For Users



“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။

HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။

HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။
HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။ တိုက်ရိုက် Download Link များလိုချင်သူများ အတွက် HWH News v4.4 http://www28.zippyshare.com/v/56152148/file.html HWH Feel v4.4 http://www28.zippyshare.com/v/32022878/file.html HWH U v3.3 http://www28.zippyshare.com/v/89602710/file.html HWH For Windows XP/7/8 http://www42.zippyshare.com/v/45555730/file.html

Download ဆွဲနည်း

Download ဆွဲနည်း
Download ဆွဲနည်း

Saturday 3 May 2014

ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ သူရဦးရွှေမန်း မကွေးတိုင်းဒေသကြီးပြည်ခိုင်ဖြိုးပါတီသို့ လာရောက်၍ ပါတီတွင်းကိစ္စများ အစည်းအဝေးပြုလုပ် ►“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”

၂၀၁၄၊ မေ(၂)ရက်၊ နေ့လည်(၃)နာရီအချိန်မှ ညနေ(၄း၃၀)နာရီအချိန်ထိ
မကွေးတိုင်းဒေသကြီးပြည်ထောင်စု
ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး
ပါတီရုံးချုပ် သို့ အမျိုးသားလွှတ်တော်နာယက၊
ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌ၊ ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ သူရဦးရွှေမန်း
ပါတီတွင်းကိစ္စများအစည်းအဝေးပြုလုပ်ကြောင်း သတင်းရရှိသည်။
        ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ သူရဦးရွှေမန်း နှင့်အဖွဲ့ဝင်များသည်
မေ(၂)ရက်နေ့တွင် ရခိုင်ပြည်နယ်အမ်းလမ်းမှ မင်းဘူးမြို့ မန်းရေနံမြေ
ဧည်ရိပ်သာသို့ရောက်ရှိပြီး နေ့လည်စာသုံးဆောင်၍ အစည်းအဝေးပြုလုပ်ပြီး
မကွေးမြို့သို့ ရောက်ရှိလာကြောင်း၊ ပါတီဥက္ကဋ္ဌ နှင့်အတူ
ပြည်ခိုင်ဖြိုးဗဟိုပါတီကော်မတီဝင် မကွေးတိုင်းဒေသကြီးတာဝန်ခံ
သူရဦးအောင်ကို၊ ဦးလှဆွေနှင့် ဦးဇော်မင်းတို့ ပါဝင်ကြောင်း၊
မကွေးအစည်းအဝေးကို နေ့လည်(၃)နာရီမှ ညနေ(၄း၃၀) နာရီခန့်အထိ
မကွေးတိုင်းဒေသကြီးပြည်ခိုင်ဖြိုးပါတီ အတွင်းရေးမှူး ဦးကြည်ထွန်းနှင့်
ကော်မတီဝင်များ၊ မကွေးတိုင်း ဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌ ၊ မကွေးတိုင်း
ဒေသကြီး အစိုးရအဖွဲ့မှ ပြည်ခိုင်ဖြိုးပါတီဝင် အစိုးရ၀န်ကြီးများ၊
မကွေးမြို့နှင့် မင်းဘူးမြို့မှပြည်ခိုင်ဖြိုးပါတီခရိုင်/မြို့နယ်တို့မှ
အတွင်းရေးမှူးများနှင့် ကော်မတီဝင်များ စုစုပေါင်းအင်အား
(၄၀)ဦးခန့်ဖြင့် သီးခြားအစည်းအဝေးရုံးခန်း၌ တံခါးပိတ်
ဆွေးနွေးကြောင်းသိရသည်။
        အစည်းအဝေးမစတင်မှီ စကိုင်းနက်ရုပ်သံသတင်းအဖွဲ့နှင်
မကွေးတိုင်းဒေသကြီးပြန်ကြားရေးဌာန သတင်းရိုက်ကူး ရေး အဖွဲ့များမှ
သတင်းရိုက်ကူးပြီး အစည်းအဝေးခန်း၏ ပြင်ပသို့ ပြန်လည်ထွက်ခွာလာကြကြောင်း၊
၎င်းအစည်းအဝေး ခမ်း၏ တံခါးပေါက်ဝနှင့် မကွေးပြည်ခိုင်ဖြိုးရုံးအတွင်းအပြင်၌
လုံခြုံရေးများအပြည့်ချထားကြောင်း မြင်တွေ့ရသည်။
``  ဥက္ကဋ္ဌ သူရရွှေမန်းခရီစဉ်ကတော့ ပါတီကိစ္စသက်သက်ဆွေးနွေးကြတာပါ။
ကိုယ့်ပါတီ မဲရရရေး မရရေးကို အဓိကမထာပါဘူး၊ ပြည်သူများအတွက်
အကျိုးပြုလုပ်ငန်းများကိုသာ ဦးစားပေးဆောင်ရွက်သွားကြဖို့ကို လမ်းညွှန်မှာ
ကြားသွားတာပါ၊ ပါတီ ဥက္ကဋ္ဌ တစ်ဦးအနေနဲ့ ဒီခရီးစဉ်ကို
လာရောက်ခြင်းဖြစ်ပါတယ်။´´ ဟု မကွေးမြို့နယ် ပြည်ခိုင်ဖြိုးပါတီ
အတွင်းရေးမှူး ဦးအောင်သိန်းကျော်က သတင်းသမားများကိုပြောသည်

ဝိုင်းကြည်အောင်
မြေလတ်ဒေသ သတင်းစာ
မကွေးမြို့ ။ ဖုန်း ၀၉-၄၄၀၂၂၅၁၀၀
>>>>>>>>>>>>>>>>>>>>>

“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။
 

No comments:

Post a Comment