စိုင်းလူမင်း.......
စစ်ကိုင်းတိုင်းဒေသကြီး ထီးချိုင့်မြို့နယ်တွင် ဖေဖော်ဝါရီ ၁၉ရက် နေ့ မွန်းလွဲ ၁ နာရီ ၄၅မိနစ်က ထီးချိုင့်မြို့
ရဲစခန်းမှဒုတိယ ရဲအုပ်သောင်းထိုက်ဦး နှင့် အဖွဲ့သည် သတင်းအရ မိချောင်းအိုင်ကျေးရွာနှင့် လပိုင်တင် ကျေးရွာ အကြားရှိသော လမ်း၌ စောင့်ဆိုင်းနေကြစဉ် လူနှစ်ဦးက ကျွဲသုံးကောင် မောင်းလာသည်ကို တွေ့ရှိရသဖြင့် မသင်္ကာ၍ စစ်ဆေးမေးမြန်း ခဲ့ရာ မှ နိုင်ထွန်းဦး (ဘ)
ဦးမင်းနိုင် တောင်ပိုးကျေးရွာ အရာတော်
မြို့နယ် နှင့် မောင်ဆန်း(ဘ) ဦးငြိမ်းမောင်
သရက်ကုန်းကျေးရွာ ခင်ဦးမြို့နယ် နေသူ
တို့သည် တရားမဝင်သယ်ဆောင် လာကြောင်း သိရသည်။
အဆိုပါ နိုင်ထွန်းဦး နှင့် မောင်းဆန်း
တို့မှာ သက်ဆိုင်ရာ၏ ခွင့်ပြုချက် မရှိဘဲ
ကာလတန်ဖိုးကျပ် ၁၅သိန်းကျော် တန်ဖိုး
ရှိ ကျွဲသုံးကောင်ကို တရားမဝင် သယ်ဆောင်လာသည့် အတွက် ထီးချိုင့်
မြို့ရဲစခန်းက ၎င်းတို့နှစ်ဦးကို (ပ) အမှတ်
၄၇/၂၀၁၄ အရေးကြီး ကုန်စည်နှင့်
့်ဝန်ဆောင်မှု ဥပဒေပုဒ်မ ၅အရ အမှုဖွင့်
အရေးယူထားကြောင်း သတင်းရှိသည်။
Kawlin Media Group
သားကြီး
>>>>>>>>>>>>>>>>>>>>>

No comments:
Post a Comment