For Users



“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။

HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။

HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။
HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။ တိုက်ရိုက် Download Link များလိုချင်သူများ အတွက် HWH News v4.4 http://www28.zippyshare.com/v/56152148/file.html HWH Feel v4.4 http://www28.zippyshare.com/v/32022878/file.html HWH U v3.3 http://www28.zippyshare.com/v/89602710/file.html HWH For Windows XP/7/8 http://www42.zippyshare.com/v/45555730/file.html

Download ဆွဲနည်း

Download ဆွဲနည်း
Download ဆွဲနည်း

Monday 3 March 2014

ယောအဆင်ဆန်းပုဆိုးများ ၀ယ်ယူသူများပြားလာ၍ အိမ်တွင်းမှု လက်ယက္ကန်းလုပ်ငန်း မိသားစုများ အဆင်ပြေလျှက်ရှိ >>“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”

စိုင်းလူမင်း......
      မြန်မာ့ယဉ်ကျေးမှုဝတ်စုံ ကော်လံကတုံးနှင့် လိုက်ဖတ်ညီသည့်
ယောပုဆိုး အဆင်ဆန်းများအား အလှူမင်္ဂလာပွဲများတွင် ၀ယ်ယူ
ဝတ်ဆင်သူများပြားလာပြီး ကျောင်းဖွင့်ချိန်နွေရာသီတွင်
လည်း
ကျောင်းစိမ်း ပုဆိုးဝတ်ဆင်ရန် ကြိုတင်အော်ဒါမှာယူသူ များပြားလျှက်
ရှိသောကြောင့် စစ်ကိုင်းမြို့၊ ရွှေမင်းဝံရပ်ကွက်ရှိ အိမ်တွင်း လက်မှု
 လက်ယက္ကန်းလုပ်ကိုင်သူ မိသားစုများ အဆင်ပြေလျှက်ရှိသည်ဟု
သိရသည်။
     " ကျွန်တော်ကတော့ ငယ်စဉ်က အမရပူရမြို့နယ်မှာ နေခဲ့တာပါ
အဲ့ဒီတုန်းက လက်ယက္ကန်းပညာကို လိုချင်လွန်းလို့ ပညာသင်ကြား
တဲ့အခါမှာ ကိုယ့်ထမင်းကိုယ်စားပြီး (၃)နှစ်(၃)မိုး ပညာသင်ယူရပြီး
တတ်မြောက်လာတဲ့အခါ သင်ယူရတဲ့ ပညာတန်ဖိုးအနေနဲ့ ယက္ကန်း
ပိုင်ရှင်ကို ယက္ကန်းစင်(၃)စင်၊(၃)ပြန်ကျော့ခပ်ပေးရပါတယ် တစ်ချို့
လည်း အလုပ်သမားဘ၀နဲ့ ကျွန်တော်တို့လိုပဲ အဆင်းရဲခံပြီး
သင်ယူရတာတွေ ရှိပါတယ် အခုခေတ် လက်ယက္ကန်းပညာကို
သင်ယူရတဲ့လူတွေအတွက် ကံကောင်းတယ်လို့ပြောရမှာပေါ့ ကျွန်
တော်တို့တုန်းက ပညာကို ကိုယ့်ထမင်းကိုယ်စားပြီး သင်ယူရတဲ့
အတွက် မိမိဆီမှာလာသင်ရတဲ့လူတွေကို ကိုယ်ချင်းစာနာစိတ်ထားပြီး
 ပညာသင်ပေးရင်း သူတို့ရဲ့စားဝတ်နေရေးလည်း အဆင်ပြေစေ
ဖို့အတွက် နေ့စဉ် နေ့ထွက်အနေနဲ့ အနည်းဆုံး (၁၅၀၀)မှ(၃၀၀၀)
အထိပေးပါတယ်" လက်ယက္ကန်းပိုင်ရှင် ဦးဇော်မြင့်က ပြောပြသည်။
        အဆိုပါ လက်ယက္ကန်းစင်လုပ်ကိုင်သူများသည် ယောထည်
အဆင်ဆန်းအား(၂၈၀)ချည် အချောဖြင့် စင်္ကြာ၊ ကျေး၊ စောင်း၊
သမင်လည်ပြန်၊ ခရေပွင့်၊ ညု စသည့်အပွင့်များကို အကျဲ၊ အစိပ်၊
ပုံစံအမျိုးမျိုးယက်လုပ်သည်။ ထိုသို့ ယက်လုပ်ပြီးသော ပုဆိုးများက
မန္တလေး အမရပူရမြို့ရှိ အထည်ဆိုင်များမှ ၀ယ်ယူကြပြီး ၀ယ်ယူ
သည့်အခါ မိမိတို့ယက်လုပ်သော ယောပုဆိုးများကို တစ်ထည်ခြင်း
အလိုက် ဆေးခိုင်ခြင်း ရှိ/မရှိ စမ်းသပ်စစ်ဆေးပြီးမှ ၀ယ်ယူလျှက်
ရှိသည်။
         စစ်ကိုင်းမြို့နယ်ရှိ အလှူမင်္ဂလာပွဲများ ၀တ်ဆင်ရန်အတွက်
မိမိတို့ကြိုက်နှစ်သက်ရာ အပွင့် အစိတ် အကျဲများကို လိုချင်သည့်
အကွက်တိုင်း ကြိုတင်အော်ဒါမှာယူလျှက်ရှိသည်။အပွင့်များကို အစိတ်၊
အကျဲ ပြုလုပ်ရာတွင် စက်ယက္ကန်းမှ ယက်လုပ်နိုင်ခြင်း မရှိကြောင်း၊
လက်ယက္ကန်းတစ်ခုတည်းသာလျှင် အပွင့်၊အကျဲကို စိတ်ရှည်လက်ရှည်
လက်ဝင်အောင် ယက်လုပ်ရသည်ဟု လက်ယက္ကန်းလုပ်ကိုင်သူ
အမျိုးသမီးတစ်ဦးမှ ပြောပြသည်။
                                     Kawlin Media Group
                                       Sailumin35@gmail.com
 
>>>>>>>>>>>>>>>>>>>>>

“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။
 
 

No comments:

Post a Comment