For Users



“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။

HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။

HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။
HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။ တိုက်ရိုက် Download Link များလိုချင်သူများ အတွက် HWH News v4.4 http://www28.zippyshare.com/v/56152148/file.html HWH Feel v4.4 http://www28.zippyshare.com/v/32022878/file.html HWH U v3.3 http://www28.zippyshare.com/v/89602710/file.html HWH For Windows XP/7/8 http://www42.zippyshare.com/v/45555730/file.html

Download ဆွဲနည်း

Download ဆွဲနည်း
Download ဆွဲနည်း

Friday, 2 May 2014

NDF သတင်းထုတ်ပြန်ချက် ၁၅/ ၂၀၁၄ ►“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”

အမျိုးသားဒီိမိုကရေစီအင်အားစုပါတီ
သတင်းထုတ်ပြန်ရေးအဖွဲ့
သတင်းထုတ်ပြန်ချက်အမှတ် (၁၅/၂၀၁၄)
ရက်စွဲ။ ၁-၅-၂၀၁၄
ကချင်ပြည်နယ်မိုးကောင်းတွင် NDFပါတီကြိုးပမှ်းုဖြင့် လယ်ဧက ၁၀၀ ပြန်လှယ်ရရှိ
         တပ်မတော်မှသိမ်းယူထားသော မြေများအနက် အသုံးမလိုသည်များကို ပြန်လှယ်ပေးအပ်နေရာတွင် ကချင်ပြည်နယ်တွင် မြေဧက ၅၀၀၀ ကျော်ကို ပြန်လည်ပေးအပ်ရန် ရှိနေသည်။ ထိုမြေများအနက် မိုးကောင်း မြို့နယ်တွင် လယ်မြေဧက ၁၀၀ကျော် ပြန်လည်ရရှိပြီ ဖြစ်သည်။ ထို ပြန်လည်ရရှိသူ တောင်သူလယ်သမားများ က လယ်မြေများ ပြန်လည်ရရှိအောင်ဦးအောင်ကြိုးပမ်းပေးခဲ့ကြသော ကချင်ပြည်နယ် အမျိုးသားဒီမိုကရေစီ အင်အားစုပါတီ  အတွင်းရေးမှူး ဦးမြတ်မိုးမြင့်နှင့် မိုးကောင်းမြို့နယ်စည်းရုံးရေးကော်မတီဝင် ငါးဦးတို့အား ဂုဏ်ပြုသည့် အခမ်းအနားကို မိုးကောင်းမြို့နယ်၊ နမ္မတီးမြို့တွင် ပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ ကချင်ပြည်နယ်တွင် ကချင်ပြည်နယ်NDF ဥက္ကဌ ဒေါ်ဘောက်ဂျာဦးဆောင်မှုဖြင့် သိမ်းဆည်းခံလယ်ယာမြေ များ ပြန်လှယ်ရရှိရေးကို  ကြိုးပမ်းလုပ်ဆောင်နေပြီး ယခုတစ်ကြိမ်သည် ပထမဦးဆုံး ပြန်လည်ရရှိခြင်း ဖြစ်ကြောင်း သိရှီရသည်။ သတင်းအပြည့်အစုံကို ကချင်ပြည်နယ်အတွင်းရေးမှူး ဦးမြတ်မိုးမြင့် ဖုန်းနံပါတ် ၀၉၄၉၅၇၈၄၈၆ သို့ ဆက်သွယ်နိုင်ပါသည်။

 

ပြင်ဦးလွင်မှ မျက်စိလူနာ  ကိုပြည့်ဖြိုးဝေ NDF ဌာနချုပ်ရောက်ရှိ
 ၂၀၁၃ခုနှစ် ဒီဇင်ဘာ၃၀ ရက်နေ့ ည ၁၀နာရီခွဲက ပြင်ဦးလွင်မြို့တွင် လက်ဖက်ရည်ဆိုင်မှ ပြန်လာသော ကိုပြည့်ဖြိုးဝေ အား အမည်မသိလူတစ်စုမှ ၀ိုင်းရိုက်ခဲ့သဖြင့် ဦးခေါင်းနှင့် မျက်စီတွင် ဒဏ်ရာ အကြီးအကျယ်ရရှိ ခဲ့ပြီး ပြင်ဦးလွင်ဆေးရုံတွင် တစ်လကြာတက်ရောက်ခဲ့ရသည်။ ထို့နောက် မန္တလေးဆေးရုံတွင် ၁၀ ရက်ကြာနှင့် ရန်ကုန် မြောက်ဥက္ကလာပမျက်စိနှင့်အာရုံကြောဆေးရုံတွင် ၁၀ ရက်ကြာ တက်ရောက်ကုသသော်လည်း  ဒဏ်ရာ မှ သက်သာလာခဲ့ခြင်းမရှိပါ။ ထိုဒဏ်ချက်ကို နိုင်ငံခြားတွင် ကုသမှသာ ပျောက်ကင်းနိုင်မည်ဖြစ်သဖြင့် အကူအညီပေးကြပါရန် အွန်လိုင်းဖေစ်ဘုတ်တွင် တင်ခဲ့ခြင်းကြောင့်  ကရင်ပြည်နယ် မြ၀တီမြို့နယ် အမျိုးသား ဒီမိုကရေစီအင်အားစုပါတီဝင်များက အကူအညီပေးရန် ကမ်းလှမ်းခဲ့ခြင်းကြောင့် ယနေ့မနက်ပိုင်းတွင် ကရင် ပြည်နယ်သို့သွားရန်အတွက် ပြင်ဦးလွင်မှ ရန်ကုန်မြို့သို့ ရောက်ရှိလာပြီး အနောက်မြင်းပြိုင်ကွင်းလမ်းရှိ NDF  ပါတီဌာနချုပ်တွင် ခေတ္တတည်းခိုလျှက်ရှိသည်။
         ကိုပြည့်ဖြိုးအောင်နှင့်အတူ အကူအညီပေးရန်အတွက် ပြင်ဦးလွင်မြို့နယ်မှ  ကိုဝေလင်း၊ မဆွေဆွေဦးနှင့်  မခိုင်ခိုင်စိုးတို့ လိုက်ပါခဲ့သည်။ မနက်ဖြန်တွင် ကရင်ပြည်နယ် မြ၀တီမြို့သို့ ဆက်လက်ထွက်ခွာမည်ဖြစ်ပြီး ထိုမှ တဆင့်  ကုသပေးမည့် ဆေးရုံသို့ သွားမည် ဖြစ်သည်။ ထိုဖြစ်ရပ်နှင့် ပတ်သက်၍ အကြောင်းစုံ မေးမြန်းလိုပါက ဦးအောင်ဝင်းလှိုင်  ၀၉၄၂၈၂၀၅၁၆၇ သို့ ဆက်သွယ်နိုင်ကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။ 


>>>>>>>>>>>>>>>>>>>>>

“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။

No comments:

Post a Comment