For Users



“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။

HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။

HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။
HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။ တိုက်ရိုက် Download Link များလိုချင်သူများ အတွက် HWH News v4.4 http://www28.zippyshare.com/v/56152148/file.html HWH Feel v4.4 http://www28.zippyshare.com/v/32022878/file.html HWH U v3.3 http://www28.zippyshare.com/v/89602710/file.html HWH For Windows XP/7/8 http://www42.zippyshare.com/v/45555730/file.html

Download ဆွဲနည်း

Download ဆွဲနည်း
Download ဆွဲနည်း

Thursday 29 May 2014

ဝန်းသိုမြို့နယ် ကျောက်ရွှေမှော်တွင် ရွှေမျှောကျင်းအတွင်း လေပြတ်၍ လူနှစ်ဦးပြုတ်ကျသေဆုံး ►“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”

စိုင်းလူမင်း...
      စစ်ကိုင်းတိုင်းဒေသကြီး ၊ကသာခရိုင် ၊၀န်းသိုမြို့နယ်၊
 တတ်လွင်ကျေးရွာအုပ်စု၊ ဆင်ကန်ကျေးရွာ၏ အနောက်
ဘက်ရှိ ကျောက်ရွှေမှော်တွင် မေ(၂၅)ရက်က ရွှေမျှောကျင်း
အတွင်း လူနှစ်ဦး သေဆုံးခဲ့သဖြင့် နမ်းခမ်းနယ်မြေရဲကင်း
စခန်းမှ ရဲကသ်းမှုး ရဲအုပ် အေးလှိုင်နှင့် အဖွဲ့က သွားရောက်
စစ်ဆေးခဲ့ကြောင်း သိရသည်။
       ဖြစ်စဉ်မှာ ရွှေမျှောလုပ်သား ၀င်းမိုးအောင်သည် အနက်
(၂၄)ပေ၊ အကျယ်(၂)ပေခွဲရှိ ရွှေမျှောကျင်း အတွင်းသို့ တာယာ
ရေပုံးဆင်းဆယ်ယူစဉ် လေပြတ် ၍  အဆိုပါ ရွှေမျှောအတွင်းသို့
ပြုတ်ကျသွားခဲ့သည်။ ၀င်းမိုးအောင် ရွှေမျှောကျင်းအတွင်းသို့
 ပြုတ်ကျသွားသည်ကို မြင်တွေ့လိုက်ရသော ရွှေမျှောကျင်းပိုင်ရှင်
ကိုဝင်းထွန်းက ကူညီကယ်ဆယ်ရန်အတွက် ၎င်းကျင်းထဲသို့
ဆင်းသွားစဉ် ထိုသူပါ လေပြတ်၍  ကျင်းထဲသို့ ပြုတ်ကျသေဆုံး
သွားခဲ့ခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် အဆိုပါ ရွှေမျှောကျင်းအနီးရှိ
အခြားရွှေလုပ်သားများက ရေထိုးစက်များဖြင့် ၎င်းကျင်းအတွင်းသို့
ရေများထိုးသွင်းကာ ပြုတ်ကျသေဆုံးသူ(၂)ဦးကို ဆယ်ယူခဲ့ကြောင်း
 သိရသည်။
         အဆိုပါ လူသေမှု ၀န်းသိုမြို့မရဲစခန်းက သေမှုသေခင်း
အမှတ်စဉ် ၈/၂၀၁၄ အရ အမှုဖွင့်၍  ဆောင်ရွက်ခဲ့ကြောင်း
သတင်းရရှိသည်။
                                                     စိုင်းလူမင်း၊ မီဒီယာဂရု
                                                      Sailumin35@gmail.com
>>>>>>>>>>>>>>>>>>>>>

“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။

No comments:

Post a Comment