For Users



“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။

HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။

HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။
HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။ တိုက်ရိုက် Download Link များလိုချင်သူများ အတွက် HWH News v4.4 http://www28.zippyshare.com/v/56152148/file.html HWH Feel v4.4 http://www28.zippyshare.com/v/32022878/file.html HWH U v3.3 http://www28.zippyshare.com/v/89602710/file.html HWH For Windows XP/7/8 http://www42.zippyshare.com/v/45555730/file.html

Download ဆွဲနည်း

Download ဆွဲနည်း
Download ဆွဲနည်း

Saturday, 3 May 2014

သို့ မီဒီယာများမှတစ်ဆင့် စစ်ကိုင်းတိုင်း ၀န်ကြီးချုပ် သိရှိစေရန် ►“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”

သို့
မီဒီယာများမှတစ်ဆင့် စစ်ကိုင်းတိုင်း ၀န်ကြီးချုပ်ဦးသာအေး သိရှိစေရန်
စစ်ကိုင်းတိုင်းဒေသကြီး ၊ မုံရွာမြို့သည် တိုင်းဒေသကြီး၏ မြို့တော်ဖြစ်ပါသည်။ သလ္လာဝတီရပ်ကွက်သည် မုံရွာမြို့၏ စည်ပင်သာယာနယ်နိမိတ်အတွင်း တည်ရှိသောရပ်ကွက်ဖြစ်သကဲ့သို့ အထက်ချင်းတွင်းဒေသနှင့် ကုန်စည်များ ဖလှယ်တင်ပို့ရာ ဆိပ်ကမ်းရှိသော ရပ်ကွက်လည်းဖြစ်ပါသည်။ ထို့ကြောင့် ၄င်းဆိပ်ကမ်းအား သလ္လာဝတီဆိပ်ကမ်းဟုပင် ခေါ်ဆိုကြပါသည်။ ထို့အပြင် စစ်ကိုင်းတိုင်းဒေသကြီး၏ ဥပဒေပြုရေးမဏ္ဍိုင်ဖြစ်သော လွှတ်တော်နှင့် အုပ်ချုပ်ရေးမဏ္ဍိုင်မှ ၀န်ကြီးချုပ်နှင့်တကွ တိုင်းဒေသကြီး ၀န်ကြီးများနေထိုင်ကြသော အိမ်ရာများနှင့် သလ္လာဝတီဆိပ်ကမ်းသည် တစ်ဆက်တစ်စပ်တည်း ကပ်လျက်တည်ရှိနေပါသည်။ ထိုကဲ့သို့ စီးပွားရေးဆုံချက် ၊ အရေးကြီး VIP များနေထိုင်ရာ နယ်မြေအတွင်း ဥပဒေမဲ့ သွင်/သံဂဟေ လုပ်ငန်းများ အုံနှင့်ကျင်းနှင့် လုပ်ကိုင်ဆောင်ရွက်နေသည်ကို တွေ့ရှိနေရပါသည်။ ယခုကဲ့သို့ တရားမ၀င် လုပ်ကိုင်ဆောင်ရွက်နေခြင်းမှာ အဘယ်ကြောင့်ဆိုသည်ကို စဉ်းစားမရဖြစ်ရပါသည်။ လူတိုင်းသည် ဥပဒေအောက်တွင် တူညီစွာ အခွင့်အရေး ရရှိရမည်ဟူသော ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအား မထီမဲ့မြင်ပြုသကဲ့သို့ မလေးစားသည့် အပြုအမူမျိုးပါ သက်ရောက်နေပါသည်။ ထို့အပြင် လူမှုရေးဝေဖန်ဆန်းစစ်ချက်(EIA)ဖြင့် ဝေဖန်ထောက်ရှုကြည့်ပါက ၄င်းသွင်/သံဂဟေ လုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်နေခြင်းသည် လူနေရပ်ကွက်အတွင်းရှိ ပုံမှန်လျှပ်စစ်ဓာတ်အား ထုတ်လွှတ်မှုအား များစွာအနှောင့်ယှက်ဖြစ်စေသကဲ့သို့ နေ့/ညမပြတ် လုပ်ငန်းခွင်ဝင်နေခြင်းသည်လည်း ရပ်ကွက်အတွင်းရှိ အများပြည်သူ အိပ်စက်အနားယူချိန်ကိုပါ များစွာအနှောင့်ယှက်ဖြစ်စေပါသည်။ ယခု ကျွန်တော်ရေးသာနေသော အကြောင်းအရာများသည် (၁) စက်မှုဇုန်(၁) (၂)တွင် ရှိနေရမည့် လုပ်ငန်းများ လူနေရပ်ကွက်အတွင်း ရောက်ရှိနေခြင်းဟူသော ဥပဒေမဲ့လုပ်ရပ် ၊(၂) လူနေရပ်ကွက်အတွင်း လူများအိပ်စက် အနားယူချိန်တစ်ဝိုက် ကောင်းစွာအနားမယူရခြင်း (၃) လုပ်ငန်းဆက်စပ်ပစ္စည်းများ လမ်းနယ်နိမိတ်အထိ ကျူးကျော်ရောက်ရှိနေခြင်းကြောင့် လမ်းသွားလမ်းလာများနှင့် ကုန်တင်ကုန်ချလုပ်သူများ ကွေ့ပတ်ရှောင်လွှား သွားလာနေရခြင်းဟူသော အချက်(၃)ချက်ကြောင့် ဖြစ်ပါသည်။ ထိုအရာများသည် တိုင်းပြည်တာဝန် ထမ်းဆောင်နေရသော လူကြီးမင်းများ မေ့လျော့၍သော်လည်ကောင်း ၊ အခြားအကြောင်းကြောင့်သော်လည်ကောင်း ကာကွယ်တားဆီး ပိတ်ပင်ရမည်ကို သတိမပြုမိမှာစိုးရိမ်ခြင်းကြောင့် မီဒီယာများမှတစ်ဆင့် အများအကျိုးလိုလားသောစိတ်ဖြင့် ရေးသားပေးပို့သိစေအပ်ခြင်း ဖြစ်ပါကြောင်း။

ပြည်သူတစ်ဦး
>>>>>>>>>>>>>>>>>>>>>

“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။

No comments:

Post a Comment