၁၄.၂.၂၀၁၄ သောကြာနေ့တွင် ပြင်ဦးလွင်မြို့နယ်
အနီးစခန်း အခြေခံပညာအထက်တန်းကျောင်း တတိယတန်းတွင် ပညာသင်ကြားနေသော
ကျောင်းသူ/ကျောင်းသားလေးများအား
(အခန်း A,B,C) တတိယတန်း လူမှုရေးဘာသာ
သင်ကြားသော ဆရာမ ဒေါ်ခိုင်မာလာလွင် (လက်ရှိမြို့နယ် ပညာရေးမှူး၏ တူမ) သည်
လူမဆန်စွာ ပြုမူနှိပ်စက်နေကြောင်း တင်ပြအပ်ပါသည်။
ပြုမူနှိပ်စက်နေပုံမှာ ကလေးများစာသင်ချိန်တွင်
စာပြန်ခိုင်းရာ စာထစ်သည်ဟုအကြောင်းပြကာ စာသင်ချိန် (၃၅ မိနစ်တွင်) ၃၃
မိနစ်ကြာ ထိုင်ထအကြိမ်ရေ (၂၅၀)ကျော် လုပ်ခိုင်းပြီး ကလေးများ အစာများ
ပြန်အန်ထွက်ခြင်း မလုပ်နိုင်၍ လဲကျလျှင် နောက်မှ Jelly ပေတံဖြင့် နောက်ကျော
၊ လက်မောင်း ၊ တွေ့ရာနေရာကို ရိုက်နှက်ပီး ပြန်လုပ်ခိုင်းခြင်း
ထိုနေ့ (၁၄.၂.၂၀၁၄) ရက်နေ့သည် သောကြာနေ့ဖြစ်၍ ၎င်းဆရာမှ ကလေးများအား တနင်္လာနေ့ ကျောင်းပြန်ဖွင့်လျှင် တစ်ယောက်ချင်း ပုံလဲခွေကျပီး မျက်ရည်တောက်တောက်ကျအောင် လုပ်ခိုင်းမည်ဟု ကြိမ်းမောင်းလိုက်သဖြင့် ကလေးအများစုမှာ ကျောင်းတက်မသွားရဲတော့ကြောင်း မိဘများကို ပြောဆိုနေ၍ မိဘများမှာ အခက်တွေ့နေရကြောင်း ထိုကဲ့သို့ ကလေးများအား ညှင်းပမ်းနှိပ်စက်မှုပြုနေသော ဆရာမ ဒေါ်ခိုင်မာလာလွင်အား ထိရောက်စွာ အရေးယူမှူ ပြုလုပ်ပေးပါရန် အသိပေးတင်ပြအပ်ပါသည်။
ကျောင်းသား/သူ မိဘများ
အနီးစခန်း(ပြင်ဦးလွင်မြို့)
>>>>>>>>>>>>>>>>>>>>>
ထိုနေ့ (၁၄.၂.၂၀၁၄) ရက်နေ့သည် သောကြာနေ့ဖြစ်၍ ၎င်းဆရာမှ ကလေးများအား တနင်္လာနေ့ ကျောင်းပြန်ဖွင့်လျှင် တစ်ယောက်ချင်း ပုံလဲခွေကျပီး မျက်ရည်တောက်တောက်ကျအောင် လုပ်ခိုင်းမည်ဟု ကြိမ်းမောင်းလိုက်သဖြင့် ကလေးအများစုမှာ ကျောင်းတက်မသွားရဲတော့ကြောင်း မိဘများကို ပြောဆိုနေ၍ မိဘများမှာ အခက်တွေ့နေရကြောင်း ထိုကဲ့သို့ ကလေးများအား ညှင်းပမ်းနှိပ်စက်မှုပြုနေသော ဆရာမ ဒေါ်ခိုင်မာလာလွင်အား ထိရောက်စွာ အရေးယူမှူ ပြုလုပ်ပေးပါရန် အသိပေးတင်ပြအပ်ပါသည်။
No comments:
Post a Comment