စိုင်းလူမင်း...
မြစ်ဆုံစီမံကိန်း ထာဝရရပ်တန့်ရန်အတွက်
ရန်ကုန်မှ မြစ်ကြီးနားအထိ လမ်းလျှောက်၍ ဆန္ဒဖော်
ထုတ်မည့် နိုင်ငံရေး အကျဉ်းသားဟောင်း ဦသီဟ
ဦးဆောင်သော အဖွဲ့ဝင် (၄၁)ဦး လိုက်ပါလာသည့်
အဖွဲ့သည် (၃.၄.၂၀၁၄) ရက်နေ့က ကန့်ဘလူမြို့
နယ် ချပ်သင်းကျေးရွာ သို့ေ၇ာက်ရှိပြီး ညအိပ်ရပ်နား
ခဲ့ပြီး မေ(၄)ရက်နေ့တွင် ကိုးတောင်ဘို့-ကောလင်း
ခရိုက်ခြင်း ဆက်လမ်းအတိုင်း ဆက်လက်ထွက်ခွာ
လမ်းလျှောက်လာရာ ကောလင်းမြို့သို့(၄း၃၀) အချိန်
ရောက်ရှိစဉ် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ဥာဏ်မြင့်နှင့်
တာဝန်ရှိသူများမှ မြို့နယ်အတွင်း မလိုလားအပ်သော
ပြဿနာ တစ်စုံတစ်ရာ ဖြစ်ပွားမှု မရှိစေရေးအတွက
် ဦးသီဟနှင့်တွေ့ဆုံပြီး ကတိဝန်ခံချက် လက်မှတ်ရေး
ထိုးခဲ့သည်။ အဆိုပါအဖွဲ့သည် ဆက်လက်၍ ကောလင်း
မြို့အတွင်း ၀င်ရောက်ခဲ့ရာ လမ်းတစ်လျှောက်တွင်
ကောလင်းမြို့နယ် အမျိုးသားဒီမိုကရေစီ ပါတီအဖွဲ့ဝင်
များ နှင့် မြို့ခံပြည်သူများမှ ကြိုဆိုကြပြီး အလှူရှင်များက
စနိုးတာဝါ ပေးကမ်းခြင်း၊ ရေသန့်၊ ဖျော်ရည်မျိုးစုံ တိုက်
ကျွေးခြင်းများ ပြုလုပ်ခဲ့သည်။ အဆိုပါလမ်းလျှောက်အဖွဲ့
သည် ကောလင်းမြို့ စက်ရုံလယ်ပြင်ရပ်ကွက်မှ စည်ပင်
သာယာဈေး(၈) လမ်းမကြီး နှင့် ဘူတာရှေ့ဗိုလ်ချုပ်လမ်း
များသို့ စီတန်းလှည့်လည် လှမ်းလျှောက်ခဲ့ရာ "ဧရာဝတီ
အရေးတော်ပုံ အောင်ရမည်၊ အောင်ရမည်၊ ဧရာဝတီ
အောင်မြင်ရေး ဒို့အရေး၊ ဧရာဝတီ ဖျက်ဆီးသူ တို့ရန်သူ၊
မြစ်ဆုံစီမံကိန်းဖျက်သိမ်းရေး ဒို့အရေး" စသည့် ကြွေး
ကြော်သံများဖြင့် ကြွေးကြော်ခဲ့ကြောင်း၊ ၎င်းနောက်
ကောလင်းမြို့ ၊ မြောက်အင်းရပ်ကွက် ဓမ္မာရုံတွင်
ကောလင်းမြို့နယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ
ညစာထမင်းဖြင့် ဧည့်ခံ၍ အဆိုပါနေရာတွင် ညအိပ်ရပ်
နားခဲ့ကြောင်း သိရသည်
စိုင်းလူမင်း-မီဒီယာဂရု
Sailumin35@gmail.com
>>>>>>>>>>>>>>>>>>>>>

No comments:
Post a Comment