For Users
“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။
HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။
HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။
HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။ တိုက်ရိုက် Download Link များလိုချင်သူများ အတွက် HWH News v4.4 http://www28.zippyshare.com/v/56152148/file.html HWH Feel v4.4 http://www28.zippyshare.com/v/32022878/file.html HWH U v3.3 http://www28.zippyshare.com/v/89602710/file.html HWH For Windows XP/7/8 http://www42.zippyshare.com/v/45555730/file.html
Download ဆွဲနည်း
Download ဆွဲနည်း
Download ဆွဲနည်း
Thursday 15 May 2014
ကောလင်းမြို့ရှိ တရားမ၀င် မှတ်ပုံတင်လုပ်သားများကို အ၀ယ်တော် ကိုယ်စလှယ်များမှ ကုန်ပစ္စည်းများ သယ်ယူပို့ဆောင်ခွင့် တားမြစ်သဖြင့် တရားမ၀င်လုပ်သားများမှ အလုပ်လက်မဲ့ဖြစ် ►“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”
စစ်ကိုင်းတိုင်းဒေသကြီး ၊ကောလင်းမြို့ရှိ
အလုပ်သမားဝန်ကြီးဌာန မြို့နယ်ပြည်တွင်းကုန်
တင်/ကုန်ချ ဌာနခွဲ-၂မှ အလုပ်သမားများကို
အ၀ယ်တော်ကိုယ်စလှယ်များမှ ကုန်ပစ္စည်းများကို
 သယ်ယူပို့ဆောင်ခွင့် မပြုသဖြင့် အလုပ်သမား
ဝန်ကြီးဌာန တရားမ၀င်မှတ်ပုံတင် လုပ်သားများ
မှာ အလုပ်လက်မဲ့ဖြစ်နေသည်မှာ တစ်နှစ်ကျော်၊
နှစ်နှစ်နီးပါးခန့် ကြာမြင့်နေပြီဖြစ်ကြောင်း သိရ
သည်။ အထက်ပါကိစ္စနှင့် ပတ်သတ်၍  ကော
လင်းမြို့နယ်ရှိ အာဏာပိုင် အဖွဲ့အစည်းများမှ
 အ၀ယ်တော်ကိုယ်စလှယ်များကို အကြိမ်ကြိမ်
ညှိနှိုင်းဆောင်ရွက်ပေးခဲ့သော်
လည်း အ၀ယ်
တော်ကိုယ်စလှယ်များမှ  စည်းကမ်းလိုက်နာမှု
ုမရှိဘဲ  အကြိမ်ကြိမ် စည်းကမ်းချိုးဖောက်ပြီး
 မိမိပစ္စည်း မိမိသယ်ယူပိုင်ခွင့်  ရှိတယ်ဆိုပြီး
အပြင်လုပ်သားများက်ု ငှား၍  ကုန်ပစ္စည်းများ
သယ်ဆောင်ပြီး မိမိပစ္စည်း သယ်တာဘယ်သူမှ
  ဖမ်းလို့မရသလို  အရေးယူလို့မရဘူးလို့
အ၀ယ်တော်ကိုယ်စလှယ်အချို့မှ  ပြောဆိုနေ
သည်ဟု တရားမ၀င်လုပ်သားများက  ပြောပြ
သည်။ကျွန်တော်တို့ဆိုလျှင် ကုန်သည်နှစ်ဦး
သုံးဦး ပစ္စည်းများသာ လုပ်ကိုင်ရပြီး ကျန်ကုန်
သည်ပစ္စည်းများကို ကျွန်တော်တို့မလုပ်ရဘူး
 ကျွန်တော်တို့မလုပ်ရတော့ စားဝတ်နေရေး
 အဆင်မပြေပါဘူး၊ စားဝတ်နေရေး အဆင်
မပြေတော့ တစ်ချို့တစ်ဝက် အလုပ်ကနေ
ထွက်သွားကြပါတယ်။ ကျန်တဲ့လုပ်သားများ
ကတော့ အဖွဲ့ကိုချစ်တဲ့စိတ် ၊ ကုန်သည်များ
အနိုင်ကျင့်တာကို  မခံချင်သောစိတ်နဲ့ တစ်
နှစ်ကျော် နှစ်နှစ်နီးပါးခန့်စောင့်စောင့်ဆိုင်း
လာတာ ယနေ့အချိန်ထိ  ကျွန်တော်တို့လုပ်ငန်း
 ပြန်လည်ရရှိဖို့ကို  ဦးစီးအရာရှိ  မြို့နယ် အာဏာ
ပိုင် အဖွဲ့အစည်းများထံသို့  တင်ပြအကူအညီ
တောင်းခံခဲ့သော်လည်း   မြို့နယ်အာဏာပိုင်
အဖွဲ့အစည်းများထံမှ  တိကျပြတ်သားတဲ့ အဖြေ
တစ်စုံတစ်ရာ မရရှိခဲ့ပါဘူး။ ကျွန်တော်တို့
တိကျပြတ်သားတဲ့ အဖြေတစ်စုံတစ်ရာမရရှိသရွှေ့
 ကျွန်တော်တို့၏  စားဝတ်နေရေး၊ လူမှုရေး၊
ကျန်းမာရေး၊ ကလေးတွေရဲ့ ပညာရေးတွေ  အများ
ကြီး နစ်နာဆုံးရှုံးရပါတယ်။ အ၀ယ်တော်ကိုယ်စလှယ်
များက အလုပ်သမားဝန်ကြီးဌာနမှ တရားမ၀င်ထုတ်
ပြန်ကြေငြာထားတဲ့ တည်မြဲအမိန့်ဥပဒေကို လေးစား
လိုက်နာမှုမရှိသလို  စစ်ကိုင်းတိုင်းဒေသကြီး ၀န်ကြီး
ချုပ် ဦးသာအေးကိုယ်တိုင် ထုတ်ပြန်ကြေငြာထားတဲ့
 အလုပ်သမားနည်းဥပဒေကိုလည်း  လေးစားလိုက်
နာမှုမရှိပါဘူး။ဒါကြောင့် ဥပဒေကို လေးစားလိုက်
နာမှုမရှိတဲ့သူများ တရားမ၀င်အလုပ်သမားများက
လုပ်ကိုင်နေသူများကို သက်ဆိုင်ရာအဖွဲ့အစည်းမှ
 ဥပဒေအရ အမြန်ဆုံး အရေးယူဆောင်ရွက်ပေးစေ
လိုကြောင်း အလုပ်သမားဝန်ကြီးဌာနမှ တရားမ၀င်
လုပ်သားများက ပြောပြသဖြင့် သိရသည်။
                        မျိုးမင်းထွန်း(ကောလင်း)
                      Sailumin Media Group
>>>>>>>>>>>>>>>>>>>>>
“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။
No comments:
Post a Comment