For Users



“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။

HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။

HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။
HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။ တိုက်ရိုက် Download Link များလိုချင်သူများ အတွက် HWH News v4.4 http://www28.zippyshare.com/v/56152148/file.html HWH Feel v4.4 http://www28.zippyshare.com/v/32022878/file.html HWH U v3.3 http://www28.zippyshare.com/v/89602710/file.html HWH For Windows XP/7/8 http://www42.zippyshare.com/v/45555730/file.html

Download ဆွဲနည်း

Download ဆွဲနည်း
Download ဆွဲနည်း

Thursday 20 February 2014

ချင်းတိုးတက်ရေးပါတီမှ ဖလမ်းမြို့နယ်၊ကော်သုံးကော်ရွေးချယ်ခြင်း မျှတမှုမရှိသည့်အတွက် ကန့််ကွက်ကြောင်း တင်ပြခြင်း >>“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”

ချင်းတိုးတက်ရေးပါတီ
ဖလမ်းမြို့၊ချင်းပြည်နယ်
စာအမှတ်၊၂၀၁၄/၁၁
ရက်စွဲ၊၂၀၁၄ခုနှစ်၊ဖေဖော်ဝါရီလ(
၁၈)ရက်




အကြောင်းအရာ။     ဖလမ်းမြို့နယ်၊ကော်သုံးကော်ရွေးချယ်ခြင်း
မျှတမှုမရှိသည့်အတွက် ကန့််ကွက်ကြောင်း တင်ပြခြင်း
၁။  အထက်ပါကိစ္စနှင့်ပတ်သက်၍ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းဆောင်ရွက်ရန်
၁၅.၂.၂၀၁၄ရက်နေ့တွင် ဖလမ်းမြို့နယ်၊ ကော်သုံးကော်ဖွဲ့စည်းထားကြောင်း
သိရှိရပါသည်။အစိုးရအဖွဲ့က ကော်သုံးကော်ဖွဲ့စည်းရာတွင် အထက်မှတိကျစွာ
ညွှန်ကြားချက်နှင့်ဖွဲ့စည်းပုံမရှိကြောင်း
သိရှိရပါသည်။ဒေသဖွံ့ဖြိုးရေးအတွက် အလွန်အရေးကြီးသော
ကော်မီတီအဖွဲ့ဖြစ်ပါသဖြင့်မိမိတို့မြို့နယ်ရွေးချယ်မှုအခြေအနေသုံးသပ်ကြည့်ရာတွင်
တစ်ဖက်သတ်ပါတီများနှင့် အုပ်စုစာရေးများ(နိုင်ငံဝန်ထမ်း)ဖိတ်ကြားခြင်း
တွေ့ရှိရပါသဖြင့် မှန်ကန်မှုလုံးဝမရှိကြောင်း တွေ့ရှိရပါသည်။
၂။   ဖလမ်းမြို့ပေါ်(၄)ရပ်ကွက်
လူထုများသော်လည်းကောင်း၊ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များသော်လည်းကောင်း၊နိုင်ငံရေး
ပါတီများဖြစ်သော ချင်းတိုးတက်ရေးပါတီနှင့်ဖိတ်ကြားခြင်းလုံးဝမရှိပဲ
ကျဉ်းမြောင်းစွာ ပြုလုပ်ခြင်းဖြစ်ကြောင်း တွေ့ရှိရပါသဖြင့်
၂၀၁၄ခုနှစ်၊ဖေဖော်ဝါရီလ(၁၈)ရက်နေ့တွင် ကျင်းပပြုလုပ်သော ဖလမ်းမြို့နယ်
ချင်းတိုးတက်ရေးပါတီနှင့်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
ပူးပေါင်းအစည်းအဝေးဆုံးဖြတ်ချက်(၁)အရ အတည်မပြုရန်
လုံးဝကန့်ကွက်ကြောင်းနှင့် ကျယ်ပြန့်စွာ လူထုမှ
ပြန်လည်ရွေးချယ်ပွဲပြုလုပ်ပေးပါရန် တင်ပြအပ်ပါသည်။
၃။   မည်ကဲ့သို့ လုပ်ပုံလုပ်နည်းပြုလုပ်သင့်ကြောင်း အကြံပြုမည်ဆိုပါက
မြို့နယ်အတွင်းကျယ်ပြန့်စွာလူထုဖိတ်ခေါ်၍
ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များပါဝင်ပြီး လျှို့ဝှက်မဲ စနစ်ဖြင့်
သော်လည်းကောင်း၊ လူမျိုးနွယ်စု(၁၁)မှ ကိုယ်စားလှယ်များ ပါဝင်ပြီး
လျှို့ဝှက်မဲစနစ်ဖြင့် ရွေးချယ်သင့်ကြောင်းနှင့်
မြို့နယ်အဆင့်နိုင်ငံရေးပါတီဥက္ကဌနှင့် ပါတီအကြီးအကဲများ
လုံးဝမပါဝင်သင့်ကြောင်း အကြံပြုတင်ပြအပ်ပါသည်။




      (လဲင့်ကိပ်ကုလ်)
(လှောန်ဟရဲလျန်)
          ဥက္ကဌ
    ချင်းတိုးတက်ရေးပါတီ
     ဖလမ်းမြို့

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
      ဥက္ကဌ
     ဖလမ်းမြို့
>>>>>>>>>>>>>>>>>>>>>

“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။
 

No comments:

Post a Comment