For Users



“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။

HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။

HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။
HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။ တိုက်ရိုက် Download Link များလိုချင်သူများ အတွက် HWH News v4.4 http://www28.zippyshare.com/v/56152148/file.html HWH Feel v4.4 http://www28.zippyshare.com/v/32022878/file.html HWH U v3.3 http://www28.zippyshare.com/v/89602710/file.html HWH For Windows XP/7/8 http://www42.zippyshare.com/v/45555730/file.html

Download ဆွဲနည်း

Download ဆွဲနည်း
Download ဆွဲနည်း

Thursday 20 February 2014

NDF ကချင်ပြည်နယ် စည်းရုံးရေးကော်မတီအသစ် ဒေါ်ဘောက်ဂျာ ဦးဆောင်၍ ပြင်ဆင်ဖွဲ့စည်း NDF သတင်းထုတ်ပြန်ချက်အမှတ်(၉/ ၂၀၁၄) >>“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”

အမျိုးသားဒီမိုကရေစီအင်အားစုပါတီ
သတင်းထုတ်ပြန်ရေးအဖွဲ့
သတင်းထုတ်ပြန်ချက်အမှတ်(၉/ ၂၀၁၄)
ရက်စွဲ။ ၁၉-၂-၂၀၁၄
NDF ကချင်ပြည်နယ် စည်းရုံးရေးကော်မတီအသစ်
ဒေါ်ဘောက်ဂျာ ဦးဆောင်၍ ပြင်ဆင်ဖွဲ့စည်း

         ၁၈-၂-၂၀၁၄ ရက်နေ့တွင် ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ၊ စီတာပူရပ်ရှိ NDF ကချင်ပြည်နယ်ရုံးတွင်  ပြည်နယ်စည်းရုံးရေးကော်မတီ အစည်းအဝေး ကျင်းပပြုလုပ်ခဲ့သည်။ ထိုအစည်းအဝေးသို့ ကချင်ပြည်နယ် အတွင်းရှိ မြို့နယ်များမှ ကိုယ်စားလှယ်များနှင့် ပြည်နယ်စည်းရုံးရေး ကော်မတီများတက်ရောက်ခဲ့ကြသည်။ အဖွဲ့ဝင်၉ဦးပါဝင်သော ကချင်ပြည်နယ်စည်းရုံးရေး ကော်မတီနှင့် ဖားကန့်၊ မြစ်ကြီးနား၊တနိုင်း၊ ၀ိုင်းမော်၊ မိုးညှင်း၊မိုးကောင်း၊ ဗန်းမော်မြို့နယ်များမှ ပါတီဝင်များဖြင့်  အဖွဲ့ဝင် ၂၁ ဦးပါဝင်သော ကချင်ပြည်နယ် စည်းရုံးရေးလုပ်ငန်းကော်မတီကို  ဖွဲ့စည်းခဲ့သည်။
         အစည်းအဝေးဆုံးဖြတ်ချက်များအဖြစ် မြစ်ကြီးနားမြို့တွင်ပြည်နယ်ရုံးအပြင်၊  မြစ်ကြီးနားမြှို့နယ်ရုံး ဖွင့်လှစ်ရန်၊ ဖားကန့်မြို့နယ်ရုံးကို မြို့လည် ပိုင်းသို့ ပြောင်းရွေ့ရန်၊ မိုးညှင်းမြို့နယ်၊ ဗန်းမော်မြို့နယ်နှင့် ၀ိုင်းမော်မြို့နယ်များတွင် မြို့နယ်ရုံးများ ဖွင့်လှစ်နိုင် ရန်အတွက် ဆက်လက်ဆောင်ရွက်ကြရန်တို့ ဖြစ်သည်။ ထို့နောက်  တနိုင်းမြို့နယ်တွင် သင်းချိုင်မြေ အသိမ်းဆည်းခံထားရမှုကို သက်ဆိုင်ရာအာဏာပိုင်များနှင့် ညှိနှိုင်းဆွေးနွေးနေပြီး ဧကအချို့ပြန်လည်ရရှိမှုနှင့် ဆက်လက်ဆာင်ရွက်နေမှုများကို  တင်ပြဆွေးနွေးခဲ့ကြသည်။
         NDF ကချင်ပြည်နယ်စည်းရုံးရေးကော်မတီတွင် နာယကအဖြစ် ဦးဂေါင်လီ(မြစ်ကြီးနား)၊ ဥက္ကဌ အဖြစ် ဒေါ်ဘောက်ဂျာ၊ ဒုဥက္ကဌ အဖြစ်၊ ဦးသန်းဦး(ဖားကန့်)၊ အတွင်းရေးမှူး(၁) ဦးမြတ်မိုးမြင့်(မိုးကောင်း)၊ အတွင်းရေးမှူး(၂) ဦးဇော်ဂျက်( မိုးကောင်း)၊ အတွင်းရေးမှူး(၃) ဦးရဲဝင်း(တနိုင်းမြို့နယ်)နှင့် ဘဏ္ဍာရေးမှူး ဒေါ်ထွယ်နန်းတို့ ပါဝင်ဖွဲ့စည်းခဲ့သည်။
         ကချင်ပြည်နယ်စည်းရုံးရေးကော်မတီသစ်အနေဖြင့် ကချင်ပြည်နယ်အတွင်း ပူတာအိုဒေသအပါအ၀င် မြို့နယ်(၁၈)မြို့နယ်လုံးတွင် အမျိုးသားဒီမိုကရေစီအင်အားစုပါတီ NDF မြို့နယ်ရုံးများ ဖွင့်လှစ်သွားရန် ကြိုးပမ်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။   
>>>>>>>>>>>>>>>>>>>>>

“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။

No comments:

Post a Comment