For Users



“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။

HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။

HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။
HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။ တိုက်ရိုက် Download Link များလိုချင်သူများ အတွက် HWH News v4.4 http://www28.zippyshare.com/v/56152148/file.html HWH Feel v4.4 http://www28.zippyshare.com/v/32022878/file.html HWH U v3.3 http://www28.zippyshare.com/v/89602710/file.html HWH For Windows XP/7/8 http://www42.zippyshare.com/v/45555730/file.html

Download ဆွဲနည်း

Download ဆွဲနည်း
Download ဆွဲနည်း

Monday 5 May 2014

ဝန်သိုမြို့နယ်တွင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေးအား ငြိမ်းချမ်းစွာ စီတန်းလှည့်လည် ဆန္ဒဖော်ထုတ် ►“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”

စိုင်းလူမင်း...
    စစ်ကိုင်းတိုင်းဒေသကြီး၊ ဝန်းသိုမြို့နယ်
တွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ
ဦးကျော်သောင်း ဥက္ကဌမှ ဦးစီး၍ ပါတီဝင်
များသည် မေ(၄)ရက် နံနက် (၀၉း၀၀)
နာရီ (၁၁း၀၀)နာရီ အချိန်ထိ ၂၀၀၈ ဖွဲ့
စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးအား
ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် စီတန်းလှည့်
လည်ခွင့်ဆိုင်ရာ ဥပဒေပုဒ်မ ၅အရ ဆန္ဒ
ဖော်ထုတ်ခဲ့သည်။
     ငြိမ်းချမ်းစွာစီတန်းလှည့်လည်ရာတွင်
ပုဒ်မ-၁၈ ဖျက်သိမ်းရေး၊ ပြည်သူလူထု
အပ်နှံထားသော အခွင့်အာဏာကို အလွှဲ
သုံးစား မလုပ်ပါနှင့်၊ တဖက်သတ် ရေး
ဆွဲထားသော အခြေခံ ဥပဒေများ ချက်
ခြင်းဖျက်၊ လေးပွင့်ဆိုင်ဆွေးနွေးရေး
ချက်ခြင်းဆောင်ရွက်ပေး စသည့်
ဆိုင်းဘုတ်များကိုင်ဆောင်၍ ၂၀၀၈ ဖွဲ့
စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေး
( ဒို့အရေး)၊ပုဒ်မ-၅၈(ဃ)၊ (စ)ပြင်ဆင်
ရေး(ဒို့အရေး)၊ တရားဥပဒေစိုမိုးရေး
( ဒို့အရေး)။ ပြည်သူကိုဖိနှိပ်သော
ဥပဒေများ ဖျက်သိမ်းရေး( ဒို့အရေး)၊
လေးပွင့်ဆိုင်တွေ့ဆုံပွဲ ချက်ခြင်းဆောင်
ရွက်ပေး( ဒို့အရေး)၊ စစ်မှန်သော
ပြည်ထောင်စုစနစ်ဖော်ဆောင်ရေး(ဒို့အ
ရေး) ၊ပြည်သူကိုစော်ကားသော ဝန်ကြီး
များအလိုမရှိစသည့် ကြွေးကြော်သံများ
ဖြင့် မြို့တွင်းစီတန်းလှည့်လည် ခဲ့သည်။
       အဆိုပါ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ
ဥပဒေပြင်ဆင်ရေးအား ငြိမ်းချမ်းစွာ
စီတန်းလှည့်လည်ရာတွင် ကောလင်းမြို့
နယ်၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ
ပါတီဝင်များ ၊ပင်လည်ဘူးမြို့နယ် အမျိုး
သားဒီမိုကရေစီ အဖွဲ့ချုပ်မှ ပါတီဝင်များ ၊
အင်အား(၉၇၀)ပါဝင်ဆင်နွဲကြပြီး စီတန်း
လှည့်လည်ရာ မြို့တွင်းလမ်းတစ်လျှောက်
တွင် ဝန်းသိုမြို့နယ် အမျိုးသား ဒီမိုကရေစီ
အဖွဲ့ချုပ် မိသားစုဝင်များ ၊ပြည်သူများ၊
ဈေးသူ/သားများမှ ရေသန့်၊ အအေးအချို
ရည်မျိုးစုံ၊ ဖျော်ရည်ဘူးများ တိုက်ကျွေး
ခဲ့ကြောင်း သိရသည်။
              စိုင်းလူမင်း၊မီဒီယာဂရု
                Sailumin35@gmail.com
>>>>>>>>>>>>>>>>>>>>>

“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။

No comments:

Post a Comment