For Users



“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။

HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။

HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။
HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။ တိုက်ရိုက် Download Link များလိုချင်သူများ အတွက် HWH News v4.4 http://www28.zippyshare.com/v/56152148/file.html HWH Feel v4.4 http://www28.zippyshare.com/v/32022878/file.html HWH U v3.3 http://www28.zippyshare.com/v/89602710/file.html HWH For Windows XP/7/8 http://www42.zippyshare.com/v/45555730/file.html

Download ဆွဲနည်း

Download ဆွဲနည်း
Download ဆွဲနည်း

Saturday 15 February 2014

ခေါင်းဆောင်မှု အတွက်ပြောချင်စရာ >>“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”

ခေါင်းဆောင် အလွန်ရှားပါတယ်။
ပေါ့ပေါ့တော့ မထင်ကြစေချင်ပါနဲ့လို့ ဆရာပိုက်တင်က ပြောပါတယ်။
လွတ်လပ်ရေးခေတ်က ဦးအောင်ဆန်း လည်းမရှိတော့ရော
တိုင်းပြည်လည်း ကျွမ်းပြန်ရောဆိုတာလေး သတိရကြပါ ......လို့ ဆိုတယ်။
ဟုတ်ပါတယ် ဆရာပိုက်ရေ။
ဗိုလ်ချုပ်တစ်ယောက်တည်းဆိုရင်တော့ တိုင်းပြည်က ဒီလောက်အထိ ဖြစ်သွားမှာမဟုတ်ပါ။
အရည်အချင်းရှိသူတွေပါ တပါတည်း ခေါ်သွားလေတော့
တိုင်းပြည်အတွက် အများကြီးအားလျှော့သွားပါတယ်။
ကျန်သူတွေနဲ့ ဆက်ပြီးသွားပေမယ့်
နိုင်ငံရေးဝါဒကွဲပြားမှု၊ ကမ္လာ့စနစ်ကြီးရဲ့ အားပြိုင်မှု၊ စစ်အေးတိုက်ပွဲ၊
လူမျိုးရေးပဋိပက္ခ၊ ကိုလိုနီရဲ့ ဆိုးမွေ သွေးထိုးမှုတွေ
နောက်ဆုံး ဒုတိယကမ္လာစစ်လက်ကျန် လက်နက်တွေက အနှံအပြားနဲ့
သွေးကြွနေကြတဲ့ လူတွေကြောင့် နဲ့ မူပေါ်မှာ မကွဲဘဲ
လူနဲ့ ပုဂ္ဂိုလ်ရေးအားပြိုင်မှုတွေကြောင့်
ဒီအခြေအနေမျိုးကို နိုင်ငံကြီးက ရောက်သွားရတာပါ။

ဗိုလ်ချုပ်လို ခေါင်းဆောင်မျိုးကတော့ ရှားပါတယ်။
ကိုယ်တိုင် ဦးဆောင်စည်းရုံးမှုစွမ်းအားရှိသလို
ကိုယ့်အနားမှာလည်း ကိုယ့်နည်းတူ လူတော်တွေနဲ့ ၀ိုင်းရံထားတာပါ။
တစ်ဦးတည်း၊ တစ်ယောက်တည်း ချွန်ပြီး လုပ်ခဲ့တာ ရှားပါတယ်။
တတ်နိုင်သမျှ တိုင်ပင်ဆွေးနွေးပြီးမှ လုပ်ခဲ့ကြတာပါ။
နေရာပေးသင့်သူကို နေရာပေးတယ်။
ဆရာတင်သင့်သူကို ဆရာတင်တယ်။
အရင်က ပြိုင်ဖက်ဖို့ဆိုပြီး ပစ်မထားဘူး။
ဖဆပလ အတွက် အသုံးဝင်မယ်ထင်ရင်
မရရအောင် စည်းရုံးသိမ်းသွင်းပြီး အသုံးချတယ်။

လက်ရှိကာလမှာလည်း အရည်အချင်းရှိသူတွေ ရှိနေကြပါတယ်။
သူတို့ကို တွဲခေါ်တတ်၊ နေရာပေးတတ်၊ အသုံးချတတ်မှ
ဒီလူတွေရဲ့ စွမ်းအားကို ထုတ်ယူရရှိမှာပါ။
တကိုယ်တော်ကျဲနေရင်လည်း
စန်း ရှိနေသမျှကတော့ တင့်တယ်နေဦးမှာပါ။
လူတစ်ယောက်ကို ရေးဖူးပါတယ်။
နေမင်းကြီးထွန်းလင်းနေမှတော့ ကြယ်ကလေးတွေက
ဘယ်လိုအရောင်တောက်နိုင်မှာလဲလို့။
သန်းခြောက်ဆယ်သော လူတွေအကြားမှာ
သူတို့တတွေ ရှိနေကြပါတယ်။
ပင်လယ်ကမ်းခြေမှာ၊ အကြေမှာ၊ မြေလတ်မှာ အညာမှာ၊
တောင်တန်းတွေမှာ၊ ၇ိုးမတွေမှာ ၊ ရေခဲတောင်တွေမှာ
အရည်အချင်း၇ှိနေကြတဲ့သူတွေ ရှိနေကြပါတယ်။
သူတို့တစ်တွေကို
ကြည့်တတ်မှ၊ မြင်တတ်မှ၊ ရှာတတ်မှ၊ အသုံးချတတ်မှ
ဒီလူတွေဟာ မြင်ကွင်းမှာ ထင်ရှားလာမှာပါ။
့သူတို့တတွေနဲ့ လက်တွဲလုပ်နိုင်တဲ့ နေ့ဟာ
ဒီမိုကရေစီအရွေ့ကို ပိုမိုမြန်ဆန်အောင်
တွန်းပို့နိုင်မယ်လို့ မျှော်လင့်ပါတယ်။
ဒီမိုကရေစီခေတ်ကိုတော့ ချက်ချင်းတော့ မရောက်နိုင်ပါ။
ဘာကြောင့်လဲဆိုတော့ ပြင်ရမှာတွေက များလွန်းလို့
အချိန်တစ်ခုတော့ ဖြတ်သန်းရလိမ့်မယ်လို့ ထင်မြင်ပါကြောင်း
မိုးကုတ်ကိုတိုး( ၁၄-၂-၂၀၁၄)

#to be happy#

$$ kotoetoe $$
>>>>>>>>>>>>>>>>>>>>>

“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။
 

No comments:

Post a Comment