For Users



“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။

HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။

HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။
HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။ တိုက်ရိုက် Download Link များလိုချင်သူများ အတွက် HWH News v4.4 http://www28.zippyshare.com/v/56152148/file.html HWH Feel v4.4 http://www28.zippyshare.com/v/32022878/file.html HWH U v3.3 http://www28.zippyshare.com/v/89602710/file.html HWH For Windows XP/7/8 http://www42.zippyshare.com/v/45555730/file.html

Download ဆွဲနည်း

Download ဆွဲနည်း
Download ဆွဲနည်း

Friday 28 February 2014

ကြည့်မြင် တိုင် စံပြ ငါး ဈေးကြီး ၊နေရာသစ်သို့ ရွှေ့ ပြောင်း သင့် ပြီ။ ။ >>“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”

    ရန်ကုန်၊ကြည့်မြင် တိုင် စံပြ ငါး ဈေးကြီးရဲ့ ပတ်လည်မှာ၊ပျံကျ ဆိုင် (၂၀၀) ကျော် ကဝန်းရံလို့ ၊ ကားပါကင် မှာက ပင်လယ်ငါးကြီး ဟီး လို့ ။ကျုပ်တို့လို နယ်စုံက ငါး ကုန်သည် တွေမှာ၊ ဈေးအတွင်းက အစဉ်အဆက် ဖေါက်သည်ငါးဒိုင် တွေမှာ ဈေးဝယ် ရတာ၊အဝင် ခက်(ကုန်အချ ခက်)၊ အထွက် ခက်(ကုန်အတင် ခက်)၊ အဓိက ဖြစ်တဲ့ ရေခဲကားပါ ခက်ခက် ခဲခဲ ဝင် ရနဲ့ ၊ ရောက်လိုက်ရတဲ့ ဒုက္ခ တွေ-----။
          အဲဒါ ကြောင့်၊အစိုးရ က သီရိမင်္ဂလာ ဈေးသစ်အနီးမှာ "ငါး ဈေးသစ်"အ ဆောက်ဦး ကြီး တစ်ခု ဆောက်ပြီး ၊ ၂၀၁၄ ခုနှစ်၊ဇန္နဝါရီ(၁)ရက် နေ့ ။၊မှာဖွင့် မယ်လို့ ကျေညာသလို ဆိုင် ခန်း တွေလည်း၊ရောင်းလို့ကုန်ပါပြီး။ ကြည့်မြင် တိုင် ဈေးထဲက ကျုပ်တို့ ဖေါက်သည် ငါးဒိုင် တွေလည်း ဝယ်ပြီးကြပြီ။
          အခု  ၂ လ၊ ပြည့် တော့မယ်။ဘယ်မလဲဗျာ  ၊ခုထိ မ ရွှေ့ သေးဘူး။ ကျုပ်တို့က ငါး လောကသားအချင်း ချင်းဆို တော့ သိပ်သိတာ ပေါ့ဗျာ။ ငွေ ကြေး မတရားချမ်းသာတဲ့ စူပါ ငါးလုပ်ငန်းရှင် ကြီး တွေက ၊မ ပြောင်းချင် ကြ သေးဘူး လေ။ သူတို့ ငါး တွေလာချ
တဲ့ မော် တော် တွေ ကပ်ရတဲ့ ဆိပ်ကမ်းနဲ့ လက်ရှိ ဈေးနဲ့က နီး တော့ ဒီ ဈေးက သူတို့အ
တွက်ပိုအဆင် ပြေတယ် လေ။  သိတယ်မဟုတ်လား၊မတရားချမ်းသာတဲ
့သူ တွေဆို တော့ ပိုင်သလားမ မေးနဲ့၊  စည်ပင် ဝန်ထမ်း တွေကလည်း၊ ပျံကျ ဈေးတန်းက ဈေး ကောက်(ဆိုင် ၂၀၀ ကျော် နော်)ရ နေ တော့ ၊ မ ရွှေ့ရ သေး လေ ကောင်း လေ ပေါ့။
ကျုပ်တို့က တော့ ဒုက္ခ ရောက် နေဆဲဘဲ။
          တစ် နေ့ ဥပ ဒေ အ ဝေးသင် တူမ လေးတစ် ယောက်နဲ့ တွေ့ တော့ "ဒါ တရားစွဲ
လို့ ရတယ်၊ ဘာတဲ့ ၊ တစ်ခုခု လုပ် ပေးမယ်လို့ ယုံကြည် အောင် ပြောပြီး၊ ငွေ ကြေးရယူထားပြီး၊ မလုပ် ပေးရင် ပျက်ကွက်ရင်၊ လိမ်လည်မှု ပုဒ်မ ဘယ် လောက်ဆို
လဲ "   အ မ လေး  မလုပ်ရဲပါဘူး။အ ရောင်းအဝယ်က မ ကောင်းရတဲ့ အထဲ။   ကိစ္စ မရှိ
ပါဘူး။ ကျုပ်တို့ လည်းကုန်သည် တွေဘဲ။ ဘယ် အရှုံး ခံမလဲဗျာ။ ပိုကုန်ထားတဲ့ စားရိတ် တွေကို အရင်းထဲ ထည့်တွက်ပြီး စားသုံးသူပြည်သူ တွေကို ဈေးတင် ရောင်း
လိုက်ရုံ ဘဲ။ ကုန် ဈေးနှုံး ကြီးတာ ကျုပ်တို့အပြစ် မဟုတ်ဘူးဆိုတာ ရှင်းတယ် နော်။
          အဲဒီ တော့ ငါး ဈေးအသစ် ရွှေ့မဲ့ ကိစ္စ မြန်မြန် ဖြစ်ဖို့ လိုပါပြီလို့၊ မီး မောင်းထိုး တင် ပြလိုက်ရပါတယ် ဗျာ။
   ***  နယ်စုံက ငါးကုန်သည်များ***         
>>>>>>>>>>>>>>>>>>>>>

“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။

No comments:

Post a Comment