For Users



“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။

HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။

HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။
HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။ တိုက်ရိုက် Download Link များလိုချင်သူများ အတွက် HWH News v4.4 http://www28.zippyshare.com/v/56152148/file.html HWH Feel v4.4 http://www28.zippyshare.com/v/32022878/file.html HWH U v3.3 http://www28.zippyshare.com/v/89602710/file.html HWH For Windows XP/7/8 http://www42.zippyshare.com/v/45555730/file.html

Download ဆွဲနည်း

Download ဆွဲနည်း
Download ဆွဲနည်း

Friday, 2 May 2014

ဥပဒေ၏ နောက်ကွယ်မှာ(အပိုင်း-3) ►“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”

  နိုင်ငံတစ်ဝန်းလုံးတွင် ဒီမိုကရေစီဖော်ဆောင်ခြင်း
သရုပ်ပြအနေဖြင့် ဆန္ဒပြမှုများ  နိုင်ငံအနှံ့မြင်တွေ့ကြား
သိနေရပါသည်။ နိုင်ငံတော်မှ ပြဒါန်းထားသော ဥပေဒေ
ပုဒ်မများအား ပြင်ဆင်နိုင်ရန် ၊ဖျက်သိမ်းပေးရန် ကြွေး
ကြော်နေကြသော အသံများကိုလည်း ကြားတွေ့နေ
ရပါသည်။နိုင်ငံတစ်နိုင်ငံတွင် ဥပဒေဆိုသည်မှာ
 အချုပ်အခြာပင်ဖြစ်သည်။ နိုင်ငံအတွင်းရှိ လူအများ
တို့သည် ဥပဒေဟူသော စည်းမျဉ်းဘောင်အတွင်း
နေထိုင်လှုပ်ရှားနေကြရပြီး ဥပဒေဟူသည်လည်း
လူသားများအတွက် အကာအရံတမျိုးလည်းဖြစ်
ပါသည်။
        လူကောင်းများအတွက် အကာအရံဖြစ်ပြီး လူဆိုး
များအတွက်မူ အတားအဆီးများဖြစ်သည်ဟု စာရေးသူ
အနေနှင့် လက်ခံထားမိပါသည်။ ထိုကဲ့သို့သော အကာ
အရံ အတားအဆီးဖြစ်သော ဥပဒေဟူသည်အား ဖျက်ရန်
/ပြင်ဆင်ရန် တောင်းဆိုနေသူများကား မည်သို့သော
လူမျိုးများလည်း ဟုလည်း မှန်းကြည့်မိပါသည်။
    မင်းသားကြီးမလုပ်ရလျှင် ပက်မကြီး တိုးဖောက်မည်
ဆိုသော စကားပုံထဲမှလူမျိုးလား? လူပြောမသန်လူသန်
မပြောဆိုသည် သူမျိုးလား? နိုင်ငံရေးလုပ်ချင်တာလား?
 နိုင်ငံရေးလုပ်စားချင်တာလား ဆိုတာတော့ မိမိကိုယ်
မိမိ ပြန်လည်ဆန်းစစ်စေလိုပါသည်။ သမိုင်းထဲက ဖောင်း
ကားစားမောင်မောင်သည် နန်းသက်(၇)ရက်နှင့် နန်းကျရ
သလို သမိုင်း တကျော့ပြန် သမ္မတကြီး ဦးမောင်မောင်သည်
လည်း ခုနှစ်ရက်ခန့်နှင့် သမ္မတရာထူးမှဆင်းပေးရစဉ်က
ပြောခဲ့သည့် စကားတခွန်းကိုတော့မမေ့စေလိုပါ။
တိုင်းသူပြည်
သား ဆန္ဒမစောကြပါနှင့်ဟု ပြောခဲ့ဘူးပါသည်။
     မှန်ပါသည် စာရေးသူတို့နိုင်ငံတွင် ဒီမိုကရေစီထွန်းကား
ဖို့ အချိန်လိုပါသည် ဒီမိုကရေစီ၏ အနှစ်ချုပ်မှ မိမိကိုယ်မိမိ
တာဝန်ယူမှုဖြစ်ပါသည်။သူတပါးလက်ညှိုးထိုးခြင်း မဟုတ်ပါ ။
စာရေးသူ၏ မိတ်ဆွေ မီဒီယာသမားတစ်ယောက်နှင့် ဆုံစဉ်
ထိုသူမှ ဈေးလည်ခေါင်မှာ အမှိုက်ပုံကို စည်ပင်မှ မသိမ်း
သဖြင့် အမှိုက်များစုပုံနေသည်ကို ဂျာနယ်ထဲထည့်ရေးဦး
မည်ဟု ပြောသဖြင့် စာရေးသူမှာ တွေးမိပါတယ် ။ဈေးထဲက
 အမှိုက်တွေက စည်ပင်နဲ့သာဆိုင်တာမဟုတ် စည်းမဲ့ကမ်းမဲ့
လမ်းတွေပေါ်လျှောက်ပစ်နေတဲ့ ဈေးရောင်းသူတွေနဲ့လည်း
ဆိုင်တာပါပဲ ။စာရေးသူ အနေဖြင့် စည်ပင်ဝန်းထမ်းများ တာဝန်
ပေါ့လျော့မှုကြောင့် မြို့လယ် ဈေးလယ်ခေါင်တွင် အမှိုက်ပုံကြီး
ဟီးနေသည်ကိုတော့ မပြောမိတော့ပါ...။
      စာရေးသူတို့ မြို့ကလေးနှင့် ရွှေဘို၊မြစ်ကြီးနားလမ်းသည်
 ၁၄ မိုင်ခန့်ကွာဝေးပါသည်။လွန်ခဲ့သော ၂လခန့်က ထိုလမ်းမ
ပေါ်တွင် ကားတစ်စီးမှောက်ပြီး လူသေမှုဖြစ်ခဲ့ပြီး စာရေးသူတို့
မြို့လေး၏ တောင်ဘက်တွင် လည်း ပြင်ဆင်ဟုခေါ်ကြသော
 ကားလေးတစ်စီးစပါး၂၀၀ခန့်တင်ဆောင် မောင်းနှင်လာစဉ်
မှောက်ပြီး လူသေမှု ဖြစ်ပွားခဲ့ပါသည်။ သတင်းထဲတွင် စာရေး
သူတို့မြို့မှ အခင်းဖြစ်ပွားရာမိုင်၂၀ခန့် ကွားဝေးသောနေရာမှ
 ကားမှောက်မှုပါလာသော်လည်း ကပ်လျှက်မြို့တောင်ဘက်မှ
ကားတိုက်မှု့မှာ မပါခဲ့ပါ။
       နောက်မှစာရေးသူသိရတာတော့ သတင်းသမား(မီဒီယာ)
 က ကိုယ့်မြို့သားအချင်းချင်း ဆိုတော့အားနာရလို့သတင်းမ
ထည့်တာဟုဆိုသလိုကြားမိပြီး..အမှန်မှာတော့ သတင်းထဲမပါ
အောင် ကြည့်လုပ်ရသည်ဟု ယာဉ်တိုက်ကာယကံရှင် အသိုင်း
အ၀ိုင်းမှ ပြောစကားကိုကြားလိုက်ရတော့....
(ဆက်လက်ရေးသားဖော်ပြပါဦးမည်)
                                       နိုင်းမရ(ကောလင်း)
>>>>>>>>>>>>>>>>>>>>>

“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။
 

No comments:

Post a Comment