For Users



“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။

HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။

HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။
HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။ တိုက်ရိုက် Download Link များလိုချင်သူများ အတွက် HWH News v4.4 http://www28.zippyshare.com/v/56152148/file.html HWH Feel v4.4 http://www28.zippyshare.com/v/32022878/file.html HWH U v3.3 http://www28.zippyshare.com/v/89602710/file.html HWH For Windows XP/7/8 http://www42.zippyshare.com/v/45555730/file.html

Download ဆွဲနည်း

Download ဆွဲနည်း
Download ဆွဲနည်း

Sunday 25 May 2014

ပင်လည်ဘူးမြို့နယ် သစ်တောဦးစီးဌာနမှ ၂၀၁၄-၂၀၁၅ ခုနှစ် မိုးရာသီအတွက် ပျိုးပင်မျိုးစုံ ပျိုးထောင်ထားလျှက်ရှိ ►“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”

 စိုင်းလူမင်း.....
      စစ်ကိုင်းတိုင်းဒေသကြီး၊ ပင်လည်ဘူးမြို့နယ်
သစ်တောဦးစီးဌာနသည် ဒေသတွင်း သစ်တော
သစ်ပင်များ ကာကွယ်စောက်ရှောက်ရေး၊ သစ်တော
စိုက်ခင်းများထူထောင်ရေးနှင့် လမ်းညွှန်ချက်နှင့် အညီ
 စီမံချက်ချမှတ်၍ နှစ်စဉ်စိုက်ပျိုးလျှက်ရှိရာ  ၂၀၁၄-၁၅
ခုနှစ် မိုးရာသီတွင် သစ်တောစိုက်ခင်းနှင့် လူထုဖြန့်မျိုး
ပင်များ အချိန်မှီစိုက်ပျိုးနိုင်ရန် ဆောင်ရွက်နေလျှက်
ရှိသည်။
        မိုးရာသီတွင် သစ်ပင်များစိုက်ပျိုးခြင်းအာြး
ဖင့်
 ပတ်ဝန်းကျင်စိမ်းလန်းစိုပြေလာစေရန် ပြည်သူလူထု
အတွက် လိုအိပ်သော သစ်၊ ထင်းအဖြစ်လည်းကောင်း၊
သုံးစွဲနိုင်ရန်နှင့် ပြည်သူလူထုမှ သစ်တောသစ်ပင်များကို
ဝိုင်းဝန်းပူးပေါင်း၍ ထိန်းသိမ်းလာကြရန် ရည်ရွယ်ပြီး
 ခံစားလာကာကြိုးဝိုင်း၊ အကွက်အမှတ်(၇၃)ရှိ စိုက်ခင်း
ယာယီပျိုး ဥယျာဉ် ဒေါ်စီပျိုးဥယျာဉ်နှင့် မြို့မပျိုးဥယျာဉ်
တို့တွင် (၁/၂၀၁၄) စီးပွားရေး (ကျွန်း)စိုက်ခင်း(၁၀၀)
ဧကကျွန်းပင်(၅၄၀၀၀)ပင်၊ (၂/၂၀၁၄) သဘာဝတော
တန်ဖိုးမြှင့် စိုက်ခင်း(၅၀)ဧက၊ ကျွန်းပင်(၃၅၀၀)ပင်၊
 သီးနှံသစ်တော ရောနှောစိုက်ခင်း (၁၀)ဧက၊ ကျွန်း-
သရက်-ပိန္နဲ -ဒညင်း) (၈၅၀၀)ပင်၊ တစ်အိမ်ထောင်ကျွန်း
 (၃)ပင်×(၁၂၀၀)အိမ်ထောင်၊ ကျွန်းပင်(၃၆၀၀)ပင်၊
 ဆက်သွယ်ရေးကားလမ်းဝဲယာ ကျွန်းပင်(၄၅၀၀)ပင်၊
 ရွာတစ်ဧက ကျွန်းပင်(၅၄၀)ပင်၊ ဒေသခံပြည်သူအစု
အဖွဲ့ပိုင် သစ်တောစိုက်ခင်း(၂၅)ဧက၊ ကျွန်း-ပျဉ်းကတိုး
(၅၀၀၀)ပင်၊ ဌာနဆိုင်ရာနှင့်လူထုဖြန့် ကျွန်း-ပိတောက်
-ကံ့ကော်-ခရေ-ကုက္ကို-မန်ကျည်း (၉၄၆၀)ပင် ပျိုးထောင်
ထားရှိကြောင်း မြို့နယ်သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ
 ဦးတင်အုန်းကျော်မှ ပြောပြသည်။
       ပင်လည်ဘူးမြို့နယ်သည် ရေမြေရာသီဥတုအခြေ
အနေအရ စိမ်းလန်းစိုပြေနေသော်လည်း ရေရှည်တွင်
သစ်တောသစ်ပင်များ ထာဝစဉ်ရှင်သန်ဖွံ့ဖြိုးစေရန်နှင့်
 ပြည်သူလူထုအတွက် လိုအပ်သောအထောက်အကူပစ္စည်း
များ ရရှိစေရန် သစ်ပင်များကို နှစ်စဉ်စိုက်ပျိုးသွားမည်ဟု
 သိရသည်. ထိုကဲ့သို့ စိုက်ပျိုးသွားခြင်းအားဖြင့် သစ်တော
သစ်ပင်များကြောင့် ပတ်ဝန်းကျင်စိမ်းလန်းစိုပြေခြင်းနှင့်
ရာသီဥတုမျှတစေခြင်း၊ မြေဆီလွှာပျက်စီးမှု နည်းပါးစေ
ခြင်း စသော အကျိုးကျေးဇူးများရရှိစေနိုင်မည် ဖြစ်သည့်
အတွက် ပြည်သူလူထုအားလုံးနှင့် ပူးပေါင်းပြီး လုပ်ငန်းများ
အောင်မြင်အောင် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း
သိရသည်။
                                       စိုင်းလူမင်း၊မီဒီယာဂရု
                                       Sailumin35@gmail.com
>>>>>>>>>>>>>>>>>>>>>

“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။
 

No comments:

Post a Comment