ဖက္ဒရယ္ဒီမုိကေရစီမဟာမိတ္ပါတီမ် ား၏
(၆၇)ကြိမ်မြောက် ပြည်ထောင်စုနေ့ ကြေညာချက်
ရက်စွဲ။ ၂၀၁၄ ခုနှစ်၊ ဖေဖော်ဝါရီလ(၁၂)ရက်
ပြည်ထောင်စုမြန်မာနိုင်ငံ
နိုင်ငံသူ၊ နိုင်ငံသားအပေါင်းတို့။
ယနေ့သည် ပြည်ထောင်စုတိုင်းရင်းသားအားလုံး၏
အမျှော်အမြင်ကြီးမား၊ ပေါင်းစုညီညွတ် မြင့်မြတ် သော စိတ်ထားဖြင့် (ပင်လုံညီလာခံ)၌ ပင်လုံစာချုပ်
ချုပ်ဆိုအောင်မြင်ခဲ့သည့် (၆၇)နှစ်မြောက် နေ့ထူးနေ့ မြတ်ကြီး ဖြစ်ပေသည်။
ယနေ့ကျရောက်သော
(၆၇)နှစ်မြောက် ပြည်ထောင်စုနေ့ကို အလေးအမြတ်ထား ဂုဏ်ပြုသောအားဖြင့် ကျွန်ုပ်တို့ “ ဖက်ဒရယ်ဒီမိုကရေစီမဟာမိတ် ” ပါတီများက
စုပေါင်းအထိမ်းအမှတ်ပြုကျင်းပကာ ပြည်ထောင်စု သား အားလုံးတို့အား ၀မ်းမြောက်ရွှင်လန်း
နှုတ်ခွန်းဆက်သအပ်ပါသည်။
ပြည်ထောင်စုသားအားလုံးနှင့်
ဖက်ဆစ်ဆန့်ကျင်ရေးပြည်သူ့လွတ် လပ်ရေးအဖွဲ့ချုပ်(ဖဆပလ)၏ ဦးဆောင်မှုဖြင့် မြန်မာ့လွတ်လပ်ရေးအရေးတော်ပုံ
အောင်ပွဲဆင်ခါနီးချိန်( ၁၉၄၇)ခုနှစ် နှစ်ဦးပိုင်းတွင် ထိုအရေး တော်ပုံကြီး အပြီးသတ်အောင်ပွဲဆင်နိုင်ရေးအတွ က်
ကြီးမားသည့်စွမ်းအားလည်းဖြစ်လျှ က် ပေါ်ပေါက်ဖြစ်ထွန်း လာတော့မည့် လွတ်လပ်သောသမ္မတနိုင်ငံကို
ပြည်ထောင်စုအဖြစ် ဖွဲ့စည်းရန်လည်း ပဋိညာဉ်ပြုလိုက်သည့် “ ပင်လုံညီလာခံသဘောတူစာချုပ် ” ကို လွန်ခဲ့သော နှစ်ပေါင်း (၆၇)နှစ်၊ ( ၁၂-၂-၁၉၄၇)
ရက်နေ့တွင် ရှမ်းပြည် နယ် ပင်လုံမြို့ကလေးတွင် ဗမာအပါအ၀င် တိုင်းရင်းသားလူမျိုးစုခေါင်းေ ဆာင်များက
ပါဝင်လက်မှတ်ရေးထိုး အောင်မြင်စွာချုပ်ဆိုနိုင်ခဲ့ပါ သည်။
ဆိုခဲ့ပါ “ ပင်လုံစာချုပ် ” ၏ ကြီးမားသောတွန်းအားဖြင့် ၁၉၄၈ခုနှစ် ဇန်န၀ါရီလ(၄)ရက်နေ့တွင်
လုံးဝ လွတ်လပ် အချုပ်အခြာအာဏာပိုင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံေ တ်ာကြီး
ပေါ်ထွန်းလာခဲ့ပေသည်။ မည်သို့ဆိုစေ လွတ်လပ်ရေးအကြိုကာလကပင် မြန်မာ့နိုင်ငံရေးအင်အားစုများ အတွင်း
ဖြစ်ပေါ်တည်ရှိလာခဲ့သော အယူဝါဒ ကွဲပြားခြားနားမှုကြောင့်ဖြစ်စေ၊ ပြည်ထောင်စုဝင်လူမျိုးများအကြား
ကွဲပြားခြားနားသည့်အမြင် သဘောထားများကြောင့်ဖြစ်စေ၊ အငြင်းပွားမှုများရှိခဲ့ရာမှ လက်နက်စွဲကိုင်တိုက်ခိုက်ခဲ့ ကြရသည်အထိ
ပဋိပက္ခ များ ပြင်းထန်လာခဲ့သည်မှာ လွတ်လပ်ရေးသက်တမ်းနှင့်အမျှ အနှစ်(၆၀)ကျော် ကြာမြင့်ခဲ့ပေပြီ။
ကျွန်ုပ်တို့က ဤလက်နက်ကိုင်ပဋိပက္ခကို “ ပြည်ထောင်စုကြေကွဲဖွယ်ကြီး
” အဖြစ်၊ ခါးသီးနာကြည်းစရာ သမိုင်းသင်ခန်းစာ
အဖြစ် ရယူအပ်ကြောင်း ရှု့မြင်သုံးသပ်ပါသည်။
မြန်မာ့သမိုင်းကြောင်းကို
ပြန်ပြောင်းသုံးသပ်ကြည့်လျှင် ယခုလက်ရှိနယ်နမိတ်များကို ကျော်လွန်၍၊ အင်ပါယာ တည်ဆောက်နိုင်ခဲ့သော်လည်း သက်ဦးဆံပိုင်ပဒေသရာဇ်
အာဏာဖြန့်ကျက်မှုသာ ဖြစ်ခဲ့ပုံ၊ တဖန် ဗြိတိသျှ ကိုလိုနီလက်အောက်၌ တောင်တန်းဒေသတို့တွင် ပဒေသရာဇ်အုပ်စိုးမှု၊ မြေပြန့်ဒေသတွင်
ကိုလိုနီ အုပ်စိုးမှုတို့ ထွန်းကားလျှက် တိုင်းရင်းသားတို့ချင်း ညီညွတ်မှု ပြိုကွဲနေပုံ၊
ထိုမှ အချုပ်အခြာအာဏာပြန်လည် ရရှိလာချိန်တွင် ပြည်ထောင်စုနိုင်ငံထူထောင်နိုင် ခဲ့ကြသော်လည်း
ပြည်ထောင်စုဝင်တိုင်းရင်းသားအားလုံး ကျေနပ်လက်ခံနိုင်မည့် တန်းတူညီမျှရေးနှင့် စစ်မှန်သောဖက်ဒရယ်ပြည်ထောင်စု
မတည်ဆောက်နိုင်ခဲ့၍ တစတစအငြင်းပွားလာရာမှ လက်နက်ကိုင်ပဋိပက္ခအထိ ဖြစ်ပွားခဲ့သည့် ပြည်တွင်းစစ်မီးလျှံသည်
ယခုထိပင် မငြိမ်းနိုင်၊ မသတ်နိုင်၊ တောက်လောင်ဆဲဖြစ်ပုံ၊ တို့ကို နာကြည်းနောင်ကျဉ်ဖွယ်ရာ သင်ခန်းစာအဖြစ်
ထုတ်ယူ ရရှိပါသည်။
ထိုခါးသီးလှသည့် သမိုင်းသင်ခန်းစာများအရ၊
လက်နက်ကိုင်ပဋိပက္ခများ ချုပ်ငြိမ်းပြီး၊ ရေရှည်တည်တံ့ ကျယ်ပြန့်ခိုင်မာသည့် ပြည်တွင်းငြိမ်းချမ်းရေး
ပြန်လည်တည်ဆောက်နိုင်မှသာ ၀ပြောသာယာသည့် ဖက်ဒရယ်ဒီ မိုကရေစီ ပြည်ထောင်စုသမ္မတနိုင်ငံတော်ကို
တည်ဆောက်နိုင်ပေလိမ့်မည်။ ထိုသို့ တည်ဆောက်နိုင်ရန်မှာ လူမျိုးကြီးစရိုက်လက္ခဏာရော၊
ကျဉ်းမြောင်းသည့်လူမျိုးစွဲစိတ် ဓာတ်ပါ ကင်းရှင်းသည့် ထာဝရပူးပေါင်း ဖွဲ့စည်း အပ်သော
စစ်မှန်သည့်ပြည်ထောင်စုအပေါ် အခြေခံရလိမ့်မည်ဟု
ကျွန်ုပ်တို့ အလေးအနက် ခံယူယုံကြည် ပေသည်။
ထိုသို့ယုံကြည်သည့်အတိုင်း
ကျွန်ုပ်တို့သည် “ ဖက်ဒရယ်ဒီမိုကရေစီမဟာမိတ် ”
ကို ပေါင်းစုဖွဲ့စည်း ခဲ့ကြခြင်း ဖြစ်ကြောင်း၊ ထိုယုံကြည်ချက်ကို ကျွန်ုပ်တို့ပါတီများ
စုပေါင်းအားဖြင့် မဆုတ်မနစ်အကောင် အထည် ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ယနေ့ကျရောက်သည့်
(၆၇)နှစ်မြောက် ပြည်ထောင်စုနေ့ နေ့ထူး နေ့မြတ်ကြီး၌ လေးနက်တည်ကြည်စွာ ထုတ်ဖော်အသိပေးရင်း----
၁။ သမ္မတဦးသိန်းစိန်အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်
ပါတီအဖွဲ့အစည်းများအကြား၊ မကြာမီ သဘောတူလက်မှတ်ရေးထိုးဖွယ်ရှိသည့်  “ တစ်ပြည်လုံးအပစ်အခတ်ရပ်စဲရေး သဘောတူ စာချုပ်
” ကို လှိုက်လှိုက်လှဲလှဲ ကြိုဆိုပါကြောင်း၊
၂။ ဆိုခဲ့ပါစာချုပ်မှသည် “ ငြိမ်းချမ်းရေးဆွေးနွေးမှု မူဘောင်များချမှတ်ရေး” အလယ်၊ “
အားလုံး ပါဝင်သည့် ပြည်တွင်းငြိမ်းချမ်းရေး၊ နိုင်ငံရေးဆွေးနွေးညှိနှိုင်းအြေ ဖရှာပွဲ
” ကျင်းပလျှက် ထို နိုင်ငံရေးသဘောတူညှိနှိုင်းပွဲ ကြီးတွင် “ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေး၊ ပြည် ထောင်စုလုံးဆိုင်ရာသဘောတူညီချက် ပဋိညာဉ်
” တစ်ရပ် ရေးဆွဲချမှတ်သွားနိုင်သည်အထိ ပြည်တွင်း လက်နက်ကိုင်ပဋိပက္ခများတွင် တိုက်ရိုက်၊
သွယ်ဝိုက်ပါဝင်ပတ်သက်လျှက်ရှိ သည့် နိုင်ငံရေးပါတီများ၊
အဖွဲ့အစည်းများ၊ တပ်မတော်များ၊ ဆိုင်ရာ အရပ်ဖက်အဖွဲ့အစည်းများ ပါဝင်တက်ရောက်စေပြီး အပြန်အလှန် စိတ်ရှည်၊ ဇွဲရှိ ၊ သည်းခံ၊ ဝေဖန်ပိုင်းခြားစိတ်ဖြင့်
ဝိုင်းဝန်း လုံ့လ ဥဿဟပြု ဆောင်ကြဉ်းသွားကြစေလိုကြောင်း ဆန္ဒပြုအပ်ပါသည်။
ဖ က်ဒရယ်ဒီမိုကရေစီမဟာမိတ်ပါတီများ
No comments:
Post a Comment