For Users



“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။

HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။

HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။
HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။ တိုက်ရိုက် Download Link များလိုချင်သူများ အတွက် HWH News v4.4 http://www28.zippyshare.com/v/56152148/file.html HWH Feel v4.4 http://www28.zippyshare.com/v/32022878/file.html HWH U v3.3 http://www28.zippyshare.com/v/89602710/file.html HWH For Windows XP/7/8 http://www42.zippyshare.com/v/45555730/file.html

Download ဆွဲနည်း

Download ဆွဲနည်း
Download ဆွဲနည်း

Monday 5 May 2014

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း တရားမ၀င် တမလန်း သယ်ဆောင်လာသည့် Super Custom ယာဉ်တစ်စီးကို ပထမဦးဆုံး ပြည်သူပိုင်ပစ္စည်း ကာကွယ်စောင့်ရှောက်ရေး ဥပဒေ ပုဒ်မ ၆(၁)ဖြင့် အမှုဖွင့် ►“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”

စိုင်းလူမင်း...
စစ်ကိုင်းတိုင်းဒေသကြီး၊ ၀န်းသိုမြို့နယ်မှ
ကောလင်းဘက်သို့ တရားမ၀င် တမလန်းသစ်များ
သယ်ဆောင်လာကြောင်း သတင်းအရ ကောလင်း
မြို့မရဲစခန်းမှ ရဲတပ်ကြီး ရွှေစင်အောင်၊ ရဲတပ်သား
အောင်ခိုင်မိုး နှင့် သစ်တောဦးစီးဌာနမှ တောအုပ်
ကြီး ဦးမောင်မောင်စိုးဝေ ဦးစီးသော သစ်တော
ဝန်ထမ်းများ၊ သက်သေ ဦးသက်နိုင်၊ ဦးကြီးမောင်
ပူးပေါင်းပါဝင်သည့်အဖွဲ့ဝင် သည် ဧပြိ ၂၈ ရက်
နေ့က ည(၉း၃၀)အချိန်တွင် ၀န်သို-ကောလင်း
ကားလမ်း ကောလင်းရဲစခန်းရှေ့တွင် စောင့်ဆိုင်း
နေကြရာ ယာဉ်မောင်း ထန်ခန့်ခွာ မောင်းနှင်လာ
သော ယာဉ်အမှတ် ဂဈ/၁၃၂၇ SUPER CUSTOM
ယာဉ်အမျိုးအစား အဖြူရောင်ကားထဲတွင် တမလန်း
ဓါးရွှေတုံး( ၁၃)တုံး (၄၇ ဒဿမ ၆၀) ကုဗ၊ (ဝ
ဒဿမ ၉၅၂၀)တန် ကာလတနဖိုး (၂၃၈၀၀၀ိ/)အား
တင်ဆောင်လျှက် မြင့်တိုးဝင်း၊ မောင်မောင်ပိန်၊
မဆွေဆွေယု၊ သိန်းဇော်၊ချစ်ကြည် တို့နှင့် အတူ
တွေ့ရှိ သိမ်းဆည်းခဲ့ပြီး ရဲအုပ် ဟုန်းထန်းမှ တရား
လို ပြုလုပ်တိုင်တန်း ခဲ့သည်။
ဖြစ်စဉ်နှင့် ပတ်သတ်၍ ကောလင်းမြို့မ ရဲစခန်း
မှ ပြည်သူပိုင်ပစ္စည်း သယ်ဆောင်သူ ယာဉ်မောင်း
ထန်ခန့်ခွာ (ဘ) ဦးလှိုင်သန်းမြင့် ၊ အသက်(၂၂)နှစ်
၊ တံခွန်တိုင်ရပ်၊ ပြည်ကြီးတံခွန်မြို့နယ်၊ ပြည်သူပိုင်
ပစ္စည်းရောင်းဝယ်သယ်ဆောင်သူ မဆွေဆွေယု
(ဘ)ဦးမောင်ကို၊ အသက်(၅၃)နှစ်၊ ညောင်ပင်ကြီး
ရွာ၊ ဆားလင်းကြီးမြို့နယ်၊ သိန်းဇော်၊(ဘ)ဦးလွမ်းပြေ၊
အသက်(၃၅)နှစ် ၊ ချီပါရွာ၊ ရွှေဘိုမြို့နယ်၊ ချစ်ကြည်
(ဘ) ဦးတင်ကြိုင်၊ အသက်(၃၄)နှစ်၊ ဆားထုံးတော
ကျောင်းရွာ၊ ဆားလင်းကြီးမြို့နယ် ၊ မြင့်တိုးဝင်း(ဘ)
ဦးထွေး အသက်(၄၀)နှစ်၊ ကွန်ဆိပ်ရွာ၊ ရွှေဘိုမြို့နယ်
တို့ကို (ပ)၁၁၉/၂၀၁၄ ပြည်သူပိုင်ပစ္စည်း ကာကွယ်
စောင့်ရှောက်ရေး ဥပဒေပုဒ်မ ၆(၁)ဖြင့် အမှုဖွင့်
အရေးယူထားကြောင်း သိရသည်။
တရားမ၀င် တမလန်းသစ်များအား ရှမ်းပြည်နယ်၊
ကချင်ပြည်နယ်၊ မန္တလေး ဒေသကြီး၊ စစ်ကိုင်းတိုင်း
ဒေသကြီးတို့တွင် အများအပြား ဖမ်းဆီးရမိခဲ့ကြောင်း
၊ သတင်းစာနှင့် ဂျာနယ်များတွင်ရေးသားဖော်ပြ
လေ့ရှိသည်။ သို့သော် တမလန်းသစ်ခိုးထုတ်မှုသည်
လျော့မသွားဘဲ ပိုမိုများပြားလာလျှက်ရှိသည်။ ထိုကဲ့
သို့ ဖြစ်ရခြင်းမှာ တမလန်းသစ်သည် ကျွန်းနှင့် အခြား
သစ်များထက် ဈေးအဆမတန် မြင့်မားလာသည့်
အတွက် ဈေးကောင်းရရှိပြီး သစ်ခိုးထုတ်မှုများကို
ဖမ်းဆီးရမိသည့်အခါ ပြစ်ဒဏ်မှာ ပုဒ်မ ၄၂(ခ)အရ
အမှုဖွင့် အရေးယူ ခံရသည့်အတွက် ကျခံရသည့်
ပြစ်ဒဏ်မှာ နည်းပါးသောကြောင့် တမလန်းသစ်ခိုး
ထုတ်မှုကို ပိုမိုလုပ်ကိုင်လာခြင်း ဖြစ်သည်။
ယခုအခါ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း တမ
လန်းသစ်များ ဖမ်းဆီးရာတွင် ပြည်သူပိုင် ပုဒ်မ၆(၁)
ဖြင့် ပထမဦးဆုံး အမှုဖွင့် အရေးယူခဲ့သည့်အတွက်
ထိုသတင်းကို ကြားနေရသည့် တမလန်း သစ်ခိုး
ထုတ်သည့် ကုန်သည်ပွဲစားများ၊ ဒေသခံပြည်သူများမှ
အများအပြား စိတ်ဝင်စားလျှက်ရှိသည်။ ထိုကဲ့သို့
ထိရောက်သည့် ပြစ်ဒဏ်ချနှသာလျှင် တရားမ၀င်
တမလန်းသစ်ခိုးထုတ်မှုများ လျော့နည်းသွားနိုင်
မည်ဖြစ်သည်။
အဆိုပါ တရားမ၀င် တမလန်းသစ်များအား
ဖမ်းဆီးရာတွင် ပြည်သူပိုင်ပစ္စည်း ကာကွယ်စောင့်
ရှောက်ရေး ဥပဒေပုဒ်မ၆(၁)ဖြင့် အရေးယူခြင်းသည်
တရားမ၀င် တမလန်းသစ် ခိုးထုတ်သူများ လျော့နည်း
သွားနိုင်စေပါသည်။ ထို့အပြင် တမလန်းသစ်ခိုးထုတ်
ရာတွင် ကုန်သည်နှင့် ပူးပေါင်းသည့် အကျင့်ပျက်ဝန်
ထမ်းများ မပါဝင်စေရေးအား သက်ဆိုင်ရာများမှ
ထိန်းကျောင်းဖို့လည်း ဆောင်ရွက်သင့်ပါသည်။
သို့မှသာ တမလန်းသစ်ခိုးထုတ်မှုအား လျော့နည်း
သွားနိုင်မည် ဖြစ်သည်။
စိုင်းလူမင်း၊ မီဒီယာဂရု
Sailumin35@gmail.com
>>>>>>>>>>>>>>>>>>>>>

“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။

No comments:

Post a Comment