှပြင်ကြမှာလား၊ သေမှတော့ ဘယ်လိုမှပြင်လို့ရကြတော့မှာမဟုတ်ဘူး၊ အ၀ီစိကျမှ အပြစ်တွေပေးဆပ်ရမှ သားသမီးတွေ၊ မိန်းမတွေက မကယ်ကြတော့ဘူးဆိုတာ သိထားကြပါ။
-      ဌာနဆိုင်ရာအားလုံး လုပ်ငန်းတွေမတူညီကြတာ၊ စိုးပုံ၊ လိမ်ပုံ၊ အခွင့်အရေး ယူပုံ၊ ဖားပုံ၊ ယားပုံနဲ့ အလုပ်မလုပ်ပုံ၊ တာဝန်မယူပုံ၊ တာဝန်မခံပုံ အားလုံး အတူတူဖြစ်နေကြတာ အံ့သြစရာကောင်းပါတယ်။ ဒါ့အပြင် ဌာနဆိုင်ရာပိုင် မော်တော်ယာဉ်အားလုံး၏ လစဉ်စက်ဆုံးဆီခွဲတမ်းတွေကို အလုပ်ရှိရှိ၊ မရှိရှိ အကုန်သုံးစွဲတာချင်လည်း တူကြပါတယ်။ မတူတာတစ်ခုကြတော့ စွမ်းအင်ရှိတဲ့မော်တော်ယာဉ်အားလုံးကတော့ လူကြီးတွေရဲ့ကားတွေက လွဲရင် ကျန်တဲ့ကားတွေ တစ်စီးမှအကောင်းမရှိကြပါဘူး။ လက်ပူတိုက်ပြင်ပြီးမှ မဖြစ် ဖြစ်အောင် မောင်းနေကြရတာ စွမ်းအင်က ယာဉ်မောင်းတွေအားလုံးအသိပါ။ ဘောက်ဆာယာဉ်မောင်းတွေမပါပါ။ သူတို့က သူတို့ကားထွက်ရမှ ပိုတဲ့မောင်းဆီနဲ့ ခိုးတဲ့ဆီတွေရမှ တွက်ချေ ကိုက်ကြပါတယ်။
-      စွမ်းအင်ဝန်ကြီးဌာနရဲ့ ယခုလက်ရှိ အဆိုးရွားဆုံးအခြေအနေကတော့ ရေနံချက်စက်ရုံတွေ၊ ဓါတ်ငွေ့စက်ရုံနဲ့၊ ဓာတ်မြေသြဇာစက်ရုံတစ်ချို့ ရပ်ဆိုင်း ထားပြီး၊ အလုပ်မရှိသောဝန်ထမ်းတွေကို လစာပေးထားရခြင်း အပြင် ပြည်တွင်း ပုဂ္ဂလိကစက်သုံးဆီအရောင်းဆိုင်အတွက် စက်သုံးဆီခွဲတမ်းတွေ ကိုင်ထားပြီး၊ လိုသလောက်ဝယ်ယူရောင်းချခွင့်မရဘဲ ပုဂ္ဂလိကစက်သုံးဆီ တင်သွင်းသူတွေထံမှ ၀ယ်ယူနေရပြီး ရေနံချက်စက်ရုံ၊ သိုလှောင်ဖြန့်ဖြူးရေးဌာနကြီးများမှ တရားမ၀င်စက်သုံးဆီများ ပြင်ပစက်သုံးဆီပွဲစားများထံ တစ်ဆင့်ရောင်းချခံနေကြရပါတယ်။ စက်သုံးဆီ အရောင်းဆိုင်များမှ စက်သုံးဆီရောင်းချရမှု၊ စက်သုံးဆီ ဂါလံ ပမာဏနဲ့ ၎င်း အရောင်းဆိုင်ရှိသောမြို့နယ်များရှိ မော်တော်ယာဉ်များ၏ စက်သုံးဆီသုံးဆွဲ နိုင်မှုဂါလံပမာဏနှင့် ၎င်းစက်သုံးဆီအရောင်းဆိုင်၏ လစဉ်စက်သုံးဆီ ခွဲတမ်းများဝယ်၍ ရောင်းချရသော စက်သုံးဆီဂါလန်ပမာဏများစစ်ဆေး တွက်ချက်ကြည့်လျှင် ပြင်ပမှ တရားမ၀င်စက်သုံးဆီတွေ ဘယ်ဌာနဆိုင်ရာ များမှ ဘယ်လိုရောင်းစားကြပြီး စက်သုံးဆီများ (ဓါတ်ဆီ/ ဒီဇယ်ဆီ) ဖောင်းပွနေကြလည်းဆိုတာ အဲဒီဒေသရှိ စက်သုံးဆီပွဲစားကိုယ်စားလှယ် တွေမှတစ်ဆင့် စုံစမ်းစစ်ဆေးကြည့်ရင်သိနိုင်ပါတယ်။ ဆီတင်ယာဉ် (ဘောက်ဆာ၊ ဆီတင်ရေယာဉ်တွဲများ) မှတစ်ဆင့် ခိုးယူရောင်းစားခြင်း ခံကြရတာလည်း မရေမတွက်နိုင်သော စက်သုံးဆီဂါလန်ပမာဏအလွန် များပြားလှပါသည်။ ပုဂ္ဂလိက စက်သုံးဆီအရောင်းဆိုင်များကိုလည်း နိုင်ငံတကာအဆင့်မီ အရောင်းဆိုင်များ၊ နိုင်ငံခြား စက်သုံးဆီကုမ္ပဏီကြီးများနှင့် ပွင့်လင်းမြင်သာစွာ ပြည်သူ့မျက်နှာကိုကြည့်í လုပ်ကိုင်ခွင့်ပေးသင့်နေပါပြီ။
-      အချုပ်အားဖြင့်ဆိုရသော် စက်သုံးဆီဖောင်းပွနေမှု အဓိကအကြောင်းရင်းမှာ စွမ်းအင်၊ ဆည်မြောင်း၊ ဆောက်လုပ်ရေးလမ်းတံတားများမှ စက်သုံးဆီ လိုအပ်ချက်ပမာဏထက် များစွာပို၍ခွဲတမ်းမှာယူပြီး ပြင်ပစက်သုံးဆီ ကိုယ်စားလှယ်ပွဲစားများထံ ရောင်းစားမှု စက်သုံးဆီဂါလန်ပမာဏဟာ မြန်မာနိုင်ငံကို ကမ္ဘာ့အဆင့်မီနိုင်ငံတစ်ခုအဖြစ် ဖန်တီးတည်ဆောက်လို့ ရနိုင်ပါတယ်ဆိုတာ စက်သုံးဆီသုံးစွဲနေသူတိုင်း သိထားသင့်ပါတယ်။ မြန်မာနိုင်ငံစွမ်းအင်ဝန်ကြီးဌာနအပြင် အခြားဝန်ကြီးဌာနများလည်း အာဆီယံအဆင့်မှာပင် အဖက်ဖက်က နိမ့်ကျနွမ်းပါးနေရတာ သက်ဆိုင်ရာ လူကြိးများသိ၍ ၀န်ထမ်းများကလည်း လစာတာတိုးချင်နေ၍မဖြစ်၊ တိုင်းပြည်အတွက် ဘာမှမလုပ်ပေးနိုင်ပဲနဲ့ လစာထုတ်တိုင်း ကိုယ့်ကိုကိုယ် နိုင်ငံကိုဖျက်စီးနေကြသူများအဖြစ် မြင်ပေး၍ ရိက္ခာအတွက် အမြင်မှန်ရ၍ သိက္ခာဆယ်ပေးကြပါရန် အစိုးရဌာနဆိုင်ရာ ၀န်ထမ်းအားလုံး တောင်းပန်တောင်းဆိုအပ်ပါသည်။
ပြည်သူကိုသနားသော - ရေနံဝန်ထမ်းဟောင်းတစ်ဦး


>>>>>>>>>>>>>>>>>>>>>

“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။

No comments:

Post a Comment