For Users



“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။

HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။

HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။
HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။ တိုက်ရိုက် Download Link များလိုချင်သူများ အတွက် HWH News v4.4 http://www28.zippyshare.com/v/56152148/file.html HWH Feel v4.4 http://www28.zippyshare.com/v/32022878/file.html HWH U v3.3 http://www28.zippyshare.com/v/89602710/file.html HWH For Windows XP/7/8 http://www42.zippyshare.com/v/45555730/file.html

Download ဆွဲနည်း

Download ဆွဲနည်း
Download ဆွဲနည်း

Thursday 20 February 2014

ကောလင်းမြို့ပေါ် စက်သုံးဆီဆိုင်ကြောင့် ဒေသခံအချို့ မီးဘေးအန္တရယ် စိုးရိမ်နေရ >>“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”

ပွင့်လင်းရာသီရောက်ရှိလာပြီဖြစ်
၍ ကောလင်းမြို့ပေါ်ရှိ
ကျော်ဇေယျာရပ်ကွက်တွင် ဖွင့်လှစ်ထားသော
စက်သုံးဆီဆိုင်ကြောင့် မီးဘေးစိုးရိမ်နေကြရသဖြင့် ထိုစက်သုံးဆီဆိုင်ကို
မီးဘေးအန္တရယ်ကင်းရှင်း
စေမည့် မြို့ပြင်တစ်နေရာသို့ ရွှေ့ပြောင်းပေးနိုင်ရန်
မြို့ခံများကလိုလားလျက်ရှိကြောင်း သိရသည်။
         အဆိုပါ စက်သုံးဆီဆိုင်သည် လူနေထူသည့်ကျော်ဇေယျာရပ်ကွက်
ကောလင်း-ပင်လည်ဘူးကားဂိတ်
အနီး လျှပ်စစ်သုံးစွဲသည့်လုပ်ငန်းများ လုပ်ကိုင်ကြသည့် အိမ်များနှင့်
ကပ်လျှက်ရှိနေသဖြင့် မီးဘေးအန္တရယ်
စိုးရိမ်ရသည်ဖြစ်ကြောင်း မြို့ပေါ်ဒေသခံတစ်ဦးကပြောသည်။
         "မီးဘေးအန္တရယ်စိုးရိမ်ရတာကတော့ ကျော်ဇောယျာရပ်ကွက်တင်မကပါဘူး
စက်သုံးဆီ ရထားတွဲတွေရောက်တဲ့အခါ ဂါလံ(၁၆၀၀)ပါယာဉ်များနှင့်
မြောက်အင်းရပ်ကွက် သံလမ်းကုန်းကျော်မှာ
 သယ်ယူမှုတွေပြုလုပ်နေတာကြောင့်
အဲ့ဒီနေရာမှာဆန်စက်၊လက်ဖက်ရည်ဆိုင်၊လူနေအိမ်များနှင့်
 အခြားကုန်ပစ္စည်းတွေကို အတင်အချပြုလုပ်တဲ့နေရာဖြစ်နေတော
လူတွေလည်းအသွားအလာများကြတယ် အဲ့ဒါကြောင့်
မီးလောင်မှုအန္တရယ်ကင်းနိုင်မည့်နေရာကို ကူညီဆောင်ရွက်သင့်တယ်" ဟု
 ကျော်ဇေယျာရပ်ကွက်က လုပ်ငန်းရှင်တစ်ဦးကသုံးသပ်ပြောဆိုသည်။
          အဆိုပါ စက်သုံးဆီဆိုင်ဖွင့်လှစ်သည့် ကျော်ဇေယျာရပ်ကွက်သည်
ကောလင်းမြို့တွင် သမိုင်းအကြောင်းအရ စိုးရိမ်ရသော ရပ်ကွက်ဖြစ်သည်။
ထိုရပ်ကွက်တွင် ၁၉၇၀ ခုနစ်က ရှို့မီးကြောင့်
အိမ်ခြေ (၂၁၇)မီးလောင်ကျွမ်း၍ လည်းကောင်း၊၁၉၈၉ခုနစ်တွင်လည်း
ထိုရပ်ကွက်မှဒေါ်မြရီအိမ်မှ
စ၍ မီးလောင်ကျွမ်းရာ မြို့ကုန်းမြို့မရပ်ကွက်၊ ပြင်ဦးလွင်ရပ်ကွက်၊
စက်ရုံလယ်ပြင်ရပ်ကွက်၊စည်ပင်
သာယာဈေးပါ ကူးစက်လောင်ကျွမ်းသွားသည့်ဖြစ်စဉ်များရှိခဲ့ပြီး
အဆိုပါစက်သုံးဆီဆိုင်သည် ၂၀၁၂
ခုနစ်က မီးလန့်မှုဖြစ်ပွားခဲ့သည့်အတွက် မီးဘေးအန္တရယ် ကင်းဝေးစေရန်
မြို့ပြင်တစ်နေရာသို့
ရွှေ့ပြောင်းရောင်းချစေလိုကြောင်း သိရသည်။

                          စိုင်းလူမင်း

                     Sailumin35@gmail.com
>>>>>>>>>>>>>>>>>>>>>

“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။
 

No comments:

Post a Comment