For Users



“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။

HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။

HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။
HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။ တိုက်ရိုက် Download Link များလိုချင်သူများ အတွက် HWH News v4.4 http://www28.zippyshare.com/v/56152148/file.html HWH Feel v4.4 http://www28.zippyshare.com/v/32022878/file.html HWH U v3.3 http://www28.zippyshare.com/v/89602710/file.html HWH For Windows XP/7/8 http://www42.zippyshare.com/v/45555730/file.html

Download ဆွဲနည်း

Download ဆွဲနည်း
Download ဆွဲနည်း

Saturday 17 May 2014

ဥပဒေ၏ နောက်ကွယ်မှာ( အပိုင်း-၁၁ ) ►“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”

  သူတည်းတစ်ယောက် ကောင်းဘို့ရောက်မူ
တစ်ယောက်မှာ ပျက်လင့်တာ ဓမ္မတာတည်းဆိုတဲ့
 ရှေးပညာရှိအမတ်ကြီး  အန္တသူရိယ သံဝေဂလင်္ကာ
ကို သတိရမိတယ် လူ့ပတ်ဝန်းကျင်အသိုင်းအ၀ိုင်းမှ
 ကျင်လည်နေထိုင်ကြတဲ့ လူသားတွေဟာ  နေ့စဉ်
စားဝတ်နေရေးကို  ကြုံသလို ဖန်တီးနေထိုင်စား
သောက်ရင်းနဲ့ ကြုံဆုံကြတဲ့ သောကဗျာပါဒတွေ၊
 ခံစားကြုံတွေ့နေရတဲ့ ဒုက္ခ တွေကို စားရေးသူ
တစ်ယောက် သိကြားမြင်တွေ့ရတာ စိတ်ချမ်းသာ
ဘွယ် မရှိလှပါဘူး။
      တစ်ရက်မြို့ထဲမှာ သွားလာလုပ်ရှားရင်း မိတ်ဆွေ
ဟောင်းတစ်ယောက်နဲ့ ကြုံရလို့ နုတ်ဆက်ရင်း
လက်ဖက်ရည်သောက်ဖို့ ဖိတ်ခေါ်တော့ လိုလိုချင်
ချင်လိုက်လာပြီး မမြင်တာကြာလို့ အကျိုးကြောင်း
မေးမိတော့မှ ထောင်ထွက်လာတာမကြာသေးကြောင်း
နဲ့သူရဲ့ သောကဒုက္ခတွေကိုပြောပြပါတယ်။
     "  ဟိုတုန်းကတော့ ကျွန်တော်ရဲထဲမှာ အလုပ်လုပ်
တော့အပြင်ကအကြောင်းတွေကို သိပ်နားမလည်ဘူး
ပေါ့ဗျာ အလုပ်ကထွက်လိုက်ပြီး အပြင်လောကမှာ
ရှာဖွေစားသောက်ရင်း ကားလေးတစ်စီးထောင်ခဲ့ပါ
တယ်။ ဒီကားလေးနဲ့ ပစ္စည်းလေးတွေ တိုက်တယ်
ပေါ့ဗျာ။ ကိုယ်လဲရဲကထွက်လာတာဆိုတော့ တရား
မ၀င်တဲ့လုပ်ငန်းတွေတော့ မလုပ်ပါဘူး။ သစ်ခွဲသား
တိုက်ရင်တောင်မှ ဖွံ့ဖြိုးရေး လုပ်ငန်းတွေဖြစ်တဲ့
လမ်းတံတားတို့ ဘုန်းကြီးကျောင်း၊ စာသင်ကျောင်း
လိုဟာမျိုးတွေက်ုဘဲ လုပ်ကိုင်ဆောင်ရွက်ပေးခဲ့ပါတယ် ။
 ဖြစ်ချင်တော့ တစ်ရက်မှာ ချပ်သင်း ဉ်းကင်းကျည်
စာသင်ကျောင်းက ကျောင်း၏ကော်မတီအုပ်စု ရောက်
လာပြီး သူတို့ စာသင်ကျောင်းကို အချိန်မှီ ပြီးအောာင်
လို့ ကူညီပြီး ကားနှင့် သယ်ပေးဘို့ ပြောလို့ အမှန်
တကယ်လိုအပ်တဲ့ အလုပ်ပဲဆိုပီး လက်ခံလိုက်မိပါတယ်
 ကျောင်းမှသစ်ခွဲသားများအား သယ်ဆောင်လာစဉ်
ကောလင်းအနောက်ဘက် ကျွန်းတော်ကျေးရွာအနီးမှာ
 ကားပျက်နေစဉ်မှာ အနောက်ခြမ်းဘိနယ်မှ  တာဝန်
ကျသော တောအုပ် ရန်နောင်ထွန်းနှင့် အဖွဲ့မှ လာ
ရောက်ဖမ်းဆီးပြီး အမှု့ကို တရားရုံးသို့ တင်ပို့ တရား
စွဲဆိုခဲ့ပါတယ်
        သစ်ခွဲသားတွေဖမ်းဆီးစဉ်က ကျောင်းပျဉ်များ
ဆို၍ တောအုပ်မှ ကျောင်းကော်မတီအား ခေါ်လာရန်
ပြောသဖြင့် ဖုန်းဆက်အကြောင်းကြားရာ ကျောင်း
အတွက်စာရွက်စာတမ်း များနှင့် အတူ ရောက်ရှိလာပေမဲ့
 မြို့ပေါ်တွင် တာဝန်ကျသော တောအုပ် ဆန်းဦးမှ
 သက်သေထွက်ဆိုရင် ခင်ဗျားတို့အားလုံးထောင်ချမည်
ဆိုပြီး ခြိမ်းခြောက်တာနဲ့ ကော်မတီ၁၇ ဦးတို့ဟာ လာ
ရောက်ပြီး ပြန်သွားခဲ့ပါတယ်။
        ဒါနဲ့ပဲ ပျဉ်ရောင်းသူ ဦးပွားဦးနှင့် ကျွန်တော်တို့
၂ယောက်အတွက် ကူညီိမဲ့သူမရှိဘဲနှင့် ပုဒ်မ၄၃/(က) နဲ့
ထောင်ကျရတဲ့အပြစ်ကိုရောက်သွား
ရတာပေါ့ဗျာ ဒီလိုမှန်း
 သိရင်တော့ ကျရင်ကျဆိုပြီးနေမှာပေါ့ အခုတော့ ထောင်
မကျရေးဆိုပြီး တရားသူကြီးကို ၂ သိန်းနဲ့ ဥပဒေအရာရှိ
ကို ၃သိန်းခွဲပေးရသေးတယ် ရှေ့နေငှားရတာကလည်း
၃သိန်း ၊ ကော်မတီဝင်တွေခေါ်ထားမိလို့  နေထိုင်စား
သောက်စားရိတ်ဆိုပြီး ၂သိန်း က ပေးလွှတ်လိုက်ရသေး
တယ် ဒါတွေကုန်ပြီးမှ ထောင်ကျရတာ ဆိုတော့ ငွေက
လည်းကုန် ကားကလည်း ဆုံးဖြစ်ပြီး အလုပ်အကိုင်မဲ့
ဘ၀ရောက်ရတော့ဒါပဲဗျို့။
      ဒီကြားထဲ စီရင်ချက်ချတော့ ကားကို ၁လအတွင်း
အယူခံဝင်မှရမယ်ဆိုပြီး ပြောပေမဲ့ စီရင်ချက်မိတ္တူကို
 သက်သက်မဲ့ညှစ်ပြီး ၁လပြည့်လို့ ၂ရက် ၃ရက်ကျော်
လောက် အလိုမှ ချပေးတာဆိုတော့ ဒီကလိုက်သွားတော့
ရက်လွန်သွားပြီးလေလို့ ပြောပြပါတယ် " ။
     စာရေးသူလဲ သူ့သောကတွေ ပြေပါစေတော့ဆိုပြီး
ရယ်စရာအနေနဲ့ ပြောမိပါတယ်  ဒါဆို ခင်ဗျား ဆန္ဒန်ဆင်
မင်း ၀တ္တုထဲက သောနုတ္ထို မုဆိုးငြီးသလိုငြီးလေဗျာ ကြံ
ဖော်ဖော်ကြံဖက် ၃ယောက်သား "အစွယ်ကိုလိုသူ မိဘုရား၊
အသွားစေခိုင်းသူ မင်းဧကရာဇ် လေးပစ်သူဘုရားကျွန်
တော်မျိုး ငမိုက်သား မုဆိုးလေးနှင့် နင့်ကြီးသာသေပေ
တော့ ဆိုတဲ့  "တေးထပ်လိုပေါ့ဗျာလို့ပြောမိပါတော့တယ်။
      မှတ်ချက်။      ။ ကာယကံရှင် ဦးလှထွဋ်၏ ခွင့်ပြုချက်
 ဖြင့်ဤဆောင်းပါးအား ရေးသားပါသည်။
                                   နိုင်းမရ(ကောလင်း)
>>>>>>>>>>>>>>>>>>>>>

“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။
 

No comments:

Post a Comment