For Users
“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။
HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။
HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။
HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။ တိုက်ရိုက် Download Link များလိုချင်သူများ အတွက် HWH News v4.4 http://www28.zippyshare.com/v/56152148/file.html HWH Feel v4.4 http://www28.zippyshare.com/v/32022878/file.html HWH U v3.3 http://www28.zippyshare.com/v/89602710/file.html HWH For Windows XP/7/8 http://www42.zippyshare.com/v/45555730/file.html
Download ဆွဲနည်း
Download ဆွဲနည်း
Download ဆွဲနည်း
Friday 28 February 2014
ဝန်းသိုစော်ဘွားကြီး ဦးအောင်မြတ်၏ အကျိုးပြုလုပ်ငန်းများ(ဆောင်းပါး) >>“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”
  စိုင်းလူမင်း......
     စစ်ကိုင်းတိုင်းဒေသကြီးတွင် သူ့ကျွန်အဖြစ် နွံနစ်မခံဘဲ နယ်ချဲ့တို့ကို
တော်လှန်ခဲ့သော (မောရယမဟာဝံသ သီရိသုဓမ္မရာဇာ) ၀န်းသိုစော်ဘွား
ကြီး ဦးအောင်မြတ်သည် ၀န်သိုမြိုတွင် ပြည်သူ့အကျိုးပြုလုပ်ငန်းများ
အဖြစ် လယ်ယာမြေလုပ်ငန်းများ ရေရရှိရန် ၊ ဆည်နှင့်ကန်များအား
တူးဖော်ခဲ့ပြီး လောင်းကစားသမားများအား ပညာပေး၍ ပြည်သူ့အကျိုးပြု
လုပ်ငန်းအဖြစ် အံစာရေတွင်းအဖြစ် တူးဖော်ခဲ့သည်။
         ယခုအခါ ၀န်သိုစော်ဘွားကြီး ဦးအောင်မြတ် တည်ထားခဲ့သော
ကန်နှင့်ဆည်တို့အား စော်ဘွားကြီး ကန်၊ ကန်တော်ဆည်ဟု ယနေ့တိုင်
အမည်တွင်ခေါ်ဆိုခဲ့ကြပြီး ၎င်းဆည်နှင့်ကန်သည် ယနေ့အချိန်ထိ
တောင်သူလယ်သမားများအတွက် စိုက်ပျိုးရေး လုပ်ငန်းများတွင်
လုပ်ကိုင်ဆောင်ရွက်နေလျှက်ရြှိ
ပီး အံစာတုံးရေတွင်းမှာလည်း မြို့ 
ပေါ်နေရပ်ကွက်လူနေအိမ်များ ၊စားသောက်ဆိုင်များ၊ လက်ဖက်ရည်ဆိုင်
တို့တွင် သောက်သုံးရေချိုအဖြစ် သုံးစွဲနေလျှက် ရှိသည်ဟု သိမြင်
ရသည်။
၁၂၄၀ ခုနှစ်ခန့်တွင် ၀န်သိုမြို့နယ် တစ်ခွင်တွင် လောင်းကစား
သူများ စတင်ပပျောက်ရေးကို အလေးထားဆောင်ရွက်ခဲ့ရာတွင်
အံစာတုံးလောင်းကစားသူ၊ (၃၆)ကောင်လောင်းကစားသူ၊
လောင်းကစားဝိုင်းထောင်သူများကို ဖမ်းဆီးခဲ့ရာ ထိုသူများအား
အရှက်ရအောင် ၀န်းသိုမြို့ လယ်ကောင် လူအများမြင်ကွင်း
(ယခုအခါ) စော်ဘွားကြီးဘုရား မှန်ကျောင်းကျောင်းတိုက်အနီးတွင်
အံစာတုံးပုံသဏ္ဍာန်ရေတွင်းကို တူးခိုင်းခဲ့သည်။
        အဆိုပါ အံစာရေတွင်းမှာ အံစာတုံးသဏ္ဍာန် ရှစ်ထောင့်ပုံ
ဘောင်ခတ်ထားခြင်းဖြစ်ပြီး ရေတွင်းအကျယ်(၁၀)ပေ၊ ဘောင်
အမြင့်(၄)ပေ၊အနက်(၃၀)ပေ၊ တူးဖော်စေခဲသည်ဟု သိရသည်။
                                  Kawlin Media Group
                                Sailumin35@gmail.com
>>>>>>>>>>>>>>>>>>>>>
“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။
No comments:
Post a Comment