စိုင်းလူမင်း...
စစ်ကိုင်းတိုင်းဒေသကြီး၊ကောလင်း
မြို့ စည်ပင်
သာယာဈေး ပြန်ကျဈေးတန်းများတွင် ရာသီပေါ်
သီနှံများ အများအပြား ရောင်းချလျှက်ရှိရာ ထိုသီးနှံ
များတွင် ပိုးသတ်ဆေးဖြန်းထား၍ ရောင်းချနေသည့်
အတွက် ကျန်းမာရေး လိုက်စားသူ ပြည်သူများမှ
ပိုးသတ်ဆေးနှင့် လွတ်ကင်းသည့် ဆေးဖက်ဝင်
ပဲပင်ပေါက်ကို ၀ယ်ယူစားသုံးလျှက်ရှိကြောင်း တွေ့
ရသည်။
ပဲပင်ပေါက်သည် တိုင်းရင်းဆေးပညာအရ
ဟင်းသီးဟင်းရွက်များထဲတွင် အဟာရ အပြည့်အဝ
ဆုံးသော အသီးအရွက်ပင်ဖြစ်သည်။ တစ်ပင်လုံးဆေး
ဖက်ဝင်သည့်အပြင် အမြစ်ကိုပါ စားသုံးသင့်သည်။
အမြစ်ကိုဖယ်ရှားပြီး စားသုံးပါက ဆေးဖက်ဝင်မှု
အားနည်းသွားနိုင်သည်ဟု သိရသည်။
တရုတ်တိုင်းရင်းဆေး အလိုအရ ပဲပင်ပေါက်
သည် ချိုအေးသော အရသာရှိ၍ မကြာခဏ စားသုံးပေး
ပါက ကိုယ်တွင်းအပူများကို ထိန်းပေးနိုင်သည်။ ဆီးကို
ရွှင်စေသည်။ ဖောရောင်ခြင်းကိုလည်း ပျောက်စေသည်။
ထို့အပြင် ပဲပင်ပေါက်သည် ပရိုတင်း၊ ဇင့်ပါဝင်သည့်
ဆံပင်၊ လက်သည်း၊ ခြေသည်း တို့ကို ကျန်းမာအောင်
လုပ်ဆောင်ပေးနိုင်သည့်ဟု ဆိုသည်။
ပဲပင်ပေါက်သည် အမျှင်ဓာတ်ပါဝင်သဖြင့် မကြာ
ခဏ ၀မ်းချုပ်တတ်သူများအတွက် စားဖို့အကောင်းဆုံး
ဖြစ်ကြောင်း သိရှိရပြီး အူလုပ်ရှားမှုကို မှန်စေပြီး နှလုံး
သွေးကြောကျဉ်းရောဂါ ၊ အသည်းအဆီဖုံးရောဂါ၊ ကင်
ဆာရောဂါများကို ကာကွယ်ပေးနိုင်သည့်အပြင် စွမ်းအင်
နှင့် အခြားအဟာရများ ပါဝင်သဖြင့် စိတ်ဖိစီးမှုနှင့် ပင်
ပန်းနွမ်းနယ်နေသူ၊ အရက်အသောက်လွန်၍ အရက်နာ
ကျသူများ ဓာတ်စာအဖြစ် စားသုံးနိုင်သည် ဟု လည်းသိ
ရသည်။
ပဲပင်ပေါက်ကို ပဲပြားနှင့် ရော၍ဖြစ်စေ၊ တစ်မျိုးတည်း
ဖြစ်စေ ကြော်စားကြသလို အချဉ်ဖောက်၍ ပဲတီချဉ်အဖြစ်
လည်းကောင်း၊ ဟင်းချို/ဟင်းခါး အဖြစ်လည်းကောင်း အမျိုး
မျိုး ချက်ပြုတ် စားသုံးလျှက်ရှိသည်၊ ပဲပင်ပေါက်သည် ဗီတာ
မင်(အေ၊ ဘီ၊ စီ၊ ဒီ၊ အီး၊ ကေ၊ ဖောလစ်အက်စစ်၊ ပိုတက်ဆီ
ရမ်၊ ကယ်လ်စီရမ်၊ မက်ဂနီရပ်နှင့် ဖော့ပရပ်စ်၊ အင်ဇိုင်း၊
ပရိုတင်း၊ သံဓာတ်၊ သတ္တုဓာတ်)စသော အဟာရဓာတ်များ
ပါဝင်သဖြင့် သွေးပေါင်ကျဆင်းခြင်းတို့ကိုလည်းကောင်း၊
အမျိုးသမီးများ သွေးဆုံးချိန်တွင် အဖြစ်များသည့် ရင်တုန်
မောပန်းခြင်း၊ ချွေးထွက်လွန်းခြင်းနှင့် အရိုးပါရောဂါများမဖြစ်
အောင် ကာကွယ်နိုင်သဖြင့် တစ်ပင်လုံး ဆေးဖက်ဝင်သည့်
ပဲပင်ပေါက်ကို စားသုံးသင့်ပါကြောင်း အကြံပြု ရေးသား
လိုက်ရပါသည်။
စိုင်းလူမင်း-မီဒီယာဂရု
Sailumin35@gmail.com
>>>>>>>>>>>>>>>>>>>>>

ပါဝင်သဖြင့် သွေးပေါင်ကျဆင်းခြင်းတို့ကိုလည်
အမျိုးသမီးများ သွေးဆုံးချိန်တွင် အဖြစ်များသည့် ရင်တုန်
မောပန်းခြင်း၊ ချွေးထွက်လွန်းခြင်းနှင့် အရိုးပါရောဂါများမဖြစ်
အောင် ကာကွယ်နိုင်သဖြင့် တစ်ပင်လုံး ဆေးဖက်ဝင်သည့်
ပဲပင်ပေါက်ကို စားသုံးသင့်ပါကြောင်း အကြံပြု ရေးသား
လိုက်ရပါသည်။
စိုင်းလူမင်း-မီဒီယာဂရု
Sailumin35@gmail.com
No comments:
Post a Comment