For Users



“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။

HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။

HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။
HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။ တိုက်ရိုက် Download Link များလိုချင်သူများ အတွက် HWH News v4.4 http://www28.zippyshare.com/v/56152148/file.html HWH Feel v4.4 http://www28.zippyshare.com/v/32022878/file.html HWH U v3.3 http://www28.zippyshare.com/v/89602710/file.html HWH For Windows XP/7/8 http://www42.zippyshare.com/v/45555730/file.html

Download ဆွဲနည်း

Download ဆွဲနည်း
Download ဆွဲနည်း

Monday 3 March 2014

ဘ၀၏နေ၀င်ချိန် ငြိမ်းချမ်းစွာ ဖြတ်သန်းစေရေးအတွက် နွေးထွေးကြင်နာမှုဖြင့် ဆောင်ရွက်ပေးနေသော စံတော်သာဘိုးဘွားရိပ်သာ >>“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”

စိုင်းလူမင်း..................
..
        မြန်မာနိုင်ငံတွင် လူဦးရေ သန်း(၆၀)ခန့်ရှိရာတွင် အသက်(၆၀)နှင့်အထက်
သက်ကြီးရွယ်အိုဦးရေသည် နိုင်ငံတော်လူဦးရေ စုစုပေါင်း၏ (၉%)တွင် (၅)သန်း
ကျော်ရှိ အိုမင်းမစွမ်းသူ(၅)သိန်းခန့် ရှိသည်။ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ
ပုဒ်မ ၃၂(က)တွင် နိုင်ငံတော်သည် မိခင်နှင့် ကလေးသူများ၊ မိဘမဲ့ကလေးများ၊
အိုမင်းမစွမ်းသူများ၊မသန်စွမ်းသူများအား၊ကြည့်ရှုစောင့်ရှောင့်ရမည်ဟု ပြဋ္ဌာန်း
ထားပါသည်။
         သက်ကြီးရွယ်အိုများအား ကူညီစောင့်ရောင့်မှုများပေးရန် အစိုးရနှင့်ပရဟိတ
အဖွဲ့အစည်းများမှ အစီအစဉ်အမျိုးမျိုးဖြင့် ချမှတ်ဆောင်ရွက်လျှက်ရှိသည်။ အကြောင်း
အမျိုးမျိုးကြောင့် ခိုကိုးရာမဲ့ခဲ့သော သက်ကြီးရွယ်အိုများနေထိုင်ရန်အတွက်
 မြန်မာတစ်နိုင်ငံလုံးတွင် ဘိုးဘွားရိပ်သာစုစုပေါင်း(၇၀)ခန့် ဖွင့်လစ်ပေးထား
သည်ဟု လေ့လာသိရှိရသည်။
          သို့သော်လည်း ဘ၀နေ၀င်ချိန်ကိုဖြတ်သန်းနေရသော သက်ကြီးရွယ်အိုများမှာ
ဘိုးရွာရိပ်သာများတွင် နေထိုင်နိုင်ရန် ကန့်သန့်ချက်များကလည်း စောင့်ကြိုနေလျှက်
ရှိသည်။ ထို့ော့ာင့် အသက်(၆၀)နှင့် အထက်ရှိသူများကို သက်ကြီးရွယ်အိုဟု
သတ်မှတ်ထားသော်လည်း  ဘိုးဘွားရိပ်သာအများစုအနေဖြင့် အသက်(၇၀)
နှင့်အထက်ရှိသူများကိုသာ နေထိုင်ခွင့်ပေးရန် ကန့်သတ်ထားသည်ကိုလည်း
တွေ့ရသည်။
             ဘိုးဘွားရိပ်သာအများစုသည် မှီခိုအားထားစရာ ကျောထောက်နောက်ခံ
ဆွေမျိုးသားချင်းအမှန်တကယ်မရှိသူ သက်ကြီးရွယ်အိုများ၊ ဆွေမျိုးသားချင်း
များတို့က ပြုစုမပေးနိုင် ၍  စွန့်ပစ်ခံရသူ လာရောက်အပ်နှံသူ သက်ကြီးရွယ်အို
များကိုသာ လက်ခံလေ့ရှိကြသည်။
             မြန်မာနိုင်ငံရှိဘိုးဘွားရိပ်သာများအနက် စစ်ကိုင်းတိုင်းဒေသကြီး ကော
လင်းမြို့နယ်ရှိ စံတော်သာ ဘိုးဘွားရိပ်သာသည်လည်း အပါအ၀င်တစ်ခုဖြစ်သည်။
စံတော်သာဘိုးဘွားရိပ်သာသည် မှီခိုအားထားစရာ ကျောထောက်နောက်ခံ
ဆွေမျိုးသားချင်းအမှန်တကယ်မရှိသူ သက်ကြီးရွယ်အိုများကို လက်ခံလျှက်ရှိရာ
ယခုလက်ရှိတွင် သက်ကြီးရွယ်အို အဘိုး(၄)ဦး၊ အဘွား(၈)ဦး၊ တို့ကို ကျွေးမွေး
စောင့်ရှောက်လျှက်ရှိသည်။ထို့အပြင် သားသမီးရှိပြီး သားသမီးများ၏ အထောက်
အပံ့မရရှိနိုင်သည့် အသက်(၇၀)ပြည့်သူ ကူးစက်ရောဂါနှင့် စိတ်ရောဂါမရှိသူများကို
လာရောက်အပ်နှံပါက စီစစ်လက်ခံပေးလျှက်ရှိသည်ဟု စံတော်သာ ဘိုးဘွားရိပ်သာ
အုပ်ချုပ်သူ ဦးရဲမြင့်မှ ရှင်းလင်းပြောပြသည်။
            စံတော်သာ ဘိုးဘွားရိပ်သာသည် ကောလင်းမြို့နယ်အနောက်ဘက် (၂)မိုင်
ခန့်အကွာ နနွင်းတောအုပ်စု၊ရွာမကျေးရွာ ဘုန်းတော်ကြီးကျောင်း၏အနောက်ဘက်
ကောလင်း-ဥက္ကံမော်တော်ကားလမ်း၏ မြေက်ဘက်တွင် ကပ်လျှက်ရှိကာ မြေအကျယ်
အ၀န်း  အရှေ့နှင့်အနောက်(၂၃၈)ပေ၊ တောင်နှင့်မြောက်(၆၂၀)ပေရှိပြီး(၃.၅)ဧက
ကျယ်ဝန်းသည်။
      ယင်းမြေကွက်ကို ၁၉၇၈ခုနှစ်က ဘိုးဘွားရိပ်သာတည်ဆောက်မည်ဟူသော
သဒ္ဒါတရား အစစ်အမှန်ဖြင့် ကောလင်းမြို့၊ မြောက်အင်းရပ်ကွက်၊အောငါသပြေရပ်
သန့်ဇင်ဝန်းဆေးလိပ်ခုံပိုင်ရှင် ဦးမျိုးညွှန့်(လူမှုထူးချွန်တတိယဆင့်)+ဇနီး
ဒေါ်သန်းရီ(လူမှုထူးချွန်တတိယအဆင့်)မိသားစုတို့မှ ၀ယ်ယူထားခဲ့သည်။
        ယင်းနောက် ၂၀၀၇ခုနှစ်တွင် ဦးမျိုးညွှန့် ကွယ်လွန်အနိစ္စရောက်ခဲ့သော်လည်း
ကျန်ရစ်သူ မိသားစုမှစံတော်သာ ဘိုးဘွားရိပ်သာ တည်ဆောက်ရန် ရည်ရွယ်
ချက်ကို မပျက်မစီးတည်တန့်စေရန်အတွက်လည်းကောင်း၊ ကွယ်လွန်သူဦးမျိုးညွှန့်
၏ဆန္ဒ ကို ဇနီးဖြစ်သူဒေါ်သန်းရီမှ သားသမီးမိသားစုများနှင့်ကူညီပံ့ပိုးမှုဖြင့်လည်း
ကောင်း၊ အလှုရှင်မိသားစုများ၏ ပူပေါင်းကူညီမှုအားကို ရယူခြင်းလည်းကောင်း၊
ဦးမျိုးညွှန့် စတင်တည်ထောင်ပေးခဲ့သော လူမှုကူညီစောင့်ရှောက်မှုအသင်း၏
ပူးပေါင်းဆောင်ရွက်မှုကို အခြေခံ၍  ဘိုးဘွားရိပ်သာအား အဘိုး (၂၅)ဦး ၊ အဘွား
 (၂၅)ဦး နေထိုင်နိုင်ရန်အတွက် ဘိုးဘွားရိပ်သာတည်ဆောက်ရေး ကော်မတီအဖြစ်
၂၀၀၇ ခုနှစ်တွင် စတင်အကောင်အဖော်ဆောင်ရွက်ခဲ့သည်
       ယင်းကဲ့သို့ အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် သန့်ဇင်ဝင်းမိသားစု
မှ မတည်ငွေ ကျပ်သိန်း (၁၀၀၀ိ)ကိုမတည်၍  အများပြည်သူလှူဒါန်းငွေ ကျပ်သိန်း
(၁၀၀၀ိ)ဖြင့် တည်ဆောက်ခဲ့ရာ(၃၁-၁၂-၂၀၁၀)ရက်နေ့တွင် ပြီးစီးအောင်မြင်
ခဲ့သည်။ အဆိုပါအဆောက်အဦး၏ စုစုပေါင်းကုန်ကျငွေမှာကျပ် သိန်း(၃၀၀၀ိ)
ကုန်ကျခဲ့သည်ဟု သိရှိရသည်။
      စံတော်သာ ဘိုးဘွားရိပ်သာအား (၆-၄-၂၀၁၃)ရက်နေ့တွင် တိုင်း၊ခရိုင်
မြို့နယ်မှ တာဝန်ရှိပုဂ္ဂိုလ် များနှင့်အတူ အလှူရှင်ဒေါ်သန်းရီမှ
ဖဲကြိုးဖြတ်လှစ်ခဲ့ပြီး
ဧည့်ပရိတ်သတ်များအား စတုဒီတာကျွေးမွေးခြင်း၊ ဓမ္မ သဘင်များဆင်ယင်ကျင်း
ပခြင်းတို့ဖြင့် အဘိုး(၄)ဦး၊အဘွား(၇)ဦးတို့ကို စတင်လက်ခံဆောင်ရွက်ခဲ့ပြီး
ဦးမျိုးညွှန့်+ဒေါ်သန်းရီ(သန့်ဇင်ဝင်း)မိသားစုမှ အဂန္တုသင်္ဃတော်များ သတင်း
သုံးရန်နှင့် ရပ်ဝေးဧည့်သည်များ နားနေတည်းခိုနိုင်ရန် အဖေ့အိမ်ဟုအမည်ပေးထား
သော အဆောက်အဦးကို ကျပ်သိန်း(၁၅၀)အကုန်အကျခံ တည်ဆောက်လှူဒါန်း
သည့်အပြင် ဘိုးဘွားရိပ်သာရေရှည်တည်တံ့ခိုင်မြဲစေရန် အထွေထွေပဒေသာပင်
အဖြစ် ငွေကျပ်သိန်း(၂၀၀)မတည် လှူဒါန်းခဲ့သည်။
     စံတော်သာ ဘိုးဘွားရိပ်သာသည် သက်ကြီးရွယ်အိုစောင့်ရှောင့်မှုအတွက်
အလှုရှင်များ၏ အလှုငွေများကိုသာ အဓိကထား၍  မှီခိုနေရသည်။ ဘိုးဘွား
များအား တစ်ရက်လျှင်ကျွေးမွေးစရတ်မှာ ကျပ်(၂၅၀၀၀)ဖြစ်ပြီး မပြည့်စုံသည့်
ရက်များတွင် ဘဏ်မှထုတ်ကာ သုံးစွဲရသည်ဟု သိရသည်။ ယခုလက်ရှိ ပဒေသာ
ပင်ငွေမှာ သိန်း(၈၅၀)ရှိပြီး ပဒေသာပင်ရရှိငွေများကို ဘဏ်သို့အပ်နှံပြီး
ဘဏ်အပ်သည့်ငွေအတိုးထဲမှ ရိပ်သာအတွက် လိုအပ်သည်များကို သုံးစွဲရ
သည်ဟု သိရသည်။
       စံတော်သာဘိုးဘွားရိပ်သာသည် သက်ကြီးရွယ်အိုများအတွက် ကျန်းမာ
ရေးနှင့်ညီညွတ်သော သန့်ရှင်းသည့်စားသောက်ဖွယ်ရာများကို ပြင်ဆင်ပေး
သကဲ့သို့  ၎င်းတို့၏ ကျန်းမာရေးစောင့်ရှောက်မှုအတွက် အပတ်စဉ်အင်္ဂါ
နေ့တိုင်း တိုင်းရင်းသမားတော်ာကီး ဦးတင့်ဆွေနှင့်အဖွဲ့၊ အပတ်စဉ်
သောကြာနေ့တိုင်း မြို့နယ်ဆရာဝန်ကြီး ဦးကျော်မြင့်နှင့်အဖွဲ့၊ကျန်ရက်များ
တွင် ဒေါက်တာခင်သောင်းနှင့် အထက်တန်းသူနာပြု(ငြိမ်း)ဒေါ်စိန်တင်အေး
တို့မှ လာရောက်ကြည့်ရှု၍  လိုအပ်သည်များကို ဆောင်ရွက်ပေးလျှက်ရှိသည်။
       ယခုအခါ တိုးတက်ပြောင်းလဲလာသော လူနေမှူပုံစံများ၊ တံခါးပွင့်လာသော
နိုင်ငံ၏ စီးပွားရေးစနစ်ကြောင့် တချို့သော မြန်မာလူငယ်များသည် ၎င်းတို့၏
မိဘဘိုးဘွားများအတွက် အချိန်ပေးစောင့်ရောက်နိုင်မှု နည်းပါးလာသည်။
ဗုဒ္ဓဘာသာ၏ ဓလေ့ထုံးတမ်းများအရ သားသမီးများ စောင့်ထိန်းအပ်သည့်
သားသမီး(၅)ပါးကို လုံခြုံအောင်စောင့်ထိန်းရန် ပျက်ကွက်လာကြသည်။ ထို
အကျိုးဆက်တို့ကြောင့် ၎င်း တို့၏ မိဘများဘ၀သည် အထီးကျန်ဆန်
လာခဲ့ရသည်။
        လူ့လောကတွင် မွေးဖွားကြီးပြင်းလာပါက အိုနာသေရေးကို မလွဲမသွေ
ကြုံရမည်မှာ  နိယာမပင် ဖြစ်သည်။ လူငယ်ပိုင်း၊လူလတ်ပိုင်း၊ လူကြီးပိုင်းအရွယ်
တို့ကို အဆင့်ဆင့် ခက်ခဲဆင်းရဲပင်ပန်းစွာဖြင့် ဖြတ်သန်းခဲ့ရသော သက်ကြီး
ရွယ်အိုများသည် ၎င်းတို့၏ ဘ၀နေ၀င်ချိန်ကို မိသားစု၏ နွေးကြင်နာမှုဖြင့်
ငြိမ်းချမ်းစွာ ဖြတ်သန်းလိုသည့်ဆန္ဒ ကိုယ်စီရှိကြလေသည်။
          မြန်မာနိုင်ငံ၏ သက်ကြီးရွယ်အိုစောင့်ရှောက်ရေးစနစ်တွင် အစိုးရမှဖြစ်စေ
ပုဂ္ဂလိကမှဖြစ်စေ၊ အခမဲ့ဖြစ်စေ နည်းလမ်းမျိုးစုံတို့ဖြင့်ဆောင်ရွက်နေကြသည်။
ထို့ကြောင့် သက်ကြီးရွယ်အိုစောင့်ရှောက်ရေးစနစ်၏ လိုအပ်ချက်များကို
ဖာထေးနိုင်ရန် အစိုးရနှင့်ပုဂ္ဂလိက တို့၏ ကြိုးပမ်းမှုသာမက မြန်မာလူ့အဖွဲ့
အစည်းတစ်ခုလုံးပါ ပါဝင်လာရန်လိုအပ်ပေသည်။
          သို့ဖြစ် လူထုအားလုံးက မိမိဘေးတွင်ရှိသော ကိုယ့်အဘိုးကိုယ့်
အဘွားတွေကို စောင့်ရှောက်ဖို့ လိုအပ်သည်ဟု အသိစိတ်များဝင်သောနေ့သည်
ဘ၀နေ၀င်ချိန်ကိုငြိမ်းချမ်းစွာ ဖြတ်သန်းကြမည့် သက်ကြီးရွယ်အို
စောင့်ရှောက်ရေးစနစ် အောင်မြင်သောနေ့ဖြစ်လာနိုင်မည်ဖြစ်ကြောင်း
အကြံပြုရေးသားအပ်ပါသည်။
                                           Kawlin Media Group
                                          ( စိုင်းလူမင်း-အယ်ဒီတာ)
                                           Sailumin35@gmail.com
>>>>>>>>>>>>>>>>>>>>>

“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။
 

No comments:

Post a Comment