အမျိုးသားဒီိမိုကရေစီအင်အားစုပါ တီ
သတင်းထုတ်ပြန်ရေးအဖွဲ့
သတင်းထုတ်ပြန်ချက် ( ၆/၂၀၁၄)
ရက်စွဲ။ ၄-၂-၂၀၁၄
ဒေါ်ခင်ဝိုင်းကြည်နှင့် NDF အတူတူရှိနေသည်
ယနေ့ (၄-၂-၂၀၁၄) ရက်နေ့ နေ့လည်ပိုင်းတွင်
အင်တာနက်ဖေ့ဘုတ်ပေါ်တွင် အမျိုးသားဒီမိုကရစီ အင်အားစု ပါတီဥက္ကဌ ဦးခင်မောင်ဆွေနှင့်
အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်ဝိုင်းကြည်တို့၏ ပြောကြားချက်များ ဆိုသည့် သတင်းများကို
ဓာတ်ပုံများနှင့် ဖော်ပြလာခဲ့ခြင်းကို တွေ့ရှိခဲ့ရပါသည်။
ထို့ကြောင့် အမျိုးသားဒီမိုကရေစီအင်အားစုပါ တီ သတင်းထုတ်ပြန်ရေးအဖွဲ့အနေဖြင့်
ထိုသို့ ဖော်ပြထားချက် မှန် -မမှန် ကိုသိရှိရပါသဖြင့် ပါတီဥက္ကဌ နှင့် ဒေါ်ခင်ဝိုင်းကြည်တို့အား
ဆက်သွယ်မေးမြန်းခဲ့ ပါသည်။ ထိုပုဂ္ဂိုလ်များက ယခုဖော်ပြထားသော စကားမျိုးကို မည့်သည့်
မီဒိယာကိုမှ ပြောကြားခဲ့ခြင်း မရှိပါ ကြောင်း၊ မီဒီယာများမှလည်း ထိုကိစ္စမျိုးကို လာရောက်မေးမြန်းခြင်းလည်း
မရှိပါကြောင်း အသီးသီး ဖြေကြားခဲ့ပါသည်။ အမျိုးသားဒိမိုက
ရေစီအင်အားစုပါတီနှင့်လည်း တသားတည်းဆက်လက်ရပ်တည်လျှက် ရှိနေပါကြောင်းကိုလည်း ပြောကြားခဲ့ပါ
သည်။
ဗိုလ်စိန်မှန်ကွင်းဟောပြောပွဲတွ င် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်
ဒေါ်ခင်ဝိုင်းကြည်အနေဖြင့် သူ၏ ပုဂ္ဂလိကလွတ်လပ်ခွင့်အရ ပြောဆိုခဲ့ခြင်းဖြစ်ပြီး ထိုပြောကြားချက်သည် အမျိုးသားဒီမိုကရေစီအင်အားစု
ပါတီနှင့် သက်ဆိုင်ခြင်းမရှိ ပါ။
ထို့ကြောင့် ဒီမိုကရေစီစနစ်သို့ ချီတက်နေချိန်တွင်
ယခင်ပါလီမန်ဒီမိုကရေစီခေတ်မှ လုပ်ဆောင်ချက်များ ကဲ့သို့ ပါတီအတွင်းစိတ်ဝမ်းကွဲမှုဖြစ်ေ ပ်ါလာအောင်၊ အချင်းချင်းကြားမယုံသင်္ကာဖြစ်ေ ပ်ါလာစေရန် ၊ ပါတီတွင်း
စည်းလုံးညီညွတ်မှုကို ပြိုကွဲစေရန်ပြည်သူလူထု နှင့်ထိပ်တိုက်ဖြစ်လာစေရန်အတွက် ဆွပေး၊
မြောက်ပေး၊ ဖွပေးသော နိမ့်ကျသော နိုင်ငံရေးနည်းလမ်းမျိုးများကို တတ်နိုင်သမျှ ရှောင်ကြဉ်ပြီး
မိမိတို့၏ဂုဏ်သိက္ခာများကို ထိန်းသိမ်း၍ သိက္ခာရှိသော
နိုင်ငံရေးမျိုးကို ဖော်ဆောင်ကြပါရန် အထူးတိုက်တွန်းလိုပါသည်။ ဒီမိုကရေစီခေတ် ကို
တည်ဆောက်ရာတွင် ပါတီများအချင်းချင်းကြား ရန်ဖက်ဆိုသောအနေအထားထက်
အချင်းချင်း သဟဇာတ ဖြစ်နိုင်သော အနေအထားမျိုးကို ပိုမိုဖြစ်ထွန်း စေနိုင်သည့် အရေးအသားမျိုးဖြင့်
ဒီမိုကရေစီနိုင်ငံတော် သစ်ကို တည်ဆောက်ပေးကြပါရန် အလေးအနက် နိုးဆော်အပ်ပါသည်။
No comments:
Post a Comment