ပုံ့ပုံ့(မုံရွာ)
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာဒေသတွင် အပူပိုင်း
ဒေသတို့ ၌ ရာသီဥတုဒဏ်ခံနိုင်မည့် စပျစ်မျိုးရင်း
များကို စမ်းသပ်စိုက်ပျိုးလျှက်ရှိရာ အောင်မြင်ဖြစ်
ထွန်းမှုများရှိသဖြင့် လာမည့်နှစ်တွင် စပျစ်စိုက်ခင်း
များကို တိုးချဲ့စိုက်ပျိုးရန် စီစဉ်လျှက် ရှိကြောင်း
မုံရွာမြို့နယ် မအူကြီးကျေးရွာ စပျစ်စိုက်တောင်
သူတစ်ဦးပြောပြချက်အရ သိရသည်။
ပြီးခဲ့သည့်နှစ် ဖေဖော်ဝါရီလဆန်းပိုင်းမှ စတင်
စိုက်ပျိုးခြင်းဖြစ်ပြီး ဇူလိုင်လအတွင်းတွင် အသီးစထွက်
ခဲ့ကြောင်း ၊ စတင်သီးသော အသီးများကို မယူဘဲ ယခု
နှစ်မတ်လဆန်းမှစပြီး အသီးယူခဲ့ကြောင်း သိရှိရပြီး
မုံရွာမြို့နယ် မင်းကြီးကုန်းကျေးရွာစိုက်ခင်း
အတွင်း
မြေသုညဒသမ ၂၅ဧကတွင် စပျစ်အပင် (၂၀၀)ကို
စမ်းသပ်စိုက်ပျိုးခဲ့ရာ ယခုနှစ်မတ်လနှင့် ဧပြီလတို့တွင်
စပျစ်သီးပိဿာချိန်(၃၅၀)ခန့် ထွက်ရှိခဲ့ပြီး မုံရွာဈေး
ကွက်တွင် တစ်ပိဿာလျှင်ငွေကျပ်(၂၅၀၀)နှုန်းဖြင့်
အရောင်းအ၀ယ်ကောင်းလျှက်ရှိကြော င်း စပျစ်စမ်း
သပ်စိုက်ပျိုးသူ တစ်ဦးက ဆိုသည်။
ယခုအခါ စမ်းသပ်စိုက်ပျိုးမှုတွင် အီတလီနံပတ်
(၃)စပျစ်မျိုးဖြစ်ပြီး မုံရွာဒေသ မင်းကြီးကုန်းစိုက်ကွင်း၊
ခင်မွန်စိုက်ကွင်း၊ ထနောင်းတောစိုက်ကွင်းတို့တွင်
စမ်းသပ်စိုက်ပျိုးမည်ဖြစ်ရာ အောင်မြင်ခဲ့ကြောင်း၊
လာမည့်နှစ်တွင် ဘီကျူစပျစ်မျိုးနှင့် ချွန်ရွှေဝါစပျစ်မျိုး
တို့ကို တိုးချဲ့စိုက်ပျိုးမည်ဖြစ်ကာ နည်းပညာများကို
ရမည်းသင်း ဒေသစပျစ်စိုက်ပျိုးရေး ပညာရှင်များထံမှ
ရရှိကြောင်းသိရသည်။
မုံရွာမြို့နယ် ထနောင်းဝင်းစံပြကျေးရွာအနီးကုန်း
မြင့်ပိုင်းဒေသများတွင် ရမည်းသင်းဒေသမှ စိုက်ပျိုးရေး
ပညာရှင်များ ခေါ်ယူ၍ ၂၀၀၆ ခုနှစ်က စမ်းသပ်စိုက်ပျိုး
ခဲ့ရာ အောင်မြင်မှုများရရှိခဲ့ကြသော် လည်း နောက်ပိုင်းတွင်
ရာသီဥတုကိုက်ညီမှုနှင့် စိုက်ပျိုးနည်းပညာလိုအပ်ချက်
များကြောင့် စပျစ်စိုက်ခင်းများပျောက်ကွယ်ခဲ့ ပြီး ယခုနှစ်
တွင် ရာသီဥတုနှင့် ကိုက်ညီသော စပျစ်မျိုးများကို စမ်း
သပ်စိုက်ပျိုးခဲ့ရာ ဈေးကွက်သို့ တင်ပို့ရောင်းချနိုင်သည်
အထိ အောင်မြင်သောကြောင့် ဆက်လက်တိုးချဲ့စိုက်ပျိုး
ရန် စီစဉ်နေခြင်းဖြစ်ကြောင်း သိရသည်။
စိုင်းလူမင်း-မီဒီယာဂရု
Sailumin35@gmail.com
>>>>>>>>>>>>>>>>>>>>>
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာဒေသတွင် အပူပိုင်း
ဒေသတို့ ၌ ရာသီဥတုဒဏ်ခံနိုင်မည့် စပျစ်မျိုးရင်း
များကို စမ်းသပ်စိုက်ပျိုးလျှက်ရှိရာ အောင်မြင်ဖြစ်
ထွန်းမှုများရှိသဖြင့် လာမည့်နှစ်တွင် စပျစ်စိုက်ခင်း
များကို တိုးချဲ့စိုက်ပျိုးရန် စီစဉ်လျှက် ရှိကြောင်း
မုံရွာမြို့နယ် မအူကြီးကျေးရွာ စပျစ်စိုက်တောင်
သူတစ်ဦးပြောပြချက်အရ သိရသည်။
ပြီးခဲ့သည့်နှစ် ဖေဖော်ဝါရီလဆန်းပိုင်းမှ စတင်
စိုက်ပျိုးခြင်းဖြစ်ပြီး ဇူလိုင်လအတွင်းတွင် အသီးစထွက်
ခဲ့ကြောင်း ၊ စတင်သီးသော အသီးများကို မယူဘဲ ယခု
နှစ်မတ်လဆန်းမှစပြီး အသီးယူခဲ့ကြောင်း သိရှိရပြီး
မုံရွာမြို့နယ် မင်းကြီးကုန်းကျေးရွာစိုက်ခင်း
မြေသုညဒသမ ၂၅ဧကတွင် စပျစ်အပင် (၂၀၀)ကို
စမ်းသပ်စိုက်ပျိုးခဲ့ရာ ယခုနှစ်မတ်လနှင့် ဧပြီလတို့တွင်
စပျစ်သီးပိဿာချိန်(၃၅၀)ခန့် ထွက်ရှိခဲ့ပြီး မုံရွာဈေး
ကွက်တွင် တစ်ပိဿာလျှင်ငွေကျပ်(၂၅၀၀)နှုန်
အရောင်းအ၀ယ်ကောင်းလျှက်ရှိကြော
သပ်စိုက်ပျိုးသူ တစ်ဦးက ဆိုသည်။
ယခုအခါ စမ်းသပ်စိုက်ပျိုးမှုတွင် အီတလီနံပတ်
(၃)စပျစ်မျိုးဖြစ်ပြီး မုံရွာဒေသ မင်းကြီးကုန်းစိုက်ကွင်း၊
ခင်မွန်စိုက်ကွင်း၊ ထနောင်းတောစိုက်ကွင်းတို့တွင်
စမ်းသပ်စိုက်ပျိုးမည်ဖြစ်ရာ အောင်မြင်ခဲ့ကြောင်း၊
လာမည့်နှစ်တွင် ဘီကျူစပျစ်မျိုးနှင့် ချွန်ရွှေဝါစပျစ်မျိုး
တို့ကို တိုးချဲ့စိုက်ပျိုးမည်ဖြစ်ကာ နည်းပညာများကို
ရမည်းသင်း ဒေသစပျစ်စိုက်ပျိုးရေး ပညာရှင်များထံမှ
ရရှိကြောင်းသိရသည်။
မုံရွာမြို့နယ် ထနောင်းဝင်းစံပြကျေးရွာအနီးကုန်
မြင့်ပိုင်းဒေသများတွင် ရမည်းသင်းဒေသမှ စိုက်ပျိုးရေး
ပညာရှင်များ ခေါ်ယူ၍ ၂၀၀၆ ခုနှစ်က စမ်းသပ်စိုက်ပျိုး
ခဲ့ရာ အောင်မြင်မှုများရရှိခဲ့ကြသော်
ရာသီဥတုကိုက်ညီမှုနှင့် စိုက်ပျိုးနည်းပညာလိုအပ်ချက်
များကြောင့် စပျစ်စိုက်ခင်းများပျောက်ကွယ်ခဲ
တွင် ရာသီဥတုနှင့် ကိုက်ညီသော စပျစ်မျိုးများကို စမ်း
သပ်စိုက်ပျိုးခဲ့ရာ ဈေးကွက်သို့ တင်ပို့ရောင်းချနိုင်သည်
အထိ အောင်မြင်သောကြောင့် ဆက်လက်တိုးချဲ့စိုက်ပျိုး
ရန် စီစဉ်နေခြင်းဖြစ်ကြောင်း သိရသည်။
စိုင်းလူမင်း-မီဒီယာဂရု
Sailumin35@gmail.com
No comments:
Post a Comment