စိုင်းလူမင်း...
စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းမြို့တွင်
(၆၈)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့
အထိမ်းအမှတ်အခမ်းအနားကို မြို့နယ်မီးသတ်
စခန်းတွင် မေ(၅)ရက်နေ့ နံနက်(၇)နာရီအချိန်
က ကျင်းပခဲ့သည်။
အခမ်းအနားတွင် မြို့နယ်ရှိ မီးဘေးတားဆီး
ရေး အထောက်အကူပြုကော်မတီနှင့် အဖွဲ့ဝင်များ
မီးသတ်လုပ်ငန်းကို စိတ်ပါဝင်စားပြီး အဖက်ဖက်မှ
ကူညီပံ့ပိုးဆောင်ရွက်ပေးကြသည့် မြို့မိမြို့ဖအား
မိဘဆရာအဖြစ် ကန်တော့ကြပြီး ဂါရ၀လက်ဆောင်
များ ပေးအပ်ခဲ့ပါသည်။
ထို့နောက် နံနက်(၈း၀၀)နာရီမှ (၉း၀၀)ထိ
မှးသတ်ယာဉ်များနှင့် မီးသတ်တပ်ဖွဲ့ဝင်များ ကြံ့ခိုင်မှု
နှင့် သင့်(၄)သင့် ဖြစ်သော စက်အသင့်၊ ရေအသင့်၊
လူအသင့်၊စက်သုံးဆီအသင့် ရှိနေမှုအား မြို့တွင်း
လှည့်လည် ၍ ပြည်သူများအား ထင်သာမြင်သာရှိ
အောင် ပြသခြင်း၊ နံနက်(၁၀)နာရီမှ (၁၂)နာရီထိ
ကောလင်းမြို့ပြင်ရှိ အင်ကြီးကုန်းသုဿန်သို့ သွား
ရောက်ကာ သန့်ရှင်းရေးပြုလုပ်ခြင်း၊ သုဿန်ရှိ
အမှိုက်များဖြင့် တိမ်ကောနေသည့် ရေတွင်းကို ပြန်
လည်ပြုပြင်သန့်ရှင်းရေး ပြုလုပ်ပေးခဲ့ကြောင်း
သိရသည်။
စိုင်းလူမင်း၊ မီဒီယာဂရု
Sailumin35@gmail.com
>>>>>>>>>>>>>>>>>>>>>

No comments:
Post a Comment