For Users



“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။

HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။

HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။
HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။ တိုက်ရိုက် Download Link များလိုချင်သူများ အတွက် HWH News v4.4 http://www28.zippyshare.com/v/56152148/file.html HWH Feel v4.4 http://www28.zippyshare.com/v/32022878/file.html HWH U v3.3 http://www28.zippyshare.com/v/89602710/file.html HWH For Windows XP/7/8 http://www42.zippyshare.com/v/45555730/file.html

Download ဆွဲနည်း

Download ဆွဲနည်း
Download ဆွဲနည်း

Monday 17 February 2014

NLD နဲ့ ရှစ်လေးလုံး ပူးပေါင်းကြေညာချက်အတွက် ပြောချင်စရာ ( ၆-၂-၂၀၁၄) >>“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”

ဒီနေ့တော့ ဘာမှမရေးတောဘူး လုပ်နေတာ
စိတ်ကူးပေါက်လာလို့
မြင်ရချက် ကန့်လန်ဖြစ်နေတာကို ပြောကြည့်ပါဦးမယ်။
ဒီနေ့ထုတ်လိုက်တဲ့ ကြေညာချက်တစ်ခု
NLD နဲ့ ရှစ်လေးလုံးအုပ်စုရဲ့ ကြေညာချက်မှာပါတဲ့အချက်။
ဖွဲ့စည်းပုံအခြေခံဥပဒေ ပြုပြင်ပြောင်းလဲရေးသည် ယနေ့အခြေအနေတွင် နိုင်ငံတော်၏ အဓိကလိုအပ်ချက် ဖြစ်နေ ပါသည်။ သို့ပါ၍ စစ်မှန်သောဒီမိုကရေစီပြည်ထောင်
စု
 ပေါ်ပေါက်ရေးအတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြုပြင်ပြောင်းလဲရာ၌ ခက်ခဲတင်းကျပ်နေသော အခန်း(၁၂)တွင်ပါရှိသည့် ပုဒ်မ(၄၃၆)ကို ပြုပြင်ပြောင်းလဲနိုင်ရန် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နှင့် ၈၈မျိုးဆက် (ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း) တို့သည် ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း ကြေညာ လိုက်သည်။

ဟုတ်ပါတယ်ဗျာ။
NLD တိုတာ ပြည်သူ့ထောက်ခံမှု အများဆုံးရရှိနေတဲ့ ပါတီကြီး။
ရှစ်လေးလုံးအုပ်စုကလည်း လူထုအခြေပြုအဖွဲ့အစည်းလိုင်းမှာ
နာမည်အရှိဆုံး အဖွဲ့အစည်းကြီးပါ။
အခု ကိုင်လိုက်တာကလည်း အခြေခံဥပဒေရဲ့ အရေးအကြီးဆုံးအပိုင်းကြီး။
အခြေခံဥပဒေပြင်ဆင်ဖို့ ၇၅%+၁ နဲ့ လူထုဆန္ဒခံယူပွဲ လုပ်ပြီး ပြင်ရမယ့် ပုဒ်မအကြီးစားတစ်ခု။
နှစ်ဖွဲပေါင်းပြီး ပြင်ကြမယ်လို့ ဆိုပါတယ်။
အခြားလမ်းကြောင်းတွေကနေ သူတို့ဘယ်လိုပြင်မလဲဆိုတာကိုတော
မပြောလိုပါ။
တရားဝင်ဖွင့်ပေးထားတဲ့ အခြေခံဥပဒေပြင်ဆင်ခွင့်
လွှတ်တော်လမ်းကြောင်းကိုပဲပြောချင်ပါတယ်။

ဒီလမ်းကြောင်းကနေ ပြင်မယ်ဆိုပါစို့။
စပါပြီခင်ဗျား။ ဒီပုဒ်မ ပြင်ဆင်ရေးအဆို ၊ ဒါမှမဟုတ် ပြင်ဆင်ချက်ဥပဒေကြမ်းတင်ဖို့
အမတ် ၂၀% လက်မှတ်ထိုးပြီး တင်ပြရန်ဆိုပါလား
ဘယ်မှာလဲ ဒီအမတ် ၂၀%  ။ဒါမှမဟုတ် ၁၃၃ ဦး။
nldရဲ့ လွှတ်တော်အင်အားက အမတ် ၄၆ ဦး။
မဟာမိတ်ပါတီရဲ့ အမတ်အင်အားက ဘယ်မှာလဲ။
nldရဲ့ မဟာမိတ်တွေက လောလောဆယ် လွှတ်တော်အပြင်မှာ
လွှတ်တော်တွင်းက nldရဲ့ မဟာမိတ်တွေက ဘယ်မှာလဲ

ရောက်နေကြတာက ၂၀၁၀ မှာ ၀င်ပြိုင်ထားကြတဲ့ အနိုင်ရပါတီတွေ
ကြံခိုင်ရေးက အားအကြီးဆုံး
တစည်ကလည်း အင်အားမသေး
ဒီမိုကရက်တစ်ဆိုတဲ့ အုပ်စုမှာလည်း  တိုင်းရင်းသားပါတီတွေက အားအကောင်းဆုံး
တိုင်းရင်းသားပါတီမဟုတ်တဲ့ NDF ပါတီကလည်း nldရဲ့  အပစ်ပယ်ခံ၊ အမုန်းခံ
တိုင်းရင်းသားပါတီတွေနဲ့
ဒီပါတီခေါင်းဆောင်တွေနဲ့
nld ပါတီခေါင်းဆောင်တွေ
ရှစ်လေးလုံးကျောင်းသား ခေါင်းဆောင်တွေ
ဘယ်နှစ်ကြိမ်လောက်များ တွေ့ဆုံဆွေးနွေးဖူးကြသလဲ
ဒါမျိုး မမြင်ခဲ့တာ ကြာခဲ့လေပြီ။
သူတို့ကို  ကိုယ်စားပြုတဲ့ ညီနောင်သားချင်းအဖွဲ့နဲ့လည်း
တွေ့ဆုံဆွေးနွေးဖူးကြသလား
တွေ့လိုက်တာကို သုံးလေးကြိမ်လောက် မြင်လိုက်ပါတယ်
ဦးခွန်ထွန်းဦးတို့ရဲ့  UNA  အဖွဲ့ဝင်  ပါတီများနဲ့ပါ။
ဒီလောက်တောင် စည်းရုံးရေးကောင်းလွန်းနေတော့လည်း
လွှတ်တော်ထဲမှာ သူတို့ရဲ့ မဲတွေ ရဖို့လွယ်ပါ့မလား။
ဒီမိုကရေစီရေးအတွက် မဖြစ်မနေ ပေးကြပါလို့
သွားဆွေးနွေးရင်တော့ ရနိုင်ကောင်းပါရဲ့။
ဒါမှ ၁၃၃ မဲကို ရနိုင်လောက်ပါရဲ့။
ဆက်ပါပြီ
တစညမဲကိုရော ဘယ်လိုစည်းရုံးမလဲ
ပြိုင်ဖက်ကြီး ကြံခိုင်ရေးမဲကိုလည်း ရအောင်ဘယ်လိုစည်းရုံးမလဲ
ဒါတွေရမှသာ ၇၅% ပြည့်မီနိုင်မယ်။

ဒါတွေကို ကျော်ဖြတ်နိုင်ပြီဆိုရင်
လာပါပြီဗျာ။ ရဲရင့်တဲ့ စစ်သားတစ်ယောက်
သူထွက်လာအောင် ပြရမှာက ကိုယ့်ရဲ့ စည်းရုံးရေးစွမ်းရည်
သတိပြုဖို့လိုနေသေးတာကလည်း နောက်ကွယ်ကစာဖတ်နေသူကြီး
သူ့ကိုလည်း ထည့်မစဉ်းစားလို့ မဖြစ်
ဒါတွေ ဒါတွေကို အောင်မြင်စွာကျော်ဖြတ်လာပြီဆိုရင်တော့
လူထုဆန္ဒ ၅၀% ကျော်ဆိုတာ အသာလေး။

နှစ်ဖွဲ့ကတော့ ပူးပေါင်း ကြေညာချက်ထုတ်လိုက်ပါပြီ
ပူးပေါင်းလုပ်ဆောင်ပါမယ်လို့ လည်း  ပြောပါတယ်။
ရပ်ကြည့်နေရတဲ့ အခြားသူတွေလည်း ရှိနေပါတယ်။
သူတို့အား မပါပဲ ရှေ့ဆက်ဖို့ ခက်ပါတယ်။
လူထုအားနဲ့ ပြင်မယ်ဆိုလည်း မတားပါ။
ပြည်ပဖိအားနဲ့ ပြင်မယ်ဆိုလည်း မတားပါ။
ဘာတွေဖြစ်လာမလဲဆိုတာကိုတော့   မခန့်မှန်းတတ်လို့ပါ။
သေချာတာတစ်ခုတည်း ရှိပါတယ်။
အားလုံး သဟဖာတဖြစ်မှ ၊ အပြန်အလှန်ယုံကြည်မှုတွေ
ရှိလာမှသာ ပြင်လို့ဖြစ်နင်္ိုင်မယ်လို့ ထင်မိပါကြောင်း
ပြောချင်ပါတယ်ခင်ဗျား။
မိုးကုတ်ကိုတိုး(၁၆-၂-၂၀၁၄)

#to be happy#

$$ kotoetoe $$
>>>>>>>>>>>>>>>>>>>>>

“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။ 
 

No comments:

Post a Comment