For Users
“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။
HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။
HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။
HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။ တိုက်ရိုက် Download Link များလိုချင်သူများ အတွက် HWH News v4.4 http://www28.zippyshare.com/v/56152148/file.html HWH Feel v4.4 http://www28.zippyshare.com/v/32022878/file.html HWH U v3.3 http://www28.zippyshare.com/v/89602710/file.html HWH For Windows XP/7/8 http://www42.zippyshare.com/v/45555730/file.html
Download ဆွဲနည်း
Download ဆွဲနည်း
Download ဆွဲနည်း
Thursday 15 May 2014
ကောလင်းမြို့တွင် မြို့နယ်အထောက်အကူပြုကောမတီအဖွဲ့မှ မြို့နယ်စည်ပင်သာယာရေးကော်မတီသို့ မြို့သန့်ရှင်း သာယာလှပရေးအတွက် အမှိုက်သိမ်းယာဉ် တစ်စီးလှူဒါန်း ►“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”
(စိုင်းလူမင်း-သတင်းမှတ်စု)
         စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းမြို့တွင်
မြို့နယ်အထောက်အကူပြု ကော်မတီ ဥက္ကဌ ဦးဝင်း
နှင့် မြို့မိမြို့ဖဥက္ကဌ ဦးကျော်မြင့်အောင် ဦးဆောင်
သောအဖွဲ့မှ မြို့နယ်စည်ပင်သာယာရေး ကော်မတီ
သို့ မြို့သန့်ရှင်းသာယာလှပရေးအတွက်  အသုံးပြု
ရန် အမှိုက်သိမ်းယာဉ်တစ်စီး ကာလတန်ဖိုး သိန်း(၃၀)
အား မေ(၁၃)ရက်နေ့က လှူဒါန်းခဲ့ရာ မြို့နယ်စည်ပင်
သာယာရေး ကော်မတီ ဥက္ကဌ ဦးဝင်းသောင်မှ လက်ခံ
ရယူပြီး ကျေးဇူးတင်စကား ပြောကြားခဲ့ကြောင်း သိ
ရသည်။
       ကောလင်းမြို့နယ်သည် ယခင်စည်ပင်သာယာရေး
အဖွဲ့မှ မြို့သန့်ရှင်းသာယာလှပရေးနှင့် လမ်းမကောင်း
သည့်နေရာများအား ဘဏ္ဍာရေး နှစ်အလိုက် ခင်းကျင်း
ခြင်း ကတ္တရာလမ်းများ ပေါက်ပြဲပါက ဖာထေးခြင်းများ
 ဆောင်ရွက်လျှက်ရှိပြီး ကောလင်းမြို့နေ မြို့ပေါ်(၆)
ရပ်ကွက်မှ နေစဉ်စွန့်ပစ်နေကြသော အမှိုက်များကို
 ဟောင်းနွမ်းနေသော တရုတ်နိုင်ငံလုပ်ယာဉ်ဖြင့် အလုပ်
သမား(၂)ဦး၊ (၃)ဦးဖြင့် ရပ်ကွက်များသို့ အလှည့်ကျ
သိမ်းဆည်းနေသည်မှာ ၀န်နှင့်အားမမျှဘဲ အမှိုက်နှင့်
 ပတ်သတ်သော ဒုက္ခကို ရပ်ကွက်နေပြည်သူတစ်ချို့
နှစ်ချီခံစား ခဲ့ရသည်။
            ယခင်က စည်ပင်သာယာဈေးရှိ လမ်းသွယ်
(၈)နှင့် (၉)လမ်းတို့တွင်လည်း နေ့စဉ်နှင့်အမျှ ကောလင်း၊
့ကျေးရွာများမှ ဒေသထွက်သီးနှံများအား လာရောက်ရောင်း
ချသည့်အတွက် နေ့ရောညပါ စည်ကားသည့်နေရာညဖြစ်
ပြီး နံနက်မိုးလင်းထိပါ နေ့ရောညပါ စည်ကားသည့်နေရာ
ဖြစ်ပြီး နံနက်မိုးလင်းပါက နေ့ရောညပါ ရောင်းချသည့်
အမှိုက်ပုံများမှာ အမှိုက်သိမ်းကားဝင်ရန် ခက်ခဲမှုရှိ သည်
ဟုဆိုကာ အမှိုက်သိမ်းကားမ၀င်သောကြောင့် ထိုလမ်းများ
ရှိ အိမ်ဆိုင်များမှ မိမိအိမ်ရှေ့မျက်နှာစာရှိ အမှိုက်များကို
နေ့စဉ်သိမ်းဆည်း နေရသည်။
      စည်ပင်သာယာဈေးသည် အုတ်တံတိုင်း ကာရံခြင်း
မရှိသည့်အတွက် ဈေးအနီးနားရှိ ပြည်သူအချို့က
အမှိုက်ကားလာမည်ကို စောင့်ဆိုင်း၍ မနေဘဲ ညနေပိုင်း
နှင့် ညပိုင်းတွင် ခြံစည်းရိုးခတ်ထားသည့် အမှိုက်ခြံထဲသို့
အမှိုက်များစွန့်ပစ်ကြသည်။ နေ့စဉ် မေအိမ်အဆောက်အဦး
များမှ စွန့်ပစ်အမှိုက်များ၊ စည်ပင်သာယာဈေးမှ စုပုံအမှိုက်
များကို  အမှိုက်သိမ်းကားဖြင့် သယ်ဆောင်ကာ မြေနေရာ
အခက်အခဲရှိ သဖြင့် ကောလင်း၊ ၀န်းသိုကြားရှိ အင်ကြီး
ကုန်းသုသာန်နေရာ၌ နေ့စဉ်အမှိုက်များ မီးရှို့ဖျက်ဆီး
နေရသဖြင့်  မီးရှို့ထားသည့် မီးခိုးငွေ့များအား နီးစပ်ရာ
ကျေးရွာအချို့နှင့် အသုဘပို့ဘာကြသော လူဧည့်ပရိသတ်
များ အသုဘရှုကြွလာကြသော ရဟန်းသံဃာာများမှာလည်း
 အသုဘမပြီးခင် စိတ်ဆင်းရဲစစွာဖြင့် ထိုအနံ့များကို ရှူရှိုက
်ခဲ့ရသည့်အတွက် ကျန်းမာရေးထိခိုက်မှု နှင့် ကြုံတွေ့ခဲ့ရ
သည်။ ယခုအခါ မြို့နယ်အထောက်ကော်မတီမှ အမှိုက်
သိမ်းယာဉ်တစ်စီးအား လှူဒါန်းလိုက်သည့်အတွက် နေ့စဉ်
အမှိုက်များကို ကုန်စင်အောင် စွန့်ပစ်နိုင်တော့မည်ဖြစ်သည်
ဟု သိရသည်။
                                    စိုင်းလူမင်း၊မီဒီယာဂရု
                           Email-Sailumin35@gmail.com
>>>>>>>>>>>>>>>>>>>>>
“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။
No comments:
Post a Comment