For Users



“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။

HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။

HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။
HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။ တိုက်ရိုက် Download Link များလိုချင်သူများ အတွက် HWH News v4.4 http://www28.zippyshare.com/v/56152148/file.html HWH Feel v4.4 http://www28.zippyshare.com/v/32022878/file.html HWH U v3.3 http://www28.zippyshare.com/v/89602710/file.html HWH For Windows XP/7/8 http://www42.zippyshare.com/v/45555730/file.html

Download ဆွဲနည်း

Download ဆွဲနည်း
Download ဆွဲနည်း

Friday 28 February 2014

ကောလင်းမြို့အရှေ့ဗလီဂေါဗကအဖွဲ့မှပြည်သူများ ဆူပူအုံကြွမှုဖြစ်စေရန် မဟုတ်မမှန်သတင်းမှားတိုင်တန်းသူအား တရားယူဥပဒေအရအရေးယူနိုင်ရန် စီမံဆောင်ရွက်နေ >>“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”

  စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင် ၊ကောလင်းမြို့ အရှေ့ဂျာမေ့ရ်ဗလီကြီး
အုတ်တံတိုင်းဝင်ပေါက် မုဒ်ဦးကျိုးအက် အန္တရာယ်ရှိလာ၍ ပြုပြင်မွန်းမံရန်
လိုအပ်လာသည့်အတွက် အရှေ့ဗလီဂေါပကအဖွဲ့မှ သက်ဆိုင်ရာအာဏပိုင်
အဖွဲ့အစည်းအဆင့်ဆင့်ထံလျှောက်ထာ
းခွင့်ပြုချက်ရယူပြီး ပြင်ဆင်မွန်းမံသည်ကို
ကောလင်းမြို့မဒီနာတိုက်တွင် အလုပ်လုပ်ကိုင်နေသောလူရှုပ်လူပွေတစ်ဦးဖြစ်သူ
စိုင်းကိုပါ(၁၀)ဦးမှ လူထုအများဆူပူအုံကြွမှုဖြစ်စေရန် ရည်ရွယ်ချက်ဖြင့်
ဗလီကြီးအား ဖျက်ဆီးနေပါသည်ဟု ဌာနဆိုင်ရာအသီးသီးနှင့် အင်တာနက်
ရဲဇာနည်Facebookစသည့် သတင်းစာမျက်နှာပေါ်သို့ မဟုတ်မမှန်
သတင်းမှား ပေးပို့တိုင်တမ်းခဲ့မှု ဖြစ်ခဲ့ပါသည်။
        ဤသို့မဟုတ်မမှန်သတင်းမှားပေးပို့တိုင်တန်းခဲ့သည့်အတွက် မြန်မာနိုင်ငံ
တွင်းရှိ အစ္စလာမ်ဘာသာဝင်များအကြား ထင်ယောင်ထင်မှားစိတ်များ ဖြစ်ပေါ်စေ
ခဲ့ပြီး စိတ်နှလုံးထိခိုက်ညှိုးနွမ်းခဲ့ရသည်ကို ၀မးနည်းဖွယ်ရာ မြင်တွေ့ခဲ့ရသည်။
အခြားဘာသာဝင်များ၏ စိတ်တွင်လည်း ဒွိယသံသယပွားစရာများဖြစ်ခဲ့ရပါသည်။
လက်ရှိအချိန်တွင် ရခိုင်ပြည်နယ်မောင်းတောမြို့နယ် ဒုချီးရားတန်ရွာကိစ္စသည်
တစ်နိုင်ငံလုံးရှိပြည်သူများ ဂရုတစိုက် စောင့်ကြည့်နေသောကာလတွင် ယခုကဲ့သို့
ရည်ရွယ်ချက်ရှိရှိမဟုတ်မမှန်လီဆယ်တိုင်တန်းသည့်အတွက် အစ္စလာမ်ဘာသာဝင်
အချင်းချင်းသော်လည်းကောင်း၊တခြားဘာသာဝင်များနှင့်သော်လည်း၊ပဋိပက္ခ ဖြစ်ပွား
ပြီး လူထုအကြားဆူပူအုံကြွမှုဖြစ်ပေါ်လာနိုင်သည့်အတွက် အဆိုပါမဟုတ်မမှန်
သတင်းမှား  ပေးမို့တိုင်တမ်းသူ လူရှုပ်လူပွေစိုင်းကိုပါ(၁၀)ဦးအား ဥပဒေအရ
အမြန်ဆုံးအရေးယူဆောင်ရွက်နိုင်ရန် ကောလင်းမြို့အရှေ့ဂျာမေ့ဗလီဂေါပက
အဖွဲ့မှ စီမံဆောင်ရွက်နေပါသည်။
       ဤကဲ့သို့ မဖြေရှင်းပါက ကျွန်တော်တို့ဂေါပကအဖွဲ့မှားနေသည်ဟု ထင်မြင်
မည်ဖြစ်သောကြောင့် ရှင်းလင်းတင်ပြရခြင်းဖြစ်ပါသည်။
                                                         ဦးနေ၀င်း(ဘ)ဦးဘရင်
                                                          ၅/ကလတ(နိုင်) ၀၆၃၉၅၇

                                                         မြို့ကုန်းရပ်၊ကောလင်းမြို့။
                                                         ဖုန်း-၀၉-၂၅၆၀၄၉၃၂၀
>>>>>>>>>>>>>>>>>>>>>

“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။
 

No comments:

Post a Comment