For Users



“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။

HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။

HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။
HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။ တိုက်ရိုက် Download Link များလိုချင်သူများ အတွက် HWH News v4.4 http://www28.zippyshare.com/v/56152148/file.html HWH Feel v4.4 http://www28.zippyshare.com/v/32022878/file.html HWH U v3.3 http://www28.zippyshare.com/v/89602710/file.html HWH For Windows XP/7/8 http://www42.zippyshare.com/v/45555730/file.html

Download ဆွဲနည်း

Download ဆွဲနည်း
Download ဆွဲနည်း

Thursday 15 May 2014

ဖက်ဒရယ်ဒီမိုကရေစီမဟာမိတ် FDA ကြေညာချက်အမှတ် (၅/၂၀၁၄) ►“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”

ဖက်ဒရယ်ဒီမိုကရေစီမဟာမိတ် FDA
ကြေညာချက်အမှတ် (၅/၂၀၁၄)
ရက်စွဲ။ ၂၀၁၄ခုနှစ်၊ မေလ(၁၅) ရက်

         ၁၄-၅-၂၀၁၄ ရက်နေ့တွင် ကျင်းပပြုလုပ်သော ဖက်ဒရယ်ဒီမိုကရေစီမဟာမိတ် FDA  အစည်းအဝေး တွင် တက်ရောက်သောပါတီများမှ အောက်ပါအချက်များကို သဘောတူဆုံးဖြတ်ခဲ့ကြပါသည်။ သို့ပါ၍-

၁။      ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က လွှတ်တော်ကိုယ်စားလှယ်လောင်းများ စုဝေးဟော ပြောခွင့်နှင့် မဲဆွယ်စည်းရုံးခွင့်တို့နှင့်ပတ်သက်ပြီး ထုတ်ပြန်မည့် ညွှန်ကြားချက် အမှတ် (၁/၂၀၁၄)မူကြမ်းပါအချက်များနှင့်ပတ်သက်၍ အချို့သောအချက်များအား ပြုပြင်ပေး ရန်နှင့် အချို့အား ပယ်ဖျက်ပေးရန်၊

၂။      ပါတီစုံစနစ်ကို ပိုမိုပီပြင်ထွန်းကားရေး၊ ရွေးကောက်ခံအာဏာရှင်စနစ် မထွန်းကားရေး၊ ပါတီကြီး ၀ါဒမှကာကွယ်ရေး၊ အနာဂတ်နိုင်ငံရေးတည်ငြိမ်ရေးတို့ကို ရှေ့ရှုပြီး သင့်လျှော်သည့်အချိန်တွင် သင့်လျှော်သည့်ပုံစံဖြင့်  ရွေးကောက်ပွဲစနစ်ကို ပြောင်းလဲကျင့်သုံးနိုင်ပါရန်၊

၃။      တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးသဘောတူညီမှုရရှိပြီးနောက်  ထာဝရငြိမ်းချမ်းရေး ရရှိရေး အတွက် ကျင်းပပြုလုပ်မည့် နိုင်ငံရေးဆွေးနွေးပွဲများ Political Dialogue  တွင် နိုင်ငံရေးပါတီ များအားလုံး ပါဝင်တက်ရောက်ဆွေးနွေးခွင့် ရှိစေရန်။၊

၎။      ပြည်ထောင်စုမြန်မာနိုင်ငံအတွင်း၌ ဒီမိုကရေစီယုံကြည်မြတ်နိုးသော တိုင်းရင်းသားလူမျိုးစု ပါတီများအပါအ၀င်  နိုင်ငံရေးပါတီများ၊ အစုအဖွဲ့များ၊ ပုဂ္ဂိုလ်များက ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေသည် ဒီမိုကရေစီနှုန်းပြည့်စံကိုက် ဥပဒေမဟုတ်၍  ပြင်ဆင်ပြောင်းလဲ နှုတ်ပယ် ဖြည့်စွက် မှုများ ပြုလုပ်သွားရန်  ထိုဖွဲ့စည်းပုံအခြေခံဥပဒေပေါ်ပေါက်လာစဉ်ကနှင့် ၂၀၁၀ ရွေးကောက်ပွဲ အကြိုကာလ ရွေးကောက်ပွဲကြေညာစာတမ်းများတွင်လည်းကောင်း အတိအလင်းကြေညာပြီး မြန်မာနှင့် ကမ္ဘာကိုပါ အသိပေးထားပြီး ဖြစ်သကဲ့သို့ ယခုကာလတွင်လည်း အခွင့်အခါ သင့်တိုင်း ယင်းသဘောထားကို ထပ်တလဲလဲ အတည်ပြုရေးသား တင်ပြပြောကြားမှုများ စဉ်ဆက်မပြတ် ဆောင်ရွက်ခဲ့၊ ဆောင်ရွက်ဆဲ ဖြစ်ပါသည်။ ကျွန်ုပ်တို့ ဖက်ဒရယ်ဒီမိုကရေစီ မဟာမိတ် FDA ၀င်ပါတီများသည်လည်း ၂၀၀၈ အခြေခံဥပဒေပြင်ဆင်ရေးအတွက် မိမိတို့ ပါတီများ အလိုက် အထူးအာရုံစိုက်လုံလဥဿှဟပြုကာ  အစိုးရအဖွဲ့၊ လွှတ်တော်ကော်မတီ စသည်တို့နှင့် ပြည်သူလူထုကိုပါ အကြိမ်ကြိမ်  တင်ပြထုတ်ပြန်ပြီး ဖြစ်ပါသည်။




၅။      အာဆီယံဥက္ကဌအဖြစ် မြန်မာနိုင်ငံက တာဝန်ယူကျင်းပသည့် ယခုအာဆီယံထိပ်သီးအစည်းအဝေးကို အောင်မြင်စွာကျင်းပနိုင်ခဲ့ပြီး တောင်တရုတ်ပင်လယ် အခြေအနေပေါ်တွင်လည်း ပါဝင်ပတ်သက် နေသည့်နိုင်ငံများအနေနှင့် နိုင်ငံတကာဥပဒေလေးစားလိုက်နာရေး  စိတ်ရှည်သည်းခံမှုနှင့် ဖြေရှင်း ရေးတို့ပါဝင်သည့် ဘုံသဘောတူညီချက်တစ်ရပ်ကို ထုတ်ပြန်နိုင်ခဲ့ခြင်းကို  အထူးဂုဏ်ယူ ၀မ်းမြောက် မိပါသည်။ ထို့ပြင် ကောင်းမွန်သော အုပ်ချုပ်ရေးမြှင့်တင်မှုဆွေးနွေးပွဲများ ကျင်းပနိုင်ခြင်း၊ အာဆီယံ ပါလီမန်များဆိုင်ရာ မျက်နှာစုံညီအစည်းအဝေးပွဲများဆောင်ရွက်ခြင်း၊ လူငယ်နှင့်အရပ်ဖက် အဖွဲ့အစည်း များ အခန်းကဏ္ဍမြှင့်တင်ရေးဆောင်ရွက်ခြင်း၊ အာဆီယံအရင်းအနှီးဈေးကွက်ပေါ်ထွန်းရေး၊  အာဆီယံ အသေးစား၊ အလတ်စားစက်မှုလုပ်ငန်းဗဟိုဌာန ထူထောင်ဆောင်ရွက်ရေး၊ ပတ်ဝန်းကျင်ထိန်းသိမ်း ရေးနှင့်ရာသီဥတုပြောင်းလဲမှုအပေါ် တုံ့ပြန်ရေး၊ စားနပ်ရိက္ခာဖူလုံရေး၊ ပတ်ဝန်းကျင်ကာကွယ်ရေး ထောက်ကူပြုရာသီဥတုဒဏ်ခံ စိုက်ပျိုးရေးစနစ် အသုံးပြုရေး၊ အာဆီယံဒေသတွင်း လမ်းကွန်ယက် စနစ်များ ဆောင်ရွက်ခြင်း စသည်တို့ကို သဘောတူညီခဲ့ကြကြောင်း တွေ့ရပါသည်။ ယင်းကဲ့သို့ အာဆီယံနိုင်ငံများအတွင်း ညှိနိုင်းဆောင်ရွက်ရန်ကိစ္စရပ်များအား သဘောတူဆောင်ရွက်ခြင်းကို ဖက်ဒရယ်ဒီမိုကရေစီမဟာမိတ် FDA က ကြိုဆိုပါကြောင်း ဟူသည့် အထက်ဖော်ပြပါ သဘောထား များအား ကျွနုပ်တို့ ဖက်ဒရယ်ဒီမိုကရေစီမဟာမိတ် FDA က အလေးအနက် ထုတ်ပြန်ကြေညာအပ်ပါ
သည်။

                                                                       ဖက်ဒရယ်ဒီမိုကရေစီမဟာမိတ် FDA
>>>>>>>>>>>>>>>>>>>>>

“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။

No comments:

Post a Comment