For Users



“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။

HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။

HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။
HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။ တိုက်ရိုက် Download Link များလိုချင်သူများ အတွက် HWH News v4.4 http://www28.zippyshare.com/v/56152148/file.html HWH Feel v4.4 http://www28.zippyshare.com/v/32022878/file.html HWH U v3.3 http://www28.zippyshare.com/v/89602710/file.html HWH For Windows XP/7/8 http://www42.zippyshare.com/v/45555730/file.html

Download ဆွဲနည်း

Download ဆွဲနည်း
Download ဆွဲနည်း

Monday 3 March 2014

ကိုးတောင်ဘို့ဒေသ ကျောက်ပြင်ထုတ်လုပ်သူများ ယခင်ကထက် ဈေးကွက်ကျယ်ပြန့်စွာ ထုတ်လုပ်နေကြ >>“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”

စိုင်းလူမင်း.....
          စစ်ကိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ် ကိုးတောင်ဘို့ကျေးရွာတွင်
ကျောက်ပြင်လုပ်ငန်းနှင့် ငရုတ်ဆုံလုပ်ငန်းများ အဓိကအားထားလျှက် လုပ်ကိုင်
လျှက်ရှိရာ ယခုအခါတွင်  ကုန်းကြမ်းကျောက်များကိုပါ ဈေးကွက်ကျယ်ပြန့်စွာ
ရောင်းချနေရကြောင်း သိရသည်။
      ယခင်ကမြန်မာနိုင်ငံတွင် ကျောက်ပြင်ထုတ်လုပ်မှု လုပ်ငန်းအကြီးဆုံး
နာမည်ကြီးသော စစ်ကိုင်းမြို့နယ် ကျောက်တာကျေးရွာသည် ကျောက်ပြင်
ထုတ်လုပ်ရန် ကုန်ကြမ်းများကို ရရှိခြင်းမရှိသဖြင့် မန္တလေး-မြစ်ကြီးနား
သွားရာ မီးရထားသံလမ်းဘေးရှိ  ကိုးတောင်ဘို့ကျေးရွာမှ ထွက်ရှိသော
ကျောက်များကို ကုန်ကြမ်းအဖြစ်ဝယ်ယူကာ ထုတ်လုပ်နေကြသောကြောင့်
ကိုးတောင်ဘို့ဒေသထွက် ကုန်ကြမ်းကျောက်များသည် ဈေးကွက်ကျယ်
ပြန့်စွာ ရောင်းချနေရခြင်းဖြစ်သည်။
        "ကျွန်မတို့ ကျောက်တာကျေးရွာက မြောက်ပိုင်းနဲ့အရှေ့ပိုင်းရပ်ေ
တွ
မှာ အိမ်တိုင်းအိမ်တိုင်းလို အိမ်တွင်းမှုလုပ်ငန်းအဖြစ် ကျောက်ပြင်လုပ်ငန်းကို
ထုတ်လုပ်နေကြတာပါ၊ ကျောက်ကြမ်းတွေကို မင်းဝံတောင်တန်းကထွက်တဲ့
ကျောက်နဲ့ပဲ ထုတ်လုပ်ခဲ့ကြပါတယ်၊ မင်းဝံတောင်ကကျောက်တွေကို နှစ်ပေါင်း
အတော်ကြာ ထုတ်လုပ်ခဲ့တာဆိုတော့ ကျောက်ရှားပါးလာတာနဲ့ အလုပ်မဖြစ်
ကြတဲ့ ကျွန်မတို့ရွာက မိသားစုအချို့ ကျောက်ပြင်ထုတ်ဖို့ ကိုးထောင်ဘို့
ကျေးရွာကို သွားရောက်လုပ်ကိုင်ကြရင်း အဲ့ဒီကလူတွေနဲ့ အိမ်ထောင်ကျပြီး
ကျောက်ပြင်လုပ်ငန်းကို အခြေချလုပ်ကိုင်ခဲ့ကြတာပါ၊ ကျွန်မတို့ကျောက်ပြင်
လုပ်တဲ့အရပ်ဆိုရင် ကျောက်ကာကျေးရွာက လူတွေအများဆုံးဖြစ်ပြီး ကိုးတောင်
ဘို့ ဒေသခံ လုပ်ကိုင်သူတွေနည်းပါတယ် "ဟု ကျောက်ပြင်ထုတ်လုပ်သူ အမျိုး
သမီးတစ်ဦးမှ ပြောပြသည်။
        ကိုးထောင်ဘို့ဒေသမှထွက်ရှိသော ကျောက်များသည် ကိုးထောင်ဘို့
ကျေးရွာနှင့် (၄)မိုင်ခန့်ဝေးသည့်ဒေသခံအခေါ် သဖန်းလျှိုတောင်ကြောမှ
ထုတ်လုပ်ရောင်းချလျှက်ရှိပြီး ကိုးတောင်ဘို့ဒေသထွက်ကျောက်များသည်
မင်းဝံတောင်တန်းကထွက်သည့် ကျောက်များနည်းတူ ကျောက်ပြင်အထွက်နူန်း
ကောင်းပြီး ကျောက်သားအရည်အသွေးအဆင့်မြင့်ကြသည်ဟု သိရှိရပြီး
ကိုးတောင်ဘို့ကျေးရွာမှ ထွက်သောကျောက်ပြင်နှင့် ငရုတ်ဆုံများအား ကချင်
ပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသရှိ မြို့နယ်များသို့ ဈေးကွက်ကျယ်ပြန့်စွာ
ရောင်းချလျှက်ရှိကြောင်း သိရသည်။
                                         Kawlin Media Group
                                            (စိုင်းလူမင်း-အယ်ဒီတာ)
                                           Sailumin35@gmail.com
>>>>>>>>>>>>>>>>>>>>>

“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။
 
 

No comments:

Post a Comment