တောင်ငူ ဖြူး ကျောက်ကြီး ညောင် လေး ပင် ရွှေကျင် ပြေးဆွဲ
နေတဲ့ ခရီးသည်တင်ကား တွေ အလွန်သောင်းကျန်း နေကြပါတယ်။
အထူးသဖြင့်
"တပင် ရွှေထီးလိုင်း" နဲ့ "စစ် တောင်းအ ရှေ့လိုင်း" တို့ပါ။
မနက် ၁၀း၃၀ နာရီမှာ အဲဒီ ကား ၂ စီး ဟာ ထွက်ချိန် အတူ သတ်မှတ်ပေး ထားတာဖြစ်လို့ တောင် ငူ ဆေးရုံ ရှေ့ မှာ ဆုံကြပါတယ်။အဲဒီမှာ ရပ်။တင်။ချ လို့
ရေးထား ပေမဲ့ အကြာကြီးရပ်ပြီး ခရီးသည် စောင့် ကြပါတယ်။အဲဒီက စထွက်ပြီဆို
တာနဲ့ ရှေ့က ထွက်သွားတဲ့ကားကို မှီ အောင် လို့ အသားကုန် မောင်း တော့တာဘဲ။
တစ်လမ်းလုံး Fight သွားလိုက်တာ ကျွန်တော်တို့ ခရီးသညိ တွေဟာ၊ကား ပေါ်က
ဆင်းမှဘဲ ""ငါ့ အသက်ပါ သေးသားဘဲ"" လို့ "ဟင်း" ချနိုင် တော့တယ်။
ကားသမား တွေက တော့ ထွက်ချိန်လွှဲ ပေးဖို့ မ။ထ။သ။ ကိုတင်ပြတာ မလုပ်
ပေးလို့ ဒီလိုဖြစ်တာလို့ ပြောတယ်။ ကား ပိုင် ရှင် ချင်းလည်း ညှိတယ်ပြောတာဘဲ။ဒါ ပေမဲ့ တစ်လမ်းလုံး Fight ကြတုံး။ ကျွန် တော်တို့ ကလည်း ကိုယ့် အသက်ကိုယ် ဖက် နဲ့ ထုပ်ထားရတုံး။ ။ ။
တကယ်ဆို မ။ထ။သ အ နေနဲ့၊ မော် တော်ယဉ်လိုင်း တွေဆီက "လိုင်း ဝင် ကြေး တွေ၊။နေ့စဉ် ဂိတ်ကြေး တွေ" တော့ တစ်နှစ်ထက် တစ်နှစ် ပို ပို ကောက်ပြီး၊ခရီးသည် တွေ မ တော်တဆ ထိခိုက်မှုနဲ့၊အသက် ဘေးအတွက် ဂရုမစိုက်တာ တော့ လုံးဝ မဖြစ် သင့်ဘူး မဟုတ်လား။
ကားသမား တွေဆီက ကောက်တဲ့ ငွေ ကြေးဆိုတာကလဲ ကျွန် တော်တို့ ခရီးသွား ပြည်သူ တွေရဲံ ငွေ တွေပါဘဲ။
ခေတ် ပြောင်း နေပါပြီ။ ။ပြည်သူ့ ငွေယူပြီး ပြည်သူအတွက် မ ဖြေရှင်း ပေးတဲ့ တောင် ငူ မ။ထ။သ အဖွဲ့ ကို ဖျက်သိမ်းရင် သိမ်း ။ မသိမ်းရင်လည်း ပြည်သူ တွေ ဘေးကင်း စွာခရီးသွားလာနိုင် ရေး ဖြေရှင်း ပေးနိုင် တဲ့ အမှု ဆောင် သစ် တွေ ခန့်
ပေးဖို့ တာဝန်ရှိသူ တွေက စီစဉ် ဆောင် ရွက် ပေး စေလိုပါတယ် ခင်ဗျား။
ကားနဲ့သွား နေရတဲ့ သနားစရာ ခရီးသည်များ။
>>>>>>>>>>>>>>>>>>>>>

No comments:
Post a Comment